အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, June 26, 2011

အင်ဒိုနီးရှားခရီးစဉ် (၃၅)


မြတ်ဗုဒ္ဓ သာသနာတော်ကြီး အရှည်တည်တန့်အောင် ရည်မှန်းလျှက် ဖြူစင်သန့်ရှင်းသောသလင်းကျောက်ပြင်ဝယ် ပိဋက အက္ခရာတော်တင်လျှက် အုဌ်ပြသာဒ်အတွင်း သွတ်သွင်းကာ ထားတော်မူပြီးမှ တံဆိပ်တော်ရ သုဓမ္မာဆရာတော်ကြီး ရှစ်ပါးကို အမှုးထား၍ ၂၄၀၀-ကုန်သော သီလ၀န် ဂုဏ၀န် ကလျှာဏပုထုဇဉ် သံဃာတော်အရှင်မြတ်တို့နှင့်တကွ ပဉ္စမ သင်္ဂါယနာ တင်တော်မူခဲ့၏။
မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက်ကြရောက်၍ ဂိုဏ်းကွဲများပေါ်ထွန်းခဲ့၏ ။ ဂျပန်ပြည်တွင် မေဂျီဘုရင်ခေတ်၌ ဘာသာတရားအားလုံးကို တန်းတူညီမျှ လွတ်လပ်ခွင့်ပြုလိုက်ရာ ဗုဒ္ဓဘာသာ အားနည်း၍ ရှင်တိုဘာသာ အားကောင်း လာ၏ တရုတ်ပြည်တွင် ဒေါက်တာဆွန်ယက်ဆင် ဦးဆောင်၍ သမ္မတနိုင်ငံ ထူထောင်ပြီးသောအခါ ဘုန်းကြီးကျောင်း များကို ပြည်သူပိုင်သိမ်း၍ စာသင်ကျောင်းများပြုလုပ်ရာ ပြည်သူတို့ မကျေနပ်သဖြင့် အလျှော့ပေးခဲ့ရ၏။
ဆဋ္ဌမသင်္ဂါယနာ
မြန်မာပြည် ရန်ကုန်မြို့ သိရိမင်္ဂလာ ကမ္ဘာဧစေတီအနီး ဆဋ္ဌသံဂီတိ မဟာပါသာန ဂုဟာခေါ် လိုဏ်ဂူတော်ကြီးအတွင်း
မြန်မာနိုင်ငံတော် အစိုးရ၏ ပစ္စယနုဂ္ဂဟဖြင့် သာသနာတော် သက္ကရာဇ် ၂၄၉၈၊ မြန်မာသက္ကရာဇ် ၁၃၁၆၊ ကဆုန်လပြည့် ခရာဇ်သက္ကရာဇ် ၁၉၅၄၊ မေလ ၁၇-ရက်မှစ၍ မြန်မာ သီဟို ထိုင်း ကမ္ဘောဒီးယား လာအို ထေရ၀ါဒ ငါးနိုင်ငံတို့နှင့် ၂-နှစ် တိုင်တိုင် ကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးတွင် မြန်မာပြည်မှ စာပေဂျမ်းဂန်တတ် သံဃာတော် ၂၄၇၃-ပါး ကမ္ဘာ အရပ်ရပ်မှ ကြွလာတော်မူသော သံဃရာဇာစသည့် ပိဋကကျမ်းဂန်တတ် သံဃာတော် ၁၄၄-ပါးဖြစ်၏။
သံဃာတော်ပေါင်း ၂၆၁၇-ပါးတို့သည် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တဆိပ်တော်ရ မန္တလေးမြို့ ညောင်ရမ်းဆရာတော် ဘုရားကြီးအား သံဃာထေရ် မဟာနာယက အရာထားတော်မူ၍ ၁၃၁၈-ခုနှစ် ကဆုန်လပြည့်နေ့တိုင်အောင် ၂-နှစ်ပတ် လုံး နိကာယ်ငါးရပ် ပိဋကသုံးပုံ ပါဠိတော်များကို သင်္ဂါယနာတင်တော်မူခဲ့ကြ၏ ပါဠိတော် သင်္ဂါယနာတင်ပြီး အဋ္ဌကထာ ဋီကာ များကိုလည်း ၁၃၂၃-ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်နေ့ထိတိုင်အောင် အဘိဓဇ မဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဦးသူရိယ အမှုးရှိသော သံဃာတော်အရှင်မြတ်တို့သည် သင်္ဂါယနာတင်တော်မူကြ၏။
သင်္ဂါယနာသမိုင်းကို ပြန်လေ့လာကြည့်လျှင် ထေရ၀ါဒသင်္ဂါယနာ မယာယာနသင်္ဂါယနာ ဆိုပြီးတွေ့ရမှာဖြစ်၏ (၁) ရာဇဂြိုလ် ပထမသင်္ဂါယနာနှင့်(၂)ဝေသာလီ ဒုတိယသင်္ဂါယနာကို ထေရ၀ါဒနှင့် တခြားဂိုဏ်းတွေ အားလုံး လက်ခံတာ တွေ့ရ၏ (၃)ပါတဠိပုတ် (၄)လင်္ကာဒီပ (၅) ကန်နစ်သျှ (၆) မန္တလေး (၇)ရန်ကုန် ဤသင်္ဂါယနာငါးပွဲတွင် (၅) ကန်နစ်သျှ သင်္ဂါယနာပွဲကို တခြားဂိုဏ်းက လက်ခံပြီး ထေရ၀ါဒက လက်မခံပါ ကျန်လေးပွဲကို ထေရ၀ါဒကလက်ခံပြီး တခြားဂိုဏ်း တွေက လက်မခံတာတွေ့ရ၏။
ထို့အပြင် မဟာယာနဂိုဏ်းကလဲ ပထမစင်ပြိုင် သင်္ဂါယနာကို ရာဇဂြိုလ်ပြည် ဒုတိယစင်ပြိုင်သင်္ဂါယနာကို နာလန္ဒမြို့ တတိယစင်ပြိုင်သင်္ဂါယနာကို ကသ္မီရဂန္ဓရ အသီးသီးသင်္ဂါယနာတင်ခဲ့ကြ၏ ထိုင်းနိုင်ငံသည် သင်္ဂါယနာ နှစ်ပွဲတင်ခဲ့သေး ၏ သူ့နိုင်ငံတခုတည်းသာ ထေရ၀ါဒ သင်္ဂါယနာတင်ခဲ့ပုံရ၏။
ဆဋ္ဌသင်္ဂါယနာခေတ်နောက်ပိုင်း ယ္ခု မျက်မှောက်ခေတ်သည် သာသနာသက် ၂၅၅၄-ခုနှစ်သို့ ဆိုက်ရောက်လာလေ ပြီ မျက်မှောက်ခေတ် သာသနာတွင် ဗုဒ္ဓဘာသာဟူသော ခေါင်းစီးအောက်တွင် ထေရ၀ါဒ မဟာယာန ၀ဇိရာယာန ဟု ဂိုဏ်းကြီး ၃-ဂိုဏ်းကို ထင်ရှားစွာတွေ့မြင်ရ၏ ထိုဂိုဏ်းကြီးတွေအောက်တွင် ဂိုဏ်းငယ်လေးတွေ များစွာရှိ၏ သို့သော် ထို ဂိုဏ်းငယ်လေးတွေသည် ဂိုဏ်း ကြီး ၃-ဂိုဏ်းအောက်မှာသာ လှုပ်ရှားဆောင်ရွက်နေတာက များပါ၏။
ထေရ၀ါဒဂိုဏ်း
ဤဂိုဏ်းသည် မြန်မာပြည်တွင် လက်ရှိထင်ရှားရှိသော အားအကောင်းဆုံးသော ဂိုဏ်းဖြစ်၏ ထေရ၀ါဒ ဟူသည် အရှင်မဟာကဿပ အရှင်မဟာယဿအစရှိသော သင်္ဂါယနာတင် မထေရ်မြတ်တို့ သတ်မှတ်ပြဋ္ဌာန်းထားသော မြတ်စွာ
ဘုရား၏ မူရင်းဟောပြောဆုံးမချက်များအတိုင်း လိုက်နာဆောင်ရွက်သော ဂိုဏ်းဖြစ်၏။
မြန်မာရာဇ၀င်ပြန်လှန်မယ်ဆိုလျှင် ဗုဒ္ဓသာသနာသည် တကောင်းခေတ် ပျူ ခေတ်ထဲက မြန်မပြည်ကို ရောက်နေ၏

Type your summary here.Type the rest of your post here.

No comments: