အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, June 17, 2011

အင်ဒိုနီးရှားခရီးစဉ်(၂၈)


ပုတ္တက ၅-ဂိုဏ်းနှင့် မဟာသံဃိက သဗ္ဗတ္တိဝါဒ ၆-ဂိုဏ်းခွဲထွက်သွား၏ ဒုတိယသင်္ဂါယနာ တင်ပြီးချိန်မှစ၍ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲများ စတင်ပေါ်ပေါက်လာလေ၏။
မဟာယာနဂိုဏ်းဖြစ်လာမည့် မဟာသံဃိက သဗ္ဗတ္တိဝါဒဂိုဏ်းကလည်း ကောသမ္ဘီပြည်တွင် ပထမစင်ပြိုင် သင်္ဂါယနာ တင်ခဲ့၏ ထိုဂိုဏ်းမှလည်း မဟာသံဃိက ၆-ဂိုဏ်း အန္ဓက ၉-ဂိုဏ်းခွဲထွက်သွားပြန်၏ သာသနာ ၂-ရာစုတွင် မဟာသံဃိ ကဂိုဏ်း ဦးဆောင်လမ်းပြမှုကြောင့် သံဃာ့ဂိုဏ်းပေါင်း ၃၀-အထိ ကွဲသွားကြ၏။
တတိယသင်္ဂါယနာ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး သာသနာသက္ကရာဇ် ၂၃၅-နှစ်ရောက်ချိန် ဗာဟိရက တိတ္တိယတို့သည် ဗုဒ္ဓသာ သနာတော်တွင်းသို့ ရဟန်းပြုဝင်ရောက်ပြီး မိမိတို့ တိတ္တိအယူကိုသာ ရဟန်းဘ၀ဖြင့် ကျင့်သုံးနေသောကြောင့် သာသနာ ညစ်နွမ်းလာရပြန်၏ အရှင်မောဂ္ဂလိပုတ္တရဟန္တာမထေရ်ကြီးဦးဆောင်၍ ပါဋလိပုတ်ပြည်ဘုရင်အသောကမှ ဒကာပြုလုပ်
ကာ တတိယသင်္ဂါယနာ တင်ခဲ့ပါ၏။
ပထမသင်္ဂါယနာ ဒုတိယသင်္ဂါယနာတင်ခဲ့သော မထေရ်မြတ် အစဉ်အဆက် သြ၀ါဒအတိုင်း ဘုရားဒေသနာတော်ကို နှုပ်ပယ်ဖြည့်စွက် ပြင်ဆင်ခြင်းမပြုရန်နှင့် ရောနှောဝင်ရောက်လာသောဝါဒသစ်တွေကို စိစစ်ပယ်နှုတ်ကာ ပိဋကတော်ကို သန့်စင်လျှက် တတိယသင်္ဂါယနာတင်ခဲ့၏ မထေရ်စဉ်ဆက်၏ ၀ါဒကိုလိုက်နာကျင့်ကြံသောကြောင့် ထေရ၀ါဒဟုခေါ်ဆို
ကြ၏ တတိယသင်္ဂါယနာတင်ပြီးလျှင် သုဝဏ္ဏဘူမိအပါအ၀င် ကိုးတိုင်းကိုးဋ္ဌာန သာသနာပြုစေလွှတ်တော်မူ၏။
မဟာယာနဂိုဏ်း ဖြစ်ပေါ်လာမည့် မဟာသံဃိက သဗ္ဗတ္တိဝါဒဂိုဏ်း စသော ဂိုဏ်းကွဲများသည် မိမိတို့သဘောတူရာ စုပေါင်းကြ၍ ရာဇဂြိုဟ်မြို့အနီး နာလန္ဒမြို့တွင်စင်ပြိုင် သင်္ဂါယနာတင်ခဲ့၏ တတိယသင်္ဂါယနာတင်ပြီး နောက်ပိုင်းတွင် ထေရ၀ါဒ သာသနာသည် အားနည်းလာပြီး မဟာယာနဖြစ်လာမည့် မဟာသံဃိကဂိုဏ်းများ အားကောင်းလာတာတွေ့
ရ၏ ထေရ၀ါဒလည်း အိန္ဒိယမှ တဖြေးဖြေးကွယ်ပြောက်ကာ ကိုးတိုင်းကိုးဋ္ဌာန သီဟိုဠ် မြန်မာသို့ ရောက်ရှိသွား၏။
အသောကမင်း နတ်ရွာစံပြီးနောက် ထေရ၀ါဒလည်း အိန္ဒိယတွင် မရပ်တည်နိုင်တော့ပါ နောက်တက်သောမင်းတွေ သည် ဂျိန်းဝါဒနှင့် ဗြဟ္မဏအယူဝါဒမင်းတွေသာဆက်လက်အုပ်ချုပ်တာတွေ့ရ၏ ဗြဟ္မဏဘုရင်တွေ၏ နှိပ်ဆက်မှုကြောင့်
ဟီနယာနဖြစ်လာမည့် သဗ္ဗတ္တိဝါဒဂိုဏ်းမှာ အိန္ဒိယအနောက်ပိုင်းသို့ပြေးခဲ့ရ၏ မူရင်းပင်မထေရ၀ါဒဂိုဏ်းမှာလည်း အိန္ဒိယ တောင်ပိုင်း ဆံချီသို့ရွှေ့ခဲ့ရ၏ မူရင်းပင်မ ထေရ၀ါဒ သာသနာသည် အိန္ဒိယတောင်ပိုင်း သီရိလင်္ကာ (သီဟိုဠ်-လင်္ကာဒီပ) နှင့် သုဝဏ္ဏဘူမိစသော ကိုးတိုင်းကိုးဋ္ဌာနသို့ ရောက်ရှိလာတာ တွေ့မြင်နိုင်ပါ၏။
စတုတ္ထသင်္ဂါယနာ
သာသနာသက္ကရာဇ် ၄၅၀-သို့ရောက်ရှိလာသောအခါ လင်္ကာဒီပ-ကျွန်းကြီးသခင် ဘုရင်ဝဋ္ဋဂါမဏိမင်းကြီးလက်ထက်
ပိဋကသုံးပုံဆောင် ရဟန္တာအရှင်မြတ်တို့သည် နောင်အနာဂါတ်ကာလ၌ သတ္တ၀ါတို့သည် သတိပညာ ဆုတ်ယုတ်ကုန် သည်ဖြစ်၍ ပိဋကသုံးပုံကို နှုတ်တက်အာဂုံ မဆောင်ရွက် မကျက်မှတ်နိုင်မည့် အရေးကို မြင်တော်မူ၍ သာသနာတော် မပျောက်မပျက် တည်တံ့စေခြင်ငှာ ကြံစည်တွေးဆလျှက် ငါးရာသော ရဟန္တာအရှင်မြတ်တို့သည် ပေထက်မှာရေးလျှက် ပေထက်အက္ခရာခေါ် စတုတ္ထသင်္ဂါယနာကို မဟာသံဃရာဇာမထေရ်မြတ်ကြီးမှုးလျှက် လင်္ကာဒီပ-မလယဇနပုဒ် အလော
က လှိုဏ်ဂူ၌ တင်တော်မူ၏။
စတုတ္ထသင်္ဂါယနာတင်ပြီးချိန်မှစ၍ မူရင်းပင်မထေရ၀ါသည် အိန္ဒိယတွင်ကွယ်ပြောက်ကာ ကိုးတိုင်းကိုးဋ္ဌာနတွင်သာ ဆက်လက်ရှင်သန်ရန် ကြိုးစားရုန်းကန်နေရ၏ သာသနာသက္ကရာဇ် ၆၀၀-ခန့်တွင် သကမင်းဆက်တို့ ပြန်လည်အာဏာ ရလာကာ ဟီနယာနဖြစ်လာမည့် သဗ္ဗတ္တိဝါဒဂိုဏ်းမှ တတိယစင်ပြိုင်သင်္ဂါယနာကို ကသ္မီရ ဂန္ဓာရ တွင်တင်ခဲ့၏။ ထိုဟီန ယာနတို့စင်ပြိုင်သင်္ဂါယနာတင်ပြီးသည်မှစ၍ ဟီနယာန နှင့် မဟာယာနသည် သိသိသာသာ ကွဲပြားလာတာတွေ့ရှိရ၏။
မဟာယာန အတွေးအခေါ် အယူအဆများသည် သာသနာသက္ကရာဇ် နှစ် ၆၀၀-ကျော်မှစ၍ တစတစ ထွန်းကားလာ တာတွေ့မြင်ရ၏ သာသနာသက္ကရာဇ် ၇၀၀-ကျော် ၈၀၀- ခန့်တွင် အိန္ဒိယနိုင်ငံတွင် နာဂအဇ္ဇုန ရဟန်းတော်သည် နဂါး
Type your summary here.Type the rest of your post here.

No comments: