သာသနာသက္ကရာဇ် ၁၇၀၀-ခန့် ရာစုအားဖြင့် ၁၇-ရာစုတွင် လင်္ကာဒီပ(သီဟိုဠ်)တွင် ပရက္ကမဗာဟု မင်းကြီးသည် တမီလ် ကျေးကုလားတွေကို တိုက်ခိုက်အောင်နိုင်ကာ မဟာယာနအနွယ် အဘယဂိရိဂိုဏ်းသားရဟန်းများကို လူထွက် စေ၏ လင်္ကာဒီပရှိ သံဃာ အားလုံးကို ထေရ၀ါဒ မဟာဝိဟာရဂိုဏ်း တခုတည်းဖြစ်အောင် ညီညွတ်အောင် ဆောင်ရွက် နိုင်ခဲ့၏။
ပုဂံပြည် အလောင်း စည်သူ မင်းလက်ထက်တွင် လင်္ကာဒီပမှ ပြန်ကြွလာသော မြန်မာပြည်သား ရဟန်းတော် အရှင် ဆပ္ပဒ မထေရ်က ဂိုဏ်းသီးခြားထောင်သဖြင့် ပုဂံပြည်တွင် ရှင်အရဟံဂိုဏ်းကို ပုရိမသံဃာဆို၍ ရှင်ဆပ္ပဒဂိုဏ်းကို ပစ္ဆိမ သံဃာ ဆိုကြ၏ ပုဂံနှင့် လင်္ကာဒီပ(သီဟိုဠ်) အပြန်အလှန် သာသနာရေး ဆက်သွယ်မှုပြုကြ၏။
အိန္ဒိယအနောက်ပိုင်းနှင့် အလယ်ပိုင်း မဂဓတိုင်းတို့ကို တူရကီအနွယ်တို့က သိမ်းပိုက်၏ နာလန္ဒတက္ကသိုလ် ၀ိက္ကမ သီလာတက္ကသိုလ် ဇဂဒ္ဒလ တက္ကသိုလ် စသည်ဖြင့် ဗုဒ္ဓဘာသာ တက္ကသိုလ်ကျောင်းတော်ကြီးများ အဖျက်စီးခံရ၏ အိန္ဒိ ယ ပြည်တွင် ရဟန်းတော်များ ထောင်သောင်းချီကာ အစုလိုက် အပြုံလိုက် အသတ်ခံကြရ၏။
သာသနာသက္ကရာဇ် ၁၈၀၀-ခန့် ရာစုအားဖြင့် ၁၈-ရာစုတွင် ဘင်္ဂလားပြည်(၀င်္ဂတိုင်း) ပါလမင်းများသည် တိုင်းပြည် လုံခြုံရေးအတွက် ကိုးကွယ်အားထားသော သြဒန္တပူရိ တက္ကသိုလ် ကျောင်းကြီးအတွင်းရှိ ၀ိဇ္ဇာဘုန်းကြီးများကို မဟာမေ ဒင် မြင်းစီးတပ်သား နှစ်ရာက သတ်ဖြတ် မီးရှို့ဖျက်ဆီး၍ ဘင်္ဂလားတပြည်လုံးသိမ်းပိုက်ခဲ့၏ ၀ိဇ္ဇာဘုန်းကြီးများ၏ နတ်ရုပ် များ မန္တန်များ အင်း အိုင် ခါးလှည့်များသည် တစုံတရာ အကာအကွယ် မပေးနိုင်သဖြင့် ၀ိဇ္ဇာဘုန်းကြီးမျာ၏ လိမ်ညာဝါ ကြွားမှု ပေါ်သွား၏ ဗုဒ္ဓ သာသနာလည်း အိန္ဒိယမှ လုံးဝကွယ်ပြောက်သွား၏ (ဗေဒင်ယတြာတွေ ယုံကြည်သော မြန်မာ ပြည် သတိထားစရာပါ)။
ဂျပန်ပြည်တွင် အမိတာဘုရားကိုးကွယ်သော ဂျိုဒိုဂိုဏ်းဝင် ဂျပန်မင်းမျိုးမင်းနွယ်မှ ရဟန်းပြုလာသော ရှိုနင်သည် အိမ်ထောင်ပြုသော ဘုန်းကြီးဂိုဏ်းကို စတင်တည်ထောင်၏ ထိုဂိုဏ်းကို ရှင်ဂိုဏ်းဟုခေါ်၏ ထိုရှင်ဂိုဏ်းကို အတုယူကာ
အခြား ဗုဒ္ဓဘာသာ ဂိုဏ်းများလည်း အိမ်ထောင်ပြုကြ၏ ထိုခေတ် ဂျပန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ အနေအထိုင် အကျင့်သီလသည် လူဝတ်ကြောင်တွေနှင့် ဘာမှ ထူးခြားမှုမရှိပါ ဘုရားတရားအပေါ် ကြည်ညို၍ ဘာသာရေးစာပေကို
တတ်ကြွမ်းသူကို အိုဘိုးစံ(ဘုန်းကြီး)ဟုခေါ်ဆို၍ ဘာသာရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြ၏။
ထိုင်းနိုင်ငံသည် စစ်အင်အားကောင်းလာ၍ ကမ္ဘောဒီးယား သြဇာရိပ်မှလွတ်ကင်းခဲ့၏ ထေရ၀ါဒသာသနာကို ချီးမြင့် ထောက်ပန့်မည့် မင်းကောင်း မင်းမြတ်များ ပေါ်လာကာ ထိုင်းလင်း ထေရ၀ါဒသာသနာ ဖွံ့ဖြိုးတိုးတက်လာ၏ လင်္ကာဒီပ (သီဟိုဠ်)နှင့် သာသနာရေးဆက်သွယ်ကာ သာသနာထွန်းကားအောင်ဆောင်ရွက်နိုင်ခဲ့၏
သာသနာသက္ကရာဇ် ၁၉၀၀-ခန့် ရာစုအားဖြင့် ၁၉-ရာစုတွင် မြန်မာနိုင်ငံ ပင်းယနေပြည်တော်တွင် ဂါမ၀ါသီရဟန်း အရည၀ါသီရဟန်း အရည်ကြီး အနွယ်ဝင်ရဟန်းများ အင်တူအားတူ ရှိနေခဲ့၏ တရုပ်ပြည်မှ ကူဗလိုင်ခန်ဘုရင်ကြီးသည် မဟာယာန ဗုဒ္ဓဘာသာနှင့် တိဗက်လားမားဗုဒ္ဓဘာသာကို ချီးမြှောက် ထောက်ပန့်ခဲ့၏ တရုတ်ပြည်တွင် ခရစ်ယန် သာ သနာပါ ပြုခွင့်ပေးခဲ့၏။
တိဗက် နိုင်ငံတွင်မူ ဘုန်းကြီးဘုရင်စနစ်ကို တီထွင်ပေးခဲ့ရာ ယ္ခုတိုင် ဒလိုင်းလာမားသည် တိဗက်နိုင်ငံအပေါ် တန်ခိုး ထွားလျှက်ရှိ၏ ရှေးခေတ်တုံးက ဘုန်းကြီးအုပ်ချုပ်သောနိုင်ငံသည် တိဗက်နိုင်ငံတခုသာ ရှိမည်ထင်၏ တိဗက်ဘာသာ ရေးနှင့် နိုင်ငံရေးသည် အ၀လောကိတေသရ ဘုရားလောင်းသည် လူဝင်စားဖြစ်လာ၍ ရဟန်းမင်းအဖြစ်အုပ်ချုပ်ရသော စနစ်ဖြစ်၏ သာသနာပိုင် ရဟန်းမင်းကြီးဆုံးလျှင် အသစ်တဖန် ပြန်လည်ဝင်စား၍ ဆက်လက်အုပ်ချုပ်ရသောစနစ်ဖြစ်၏။
ကူဗလိုင်ခန်ဘုရင်ကြီးသည် ရှေးဘိုးလောင်းတော် ဘေးလောင်းတော်များနည်းတူ စစ်တိုက်ခိုက်မှု နိုင်ငံသိမ်းမှုများကို လိုလားတောင်းတခဲ့၏ ထို့ကြောင့် တိဗက်နိုင်ငံ တာကီစတန်နိုင်ငံ မြန်မာနိုင်ငံ ကိုချင်ချိုင်းနားနိုင်ငံ ဂျာဗားကျွန်းများသို့ စစ်ချီတိုက်ခိုက်ခဲ့ရာ အောင်မြင်ခဲ့သည်သာများ၏ ဂျပန်ကျွန်းကိုမူ ရေတပ်ယဉ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း
Type your summary here.Type the rest of your post here.
No comments:
Post a Comment