အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, June 19, 2011

အင်ဒိုနီးရှားခရီးစဉ်(၂၉)


ပြည်မှ ပိဋကများကို ရရှိခဲ့သည်ဆို၍ မဇ္ဈိမိကသုည၀ါဒ ကျမ်းများကိုရေးသာခဲ့၏ ထိုအချိန်မှစ၍ မဟာယာန၀ါဒသည် စိတ်ဝင်စား လူကြိုက်များလာ၏။
မဟာယာန အယူအဆသည် ဗောဓိသတ္တ ဘုရားလောင်း လမ်းစဉ်ဖြစ်၏ ဟီနယာနလမ်းစဉ်သည် သာဝကလမ်းစဉ် ဖြစ်၏ ထိုအချိန်မှစ၍ မဟာယာန နှင့် ဟီနယာန ၀ါဒချင်း ငြင်းခုံဆွေးနွေးကြသော ဂိုဏ်းများမှာ မဟာသံဃိကဂိုဏ်း၊ အန္ဓကဂိုဏ်း၊ စေတိယဂိုဏ်း၊ သဗ္ဗတ္တိဝါဒဂိုဏ်း၊ သုတ္တန္တိကဂိုဏ်း၊ ယောဂါစာရဂိုဏ်း၊ မဇ္ဈိမဂိုဏ်း စသောဂိုဏ်းများ ဖြစ်၏
မဟာယာန၀ါဒသစ် အယူအဆသစ်ကို လက်မခံသော သဗ္ဗတ္တိဝါဒဂိုဏ်းသားများ သုတ္တန္တိကဂိုဏ်းနှင့် ဝေဘဿိက သုည၀ါဒဂိုဏ်းသားအချို့ကို ဟီနယာနဟုအမည်ပေး၏ ဗောဓိသတ္တ ဘုရားလောင်းလမ်းစဉ်ဖြစ်သည့် မဟာယာန၀ါဒသစ် အယူအဆသစ်ကိုလက်ခံသော ၀ိညာဏ၀ါဒ (ယောဂါစာရ) ဂိုဏ်းသည် မဟာယာနဂိုဏ်းဖြစ်လာ၏ မဟာယာနနှင့် ဟီန ယာန အငြင်းပွားပြီး ဂိုဏ်းကွဲချိန်တွင် မူရင်းပင်မ ထေရ၀ါဒသည် အိန္ဒိယတွင်မရှိတော့ပါ သီဟိုဠ်နှင့် သုဝဏ္ဏဘူမိတွင်သာ
ကျန်ရှိတော့၏။
တချို့က ထေရ၀ါဒကို ဟီနယာနဟု ထင်နေတတ်၏ မှားသောအထင်နှင့် မှားသောအမြင်သာဖြစ်၏ မူရင်းပင်မ ထေရ ၀ါဒမှ ခွဲထွက်သွားသော သဗ္ဗတ္တိဝါဒ စသော ဂိုဏ်းများ၏ အကွဲအပြဲများမှ မဟာယာန နှင့် ဟီနယာန ပေါ်ထွက်လာခြင်း ဖြစ်ပါ၏ ထေရ၀ါဒနှင့် လုံးဝပတ်သက်မှုမရှိပါ ဤအကြောင်းကို သေသေချာချာ ဃဃနန မသိသော ထေရ၀ါဒ ကိုးကွယ် သူအချို့သည် ထေရ၀ါဒကို ဟီနယာန ဟု လွဲမှားစွာ ခေါ်နေခြင်းဖြစ်၏ ကိုစီးသည့်မြင်းကို အထီးမှန်း အမမှန်း မသိသည့် မြင်းစီးသည့် လူတွေလို ဖြစ်နေ၏ ထေရ၀ါဒကို ကိုးကွယ်သည့် ပုဂ္ဂိုလ်တွေသည် ကိုယ်ကိုးကွယ်သည့် ဘာသာအပေါ် လေ့လာမှု အားနည်းသည့်အတွက် ထေရ၀ါဒ ဟီနယာန မကွဲဘူးဖြစ်နေတာကို ၀မ်းနည်းဖွယ် တွေ့မြင်ရပါ၏။
သာသနာသက္ကရာဇ် ၉၀၀- ခန့် ရာစုအားဖြင့် ၉-ရာစုတွင် မူရင်းပင်မ ထေရ၀ါဒ ထွန်းကားသည့် စတုတ္ထသင်္ဂါယနာ တင်ခဲ့သည့် လင်္ကာဒီပ (သီဟိုဠ်)တွင် မဟာသေနမင်းသည် မဟာယာနဂိုဏ်းဝင် အဘယဂီရိကျောင်း သံဃာတော်များ ကို ကြည်ညို၍ ထေရ၀ါဒ ဂိုဏ်းဝင် မဟာဝိဟာရကျောင်း ရဟန်းတော်များကို အကြည်ညိုပျက်သဖြင့် မူရင်းပင်မ ထေရ ၀ါဒသာသနာသည် လင်္ကာဒီပတွင် အားနည်းခဲ့ရပြန်၏။
သာသနာသက္ကရာဇ် ၁၀၀၀-ခန့် ရာစုအားဖြင့် ၁၀-ရာစုတွင် အိန္ဒိယပြည်တွင် မဟာယာနဂိုဏ်း အားအလွန်ကောင်း လာ၏ မဟာယာန ၀ိညာဏဂိုဏ်းကို စတင်တည်ထောင်သော ကျမ်းပြုဆရာ အသင်္ဂနှင့် ၀သုဗန္ဒ ညီနောင်နှစ်ပါး ပေါ် ထွန်းခဲ့၏ အိန္ဒိယပြည်တွင် ဂုတ္တမင်းများ အုပ်စိုးနေချိန်ဖြစ်၏ ဂုတ္တမင်းများသည် ဟိန္ဒူဘာသာဝင်များ ဖြစ်ကြ၏ မဟာ ယာန ဗုဒ္ဓဘာသာဝင်တွေနှင့် ဟိန္ဒူဘာသာဝင်တွေသည် ညီညွတ်နေတာတွေ့ရ၏ ဂုတ္တမင်းများသည် နာလန္ဒမြို့တွင် အလွန်ကြီးကြယ်သော နာလန္ဒ တက္ကသိုလ်ကြီးကို တည်ထောင်ပေးခဲ့၏။
နာလန္ဒတက္ကသိုလ်သည် တကယ်တော့ မဟာယာနနှင့် ဟိန္ဒူဝါဒတွေကို ဖြန့်ဖြူးရာဋ္ဌာနကြီးတခုဖြစ်ခဲ့၏ ထေရ၀ါဒနှင့်
ပတ်သက်မှုမရှိခဲ့ပါ ပက်သက်ဖို့ရာ အကြောင်းတချက်ကတော့ အရှင်သာရိပုတ္တာ မထေရ်မြတ်ကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်နေခြင်းဖြစ်၏ နာလန္ဒတက္ကသိုလ်တည်ထောင်သည့် ဂုတ္တမင်းများနှင့် မဟာယာနမထေရ်များ၏ အမျှော်အ မြင်ကြီးမှုဟု ဆိုရမှာဖြစ်၏ မိမိတက္ကသိုလ် နာမည်ကျော်ကြားဖို့အတွက် ဗုဒ္ဓသာသနာတွင် ပညာအရာမှာ ဧတဒဂ်ဘွဲ့ရရိ ထားသော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ မွေးရပ်ဇာတိမြေကို ရွေးချယ်ခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ် ၏ အတုခိုးစရာ မှတ်သားစရာ နည်းယူစရာဖြစ်ပါ၏။
မဟာယာနသာသနာသည် နာလန္ဒတက္ကသိုလ်မှတဆင့် အနယ်နယ် အရပ်ရပ်သို့ ပြန့်ပွားထွန်းကားလာတာတွေ့ရ၏ အိန္ဒိယမှ မဟာယာန ရဟန်းတော်များသည် တရုပ်ပြည်ကို သာသနာပြုခရီး ကြွချီခဲ့သလို တရုပ်ရဟန်းတော် ဖာရိယန် လည်း အိန္ဒိယပြည်တွင် ၇-နှစ်ကြာ ပညာသင်ယူခဲ့၍ တရုပ်ပြည်သို့ ပိဋကတော်များ သယ်ဆောင်ခဲ့ကာ တရုပ်ပြည်တွင် မဟာယာနသာသနာ ထွန်းကားစေခဲ့၏ အင်ဒိုနီးရှား မလေးရှားနှင့် ကမ္ဘောဒီးယားတို့တွင်လည်း မဟာယာနသာသနာ ထွန်းကား ပြန့်ပွားလာ၏။

Type your summary here.Type the rest of your post here.

No comments: