အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, June 20, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၀)


မူရင်းပင်မ ထေရ၀ါဒ သာသနာမှ အဋ္ဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသ ပေါ်ထွန်းလာ၏ သို့သော် ထေရ၀ါဒ သာသနာသည် မဟာယာနသာသနာ၏ ရှင်ပြိုင်မှုကို ကြိုးစားပြီးကာကွယ်နေရချိန်ဖြစ်၏ မူရင်းပင်မ ထေရ၀ါဒ သာသနာ မပြောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်နေသော မထေရ်မြတ်ကြီးတွေ၏ ကျေးဇူးဂုဏ်တွေကို ယ္ခုခေတ် ထေရ၀ါဒ မထေရ်များ ထေရ၀ါဒ ဘာသာဝင်များ အထူးကျေးဇူးတင်ရမှာဖြစ်၏။
မြန်မာပြည် မြောက်ပိုင်းသို့ မဟာယာန ဗုဒ္ဓဘာသာ ရောက်ရှိခဲ့၏ ပုဂံအနီး မင်သူနံအရပ် ဘုရားသုံးဆူနှင့် နန္ဒမည
စေတီများအတွင်းရှိ ဆေးရေးရုပ်များကို ထောက်ဆ၍ သာသနာနှစ် ၁၀၀၀-ကျော် ၁၁၀၀-အတွင်း ရောက်ရှိခဲ့ခြင်းဖြစ်၏ မဟာယာနရဟန်းတို့မှာ ရှင်မထီးခေါ် အရည်ကြီးရဟန်းတို့ ဖြစ်ပုံရ၏ အရည်ကြီးရဟန်းတို့၏ အကျင့်မှာ ညစာစားခြင်း သေရည် သေရက်သောက်ခြင်း မေထုန်အကျင့်ကို ကျင့်ခြင်းဖြစ်၏ အဆိုးဆုံးကတော့ ပန်းဦးလွှတ်ပူဇော်ခြင်းဖြစ်၏။
ရှင်မထီးဆိုသည့် ဝေါဟာရသည် သမ္မတိယမှ သမတိ၊ သမတိမှ သမထီး၊ သမထီးမှ ရှင်မထီး၊ ရှင်မထီးမှ အရည်
ကြီးဟု ပြောင်းလဲလာသည်ဟုဆိုကြ၏ ဤသမ္မတိယဂိုဏ်းသည် ၀ဇ္ဇီပုတ္တက ဂိုဏ်းကွဲတခုဖြစ်၏ သုဝဏ္ဏဘူမိ အင်ဒိုနီးရှား ဂျဗားကျွန်းနှင့် မလေးရှားကျွန်းဆွယ်တို့ ဤသမ္မတိယဂိုဏ်း ထွန်းကားခဲ့ကြောင်း အထောက်အထားများတွေ့ရ၏ သုဝဏ္ဏ ဘူမိ သထုံပြည်မှာလည်း သမ္မတိယဂိုဏ်း တန္တရ-မန္တရဂိုဏ်းများ လွမ်းမိုးမှုကြောင့် ထေရ၀ါဒ သာသနာ အသက်ငွေ့ငွေ့မျှ သာ ကျန်တော့၏
အရည်ကြီးကို နောက်တမျိုးကြံတာတွေ့သေး၏ ပုဂံပြည်တွင် လူအကြည်ညိုများသော အရည၀ါသီဂိုဏ်း ရှိခဲ့ဘူး၏
လူအကြည်ညိုများသော အရည၀ါသီ ဂိုဏ်းအတွင်းသို့ တန္တရ မန္တရဂိုဏ်းဝင်တွေ ၀င်ရောက်ကာ မိမိတို့အကျင့်ဆိုးတွေကို ကျင့်ပါတော့၏ တချိန်က လူကြိုက်များခဲ့သော အရည၀ါသီဂိုဏ်းသည် နာမည်ပျက်ကာ အရည၀ါသီမှ အရည်ကြီးဘ၀ သို့ ရောက်ရှိလာသည်ဟုဆို၏။
(ခုခေတ်ရဟန်းတော်အချို့လည်း ဤအကျင့်မျိုးတွေ ကျင့်သုံးလာ တာကို တွေ့မြင်ရ၏ အရည်းကြီးသာသနာများ
ပြန်လည်ခေါင်းထောင်လာပြီလားမသိ)
သာသနာသက္ကရာဇ် ၁၁၀၀-ခန့် ရာစုအားဖြင့် ၁၁-ရာစုတွင် တရုတ်ရဟန်းတော် ဖာရိယန်၏ ကျေးဇူးကြောင့် တရုတ် ပြည်သည် မဟာယာန သာသနာ အကြီးအကြယ် ထွန်းကားလာ၏ မဟာယာနသာသနာ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၃၀၀၀-ရှိသည်ဟုဆို၏ မဟာယာန ဗုဒ္ဓဘာသာ ရွှေခေတ်ဟု ခေါ်ဆိုရလောက်အောင် အထွန်းကားဆုံး တရုတ်နိုင်ငံ ဖြစ်လာ၏ အရှင်ဗောဓိဓမ္မ တရုပ်ပြည်သို့ကြွ၍ ဈင်ဂိုဏ်းကို တည်ထောင်၏ ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိ ပြန့်ပွားလာ၏။
သာသနာသက္ကရာဇ် ၁၂၀၀-ခန့် ရစုအားဖြင့် ၁၂-ရာစုတွင် အိန္ဒိယပြည်မှ မဟာယာနသည် ဟိန္ဒူဘာသာရေးတွေ ရောမွှေလျှက် တန္တရ ယာန ၀ိဇ္ဇာယာနအဖြစ်သို့ ပြောင်းလဲခဲ့၍ ၀ိဇ္ဇာဘုန်းကြီးများ ခေတ်စားခဲ့၏ တရုပ်ပြည်မှ မဟာယာန သာသနာသည် ဂျပန် ပြည်တွင်ထွန်းကားလာ၏ ဆူမိကို ဘုရင်မကြီး၏လက်ထက် ရှိုတိုကုတိုင်းရှိ မင်းသားကြီး၏ ကြိုး ပမ်းမှုကြောင့် မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြ၏ ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေးဥပဒေကို လည်း ဆွဲခဲ့ကြ၏။
မဟာယာနဗုဒ္ဓဘာသာသည် တိဗက်ပြည်သို့လည်း ရောက်ရှိလာ၏ တိဗက်ဘုရင် ကိုးကွယ်ခဲ့၍ နိုင်ငံတော်ဘာသာ ဖြစ်ခဲ့၏ တိဗက်ပြည်တွင် အရှင်သန္တရက္ခိတနှင့် အရှင်ပဒုမသမ္ဘတို့က စတင်သာသနာပြုခဲ့သဖြင့် တိဗက်လားမားဗုဒ္ဓဘာ သာ စတင်ပေါ်ပေါက်ခဲ့၏ တိဗက်လားမား ဗုဒ္ဓဘာသာသည် ဆစ်ကင်းပြည် ဘူတန်ပြည် မွန်ဂိုလီးယား ဆိုဗီယက်ပြည် ထောင်စု နိုင်ငံများသို့ပါ ဆက်လက်ပြန့်ပွားသွား၏။
သာသနာသက္ကရဇ် ၁၃၀၀- ခန့် ရာစုအားဖြင့် ၁၃-ရာစုတွင် အိန္ဒိယပြည်ရှိ မဟာယာန ရဟန်းတော်များသည် ၀ိဇ္ဇာ
ဂိုဏ်းသို့ ၀င်ကြ၏ နတ်ရုပ်ဘီလူးရုပ်များ ကတော့ပွဲထိုး၍ ဆေးဝါးမန္တရား စီရင်ကြ၏ သုဿာန်တွင်နေကြ၍ လူဦးခေါင်း ခွန်များတွင် ထမင်းထည့် စားသောက်ကြ၏ လူတို့ကို ချောက်လှန့် ညာဖြန်းစားကြ၏ ဟိန္ဒူဗြဟ္မဏဘာသာမှ ပညာရှိ
Type your summary here.Type the rest of your post here.

No comments: