အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, June 28, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၇)


(ပအူ) (သို့မဟုတ်) (ပဦ) မှာ မြန်မာလို ဦးစွာပေါ်ပေါက်သော ဦးစွာ ပေါက်ဖွားသော လူမျိုး၊ ပေါ်ဦးလူမျိုးဟု အဓိပ္ပါယ် ရလေ၏။
ပအိုဝ်း ဟူသော ဝေါဟာရနှင့် ပအူ ပဦ၊ ပျူ ဟူသော ဝေါဟာရတို့သည် စကားအရွေ့ အလျော နည်းပါးစွာဖြင့် အဓိပ္ပါယ်တူမျှစွာ ဖြစ်သော အသုံးအနှုန်း၊ အခေါ်အဝေါ်သာ ဖြစ်ပေသည်။ မြန်မာ့သမိုင်းဦး ခေတ်တွင် ကြီးကျယ်ထင်ရှား ခဲ့သော ပျူလူမျိုးများသည် တိမ်မြှုပ်၊ ပျောက်ကွယ်သွားသည် ဆိုသောအဆိုမှာ မှားယွင်းနေပါသည်။ မြန်မာအဖြစ်လည်း ကောင်း၊ ပအိုဝ်း အဖြစ်လည်းကောင်း ဆက်လက်ရှင်သန် လာခဲ့ခြင်းသာ ဖြစ်လေ၏။
မြန်မာ စကားဝေါဟာရ အသုံးအနှုန်းများစွာတွင် (ပျူ) ပအိုဝ်းတို့၏ ဝေါဟာရ စကားလုံးတို့ကို ခွဲထုတ်၍ ပြသနိုင် ကြောင်း လေ့လာနိုင်ပါသည်။ ယောင်္ကျားဟူသော စကားကို (အမျိုးသား)၊ မိန်းမဟူသော စကားကို (အမျီုးသမီး)၊ အဖိုး /ဖိုးဖိုး၊ အဖွား/ဖွားဖွား၊ ဘခင်/ဖခင်(ဖေဖေ)၊ မိခင်/မေမေ၊ သား၊ သမီး စသည်တို့သည် ပျူစကားဖြစ်သည်။ ထိုသို့သော ဝေါဟာရ တစ်လုံးချင်းစီ၏ အဓိပ္ပါယ်ကို ယနေ့မြန်မာစကား အသုံးအနှုန်းအဖြစ် တိုက်ရိုက်အဓိပ္ပါယ် ပြန်၍မရနိုင်ပေ။
ထို့အတူ မြန်မာနှင့် ဝေါဟာရတွဲရသော အသုံးအနှုန်းများကိုလည်း လေ့လာနိုင်ပေသည်။ ဥပမာ- အဖျားအနာ၊ အနာ အဆာ၊ အပိုအလို၊ စသော စကားရပ်များတွင် မြန်မာ(အဖျား)ကို ပျူလို(အနာ)၊ မြန်မာလို(အနာ)၊ ပျူလို(အဆာ)၊ မြန်မာ လို (အပို)၊ ပျူလို(အလို) စသည့်ဖြင့် စကားလုံးများ အဓိပ္ပါယ်တူရာ တွဲစပ်သုံးနှုန်းလာခဲ့ရာမှ နောင်တွင် ပျူစကားဟူ၍ သီးခြားအမှတ်မထား မခွဲခြားနိုင်တော့ပဲ မြန်မာစကားလုံးများ အဖြစ် လက်ခံနားလည် နိုင်ကြတော့၏။
ရှေးမြန်မာလူမျိုးများ ဖြစ်သည့် (သကျ၊ သာကီဝင်) သူသော လူမျိုးအသုံးအနှုန်းသည် ရှေးမြန်မာစကား ဖြစ်သည့် ပျူစကားလုံး ဝေါဟာရများပင် ဖြစ်ပါ၏ သကျ- စိတ်ဓါတ်ရဲရင့်သူ သာကီဝင်- သူတကာထက် မြင့်မြတ်သောဟု အနက်ရ ၏ တကောင်း၊ ဟန်လင်း၊ ပင်းယ၊ ပင်လယ်၊ ပုဂံ၊ ပိဿနိုး၊ သရေခေတ္တရာ (သိသိတ်) မှော်ဇာ၊ သုဝဏ္ဏဘူမိ သထုံ အစရှိ သော ရှေးဟောင်း ပျူမြို့ကြီးများ၏ အခေါ်အဝေါ်များသည် ပျူဘာသာစကား အသုံးဝေါဟာရများနှင့် ပါဠိသက် စကား လုံးများ ဖြစ်ကြလေ၏။
(ပါဠိ) ဆိုသော ဝေါဟာရသည်ပင် သာကီနွယ်ဝင် ရှေးမြန်မာပျူ လူမျိုးများ၏ အသုံးအနှုန်း ဝေါဟာရပင် ဖြစ်၏ (ပါ)ဟူသော ဧက၀ဏ္ဏ စကားလုံးအား ဗျည်းသရ ခွဲထုတ်ကြည့်ပါက (ပ) ဗျည်းနှင့် (အာ)သရ ပေါင်းစပ်ထားကြောင်း တွေ့ရမည်။ ပေါ်ပေါက်ခြင်း အနက်ရသော (ပ)နှင့် များပြားခြင်း အနက်ရသော (အာ) သရတို့သည် ပေါင်းဖွဲ့ထားသဖြင့် (အများအတွက် ပေါ်ပေါက်လာရခြင်း) အဓိပ္ပါယ်ရှိမည် ဖြစ်၏ (ဠိ)မှာ ပျူဘာသာ အလိုအားဖြင့် (စာပေစကား) ကို ဆိုလို သည်ဖြစ်ရာ (အများအတွက် ပေါ်ပေါက်သောစာ) (သို့မဟုတ်) အများသုံးစကား၊ စာပေ ဟုဆိုလျှင် မမှားပေ။
ဗုဒ္ဓမြတ်စွာဘုရားသည် သုံးလောက၏ အထွတ်အထိပ် ဖြစ်သဖြင့် ဗုဒ္ဓမြတ်စွာသုံးနှုန်းသော စာ၊ စကားသည် အများ နားလည် အသုံးပြုသော စာပေစကားဖြစ်ကြောင်း ထင်ရှား၏ ဥပမာ-မနုဿကို အင်္ဂလိပ်ဘာသာဖြင့်ရေးပါက (Manuta) (လူ) ဟု ဆိုလိုရာ၊ အနောက်တိုင်း ဘာသာ အသုံးအနှုန်း၌ လူကို (Man) ဟုလည်းကောင်း၊ ဆိတ်ကို ပါဠိ ဘာသာအား ဖြင့် ဂုတ္တ၊ ၄င်းကို အင်္ဂလိပ်ဝေါဟာရဖြင့် ရေးသားပါက (Gupta)၊ ထိမှ အင်္ဂလိပ်အသုံး (Goat) ဖြစ်သည် မိခင်ကို ပါဠိ ဘာသာအားဖြင့် မာတာ (Mother)၊ ဖခင်ကို (Peter) ပီတာ၊ ပီတု စသည်ဖြင့် အသုံးအနှုန်း ဆက်နွယ်မှုများ ရှိကြောင်း တွေ့ရှိရမည် ဖြစ်ပါ၏ ဤစကားရပ်သည် ပအိုဝ်းပညာရှင် တင်ပြထားခြင်းဖြစ်၏။
သုဝဏ္ဏဘူမိကို ပညာရှင်တွေ အမျိုးမျိုးကြံစကာ သုဝဏ္ဏဘူမိ ရှာပုံတော်ဖွင့်ကြသည်မှာလည်း အမျိုးမျိုး အဖုံဖုံ တွေ့
မြင်ရပါ၏ သို့သော် လူသားသည် မိမိလူမျိုး မိမိဒေသ မိမိနိုင်ငံသည်သာ သုဝဏ္ဏဘူမိ ဖြစ်ချင်သူက အများစုတွေ့ရ၏ တ
ချို့လည်း ပညာရှင်ဆန်ဆန် တွေးခေါ်ယူဆကာ အများလက်ခံလောက်အောင် သမိုင်းကြောင်းခိုင်လုံသည့် အထောက်
အထားတို့ဖြင့် တင်ပြတာကိုလည်း မှတ်သားဖွယ်တွေ့မြင်ရပါ၏။
သုဝဏ္ဏဘူမိသည် သာသနာနှစ် ၂၃၅-ခုနှစ်ကျော်ကဆိုတော့ ခုခေတ်နှင့် ပြန်ရေတွက်လျှင် နှစ်ပေါင်း ၂၂၁၉- ခန့် ကြာမြင့်ခဲ့ပါပြီ ထိုလောက်ကြာခဲ့သည့် မြို့တော်သုဝဏ္ဏဘူမိကို ပညာရှင်သမိုင်းဆရာတွေ အလွန်စိတ်ဝင်တစား ရှာဖွေပြီး
Type your summary here.Type the rest of your post here.

No comments: