၁၉၇၃-မှ၁၉၈၃-ခုနှစ်တွင် ပြန်လည်မွမ်းးမံပြီး နောက်ပိုင်းတွင် ဖွင့်လှစ်ထားခဲ့၏ အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လတ်ရေးကြေ
ငြာပြီး နှစ်ပေါင်းတော်တော်ကြာပြီးနောက် မေလတွင်ကျရောက်သော ကဆုန်လပြည့်နေ့တိုင်း ဥပုတ်ဆောက်တည်ခြင်း
အခမ်းအနားကို ဗောရောဗုဓော၌ နှစ်စဉ်ကျင်းပခဲ့၏။
ဤကဆုန်လပြည့်သည် ဗုဒ္ဓ၏နေ့ထူးနေ့မြတ် ၄-နေ့နှင့်တိုက်ဆိုင်နေ၏။
မြတ်ဗျာဒိတ်ပန်း-ဆင်မြန်းကဆုန်၊
မယ်တော်ဝမ်းမှ-လှမ်းကြွကဆုန်၊
မြတ်စွာဗုဒ္ဓ-ဖြစ်ရကဆုန်၊
ဘုံဇာတ်သိမ်း-ချုပ်ငြိမ်း-ဤကဆုန်။
၁-မြတ်စွာဘုရားလောင်း သုမေဓာရှင်ရသေ့ဘ၀ ကဿပဘုရားရှင်က ဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ပန်း
ဆင်မြန်းသောနေ့ထူးနေ့မြတ်ဖြစ်ခြင်း။
၂-မြတ်စွာဘုရားရှင်အား မယ်တော်မာယာ၏ ၀မ်းကြာတိုက်မှ မီးရှုးသန့်စင် ဖွားမြင်သော နေ့ထူးနေ့မြတ်ဖြစ်ခြင်း။
၃-မြတ်စွာဘုရားရှင်သည် ဗောဓိပင်အောက် ရွှေပလ္လင်ထက်၌ အတုမရှိ မြတ်ဗုဒ္ဓအဖြစ်သို့ရောက်ရှိခြင်း သဗ္ဗညုတ
ဥာဏ်တော်ရရှိတော်မူသောနေ့ထူးနေ့မြတ်ဖြစ်ခြင်း။
၎-မြတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီး တဘ၀ဇာတ်သိမ်း၍ ပရိနိဗ္ဗာန်စံတော်မူရာ နေ့ထူးနေ့မြတ်ဖြစ်ခြင်း။
ဤကဆုန်လပြည့်ကို လက်ရှိကမ္ဘာတွင် ဂေါတမဗုဒ္ဓ မွေးဖွာရာနေ့ဟု အသိအမှတ်ပြုကာ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ ခန်းနားထယ်ဝါစွာ မြတ်စွာဘုရားရှင်အား အထူးတလယ် ပူဇော်သောနေ့ဖြစ်၏ ၀ီဆတ်ဒေး ဟုလည်းခေါ်ဆိုကြ၏ အဲဒီ နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ဗောရောဗုဓောဘုရားခြေတော်ရင်းတွင် တွေ့မြင်နိုင်ပါ၏ ဗောရောဗုဓော ခြေတော်ရင်းတွင်
နံပါတ်(၁) ဗျာဒိတ်ခံပုံမပါဘဲ ကျန်(၃)ခုသာတွေ့မြင်နိုင်ပါ၏ ၄-နေ့ရှိကြောင်းသိစေချင်လို့ တင်ပြခြင်းဖြစ်၏။
ဗောရောဗုဓော ခြေတော်ရင်းတွင် ပြည့်နှက်နေသော ကျောက်ထွင်းလက်ရာ ၁၆၀-မှ တခုသော ကျောက်ထွင်း လက်ရာမှာ ဗောရောဗုဓောဘုရား၏ ထူးခြားချက် အထိမ်းအမှတ်တခုဖြစ်၏ ဆရာတော်ကြီး နာရဒ မဟာထေရ်သည် ဗောဓိပင်ကိုစိုက်ခဲ့၏ ဗောဓိပင် (သို့) Ficus Religiosa သည် Acwata (အ၀တာ) ဟု အိန္ဒိယ(သူ၏အမိမြေ)တွင်အမည် တွင်၏ အေဒီ ၅၆၀ ၌ ထိုဗောဓိပင်၏ အရိပ်အောက်တွင် သိဒ္ဓတ္ထ မင်းသားသည် သဗ္ဗညုတဉာဏ်ရသည်အထိ တရား ဘာဝနာ ပွားများခဲ့၏
သိဒ္ဓတ္ထမင်းသားသည် ခမည်းတော် သုဒ္ဓေါဓန နှင့် မယ်တော်မာယာဒေ၀ီ (ကပ္ပိလ၀တ်ပြည့်ရှင် ဘုရင်နှင့် မိဖုရား တို့မှ)ဖွာမြင်ခဲ့၏ ရှည်လျှားသော ဘ၀သံသရာခရီးကို ဖြတ်သန်းခဲ့ပြီးမှ သိဒ္ဓတ္ထမင်းသားသည် Buddha Sakhyamuni (စကြာမုနိဘုရား) (ဂေါတမဘုရား) ဖြစ်လာခဲ့ပြီး ဗုဒ္ဓဘာသာအယူဝါဒများကို ဖြန့်ဝေခဲ့၏ သိဒ္ဓတ္ထမင်းသား ဖြတ်သန်းခဲ့ရ သည့် ဘ၀သံသရာ ခရီးစဉ်ကို ဗောရောဗုဓော ဘုရားနံရံများတွင် ကျောက်ထွင်းပုံဖေါ်၍ အမှတ်တရ -သတိတရ ဂုဏ်ပြု ထားခြင်းဖြစ်ပါ၏။
ဗောရောဗုဓော နံရံများမှ အောက်ခြေပိုင်းကျောက်ထွင်းနံရံ ပန်ချီကားတခု၏ အဓိပ္ပါယ်ကတော့ ဗုဒ္ဓဘာသာသည် သံသရာတွင် ကျင်လည်ရသည်ဟု ယုံကြည်ခြင်းဖြစ်၏ သံသရာဆိုသည်မှာ ဘ၀မှာ ဖြစ်လိုက် ပျက်လိုက် ဖြစ်၏ ဤသံ
သရာ စက်ဝန်းမှ လွတ်မြောက်ချင်သူသည် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင် နားလည်ရမည်ဖြစ်၏ ဒုက္ခသစ္စာ
၏ ဆင်ရဲမှုကို သိမြင်အောင်ကျိုးစားရမည်၊ သမုဒယသစ္စာ၏ တွယ်တာမှုကို ပယ်သတ်နိုင်ရမည်၊ မဂ္ဂသစ္စာဆိုသည့် မဂ္ဂင်
ရှစ်ပါးကိုပွားများမှ နိရောဓသစ္စာဆိုသည့် ချုပ်ရာငြိမ်းရာနိဗ္ဗာန်ကိုဆိုက်ရောက်မှာဖြစ်ပြီး သံသရာစက်ဝန်းမှ လွတ်မြောက် မှာဖြစ်သည်ဟု ပြဆိုထားခြင်းဖြစ်၏။
ဗောရောဗုဓော ခြေတော်ရင်း၌ ကျောက်တုံး (၈)ခုလောက် စပ်ပြီး ပုံဖေါ်ထုဆစ်ထားသော နတ်သားရုပ်တု ကျောက် ထွင်း ပန်းချီကားတခုကိုလည်း တွေ့မြင်ရမည်ဖြစ်၏ စာအုပ်ထဲတွင် နတ်သားဟု ရေးထားသော်လည်း ပုံစံကြည့်ရတာ
Type your summary here.Type the rest of your post here.
No comments:
Post a Comment