အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, June 27, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၆)


ပျူခေတ်တည်ခဲ့သော ပြည်အနီး ဘောဘောကြီးဘုရားတို့က သက်သေခံလျှက်ရှိ၏ သိုသော် မယာယာနလား ထေရ၀ါဒ လား သေသေချာချာမကွဲပါ ကိုးတိုင်းကိုးဋ္ဌာန သာသနာပြု လွတ်သည့်အချိန်ကို စာပေမှာ မှတ်တမ်းတင်ထားတော့ ထေ ရ၀ါဒ သာသနာဆိုတာ သေချာ၏။
သာသနာသက္ကရာဇ် ၂၃၅-ခုနှစ် ၀န်းကျင်မှစ၍ သုဝဏ္ဏဘူမိ မြေပေါ်သို့ သာသနာပြု ရဟန်းတော် အရှင်ဥတ္တရ နှင့် အရှင်သောဏစသော ရဟန္တာမထေရ်များ ရောက်ရှိလာသည်ဟုဆို၏ သုဝဏ္ဏဘူမိသည်လည်း ထိုင်းလင်း မြန်မာ မလေး ရှား အင်ဒိုနီးရှားတို့သည် သူတို့နိုင်ငံက သုဝဏ္ဏဘူမိ ငါတို့နိုင်ငံက သုဝဏ္ဏဘူမိဟု မရေမရာ အခြင်းများနေသော နေရာ တခုဖြစ်၏။
သာသနာနှစ် ၁၀၀၀-နှင့် ၁၆၀၀-ခုနှစ်လောက်တွင် အင်ဒိုနီးရှားနိုင်ငံ ဆုမတြာကျွန်းကို သုဝဏ္ဏဒီပဟု ခေါ်ဆိုသော ကြောင့် သုဝဏ္ဏဘူမိ ဖြစ်ဖို့ အလားအလာနည်းလှ၏ အိန္ဒိယနိုင်ငံ မဟာယာနတက္ကသိုလ်ဖြစ်သော နာလန္ဒနှင့် အဆက် အသွယ်ရှိခြင်းကြောင့် ထေရ၀ါဒဋ္ဌာန သုဝဏ္ဏဘူမိနှင့် ၀ါဒမတူနေတာတွေ့ရ၏ ဗောရောဗုဓောဘုရားသည် မဟာယာန အရိပ်အရောင်တွေများစွာတွေ့ရသောကြောင့် ထေရ၀ါဒမဖြစ်နိုင်တာကိုလည်းတွေ့မြင်ရ၏ အင်ဒိုနီးရှားသည် သုဝဏ္ဏဘူမိ ဖြစ်နိုင်ဖို့ အထောက်အထား နည်းလွန်းလှ၏။
သိုသော် သုဝဏ္ဏဘူမိသည် သာသနာနှစ်၂၃၅-ခုနှစ်လောက်က စတင်ခဲ့တာဖြစ်သောကြောင့် သမိုင်းဆရာတို့ ဆိုထား သော အင်ဒိုနီးရှားကို သာသနာရောက်သည့်နှစ်နှင့် ချိန်ဆကြည့်လျှင် နှစ်ပေါင်း ၇၀၀-ကျော်ကွာဟနေတာ တွေ့မြင်ရ၏ သုဝဏ္ဏဘူမိသို့ အရှင်သောဏနှင့် အရှင်ဥတ္တရတို့ ကြွရောက်ကာ ရေဘီလူးများကို နှင်ထုတ်၍ အရံအတား ပြုလုပ်ရာ၌ “ဒီပဿ သမန္တတော အာရက္ခံ ဌပေတွာ” ဟူသော ပါရာဇိကဏ်အဋ္ဌကထာဆရာ၏ စကားတော်အရ “ဒီပဿ-ကျွန်းမြေ ၏၊ သမန္တတော - အထက်ဝန်းကျင်မှ၊ အာရက္ခံ ဌပေတွာ- အစောင့်အရှောက်ထား၍” ဟု ဆိုသဖြင့် ကျွန်းသာ ဖြစ်ရမည် ဟု ယူဆသော သမိုင်းဆရာ အချို့ရှိတာကြောင့် ဆုမတြာကျွန်းသည်လည်း သုဝဏ္ဏဘူမိ မဖြစ်ဘူးလို့ မပြောနိုင်ပါချေ။
ထိုင်းနိုင်ငံကလည်း သုဝဏ္ဏဘူမိကို ထိုင်းနိုင်ငံဟုဆိုပြန်၏ ဇဗ္ဗူဒီပ ဦးဆောင်းကျမ်းထဲ၌မူ ဇင်းမယ် ကို သုဝဏ္ဏဘူမိဟု ဖော်ပြထား၏ ထိုင်းတို့ကမူ သုဝဏ္ဏဘူမိသည် ပရပထာမ်ဟု ယူဆကြပြီး ဆရာကြီးဒေါက်တာသာလှကမူ မြန်မာရာဇ၀င်၊ မွန်ရာဇ၀င်၊ သထုံရာဇ၀င်နှင့် အစဉ်အဆက် မှတ်တမ်းများ၌ တွေ့ရသော သုဝဏ္ဏဘူမိဟူသည် အစဉ်အဆက် မှတ်သား လာခဲ့သော စွဲလမ်းမှု သက်သက်သာ ဖြစ်ကြောင်း၊ သုဝဏ္ဏဘုမ္မိဟူ သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အနောက်စူးစူး ကီလိုမီတာ ၆၀ ခန့်အကွာရှိ နချန်ယထုံမြို့ဟောင်းသာလျှင် ဖြစ်နိုင် ကြောင်း' တင်ပြခဲ့ဖူးပါ၏။
မော်လမြိုင် တောင်ပေါက်ဆရာတော်က ပါဠိ အဋ္ဌကထာဋီကာများ ဖတ်ရှု၍ ဆူမတြာကျွန်းနှင့်တကွ ဂျာဗား၊ ဘာလီ၊ ဘိုနီယို၊ မာလာယု၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့်တကွ မြန်မာနိုင်ငံအောက်ပိုင်း ရာမညဒေသ ဖြစ်သင့်သည်ဟု ဆိုကြောင်း ဖော်ပြထားခဲ့ပါ၏။ မွန်သုတေသီ နိုင်ခင်မောင်လေးကမူ သုဝဏ္ဏဘုမ္မိ ဟူသည်မှာ သထုံပါပဲ ဟု ဆိုပါ၏။ ဆရာကြီး ဒေါက် တာ သန်းထွန်းက ပုဂံခေတ် နိုင်ငံရေးသမိုင်း စာအုပ်ထဲတွင် ပဲခူးကလျာဏီသိမ် ကျောက်စာထဲ၌ သုဝဏ္ဏဘူမိဟူသည်
တိုက်ကုလားမြို့ ဟု ရေးထိုးထားကြောင်းဆို၏။
ပအိုဝ်းတိုင်းရင်းသားတွေကတော့ သထုံကို ပအိုဝ်းလို သိုင်းထုမ်ဟုခေါ်၏ သိုင်းထုမ်ဟာမြို့ပြနိုင်ငံဖြစ်လာခဲ့ပြီး အချိန် တန်တော့ သုဝဏ္ဏဘူမိ ပအိုဝ်းတိုင်းပြည်ရဲ့မြို့တော်ဖြစ်လာခဲ့ ပါသည်။ သိုင်းထုမ် ရဲ့အဓိပ္ပါယ်မှာ ရွှေကိုကောက်ယူ ဟု အဓိပ္ပါယ်ရပါသည်။ မြစ်များစီးဆင်းရာ သံလွင်မြစ်၊ ဘီးလင်းမြစ်၊ စစ်တောင်းမြစ်တို့မှပါလာသော သဲနှုန်း၊ ရွှံ့ညွှန်တွေမှာ
ရွှေကိုရှာယူရတာဖြစ်၏ ဒါကြောင့် ဒီနေရာဒေသတွေကို ရွှေကျွန်းဆွယ်ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ပအိုဝ်း စာပေကလဲ
အထောက်အထားတွေနှင့် သုဝဏ္ဏဘူမိသည် သူတို့ ပအိုဝ်းခေါ် ပျူတို့၏ တိုင်းပြည်ပါဟု ဆိုထားပါ၏။
ပျူဟူသော ဝေါဟာရ၌ (ပ)ဗျည်းနှင့် (အူ) သရကို တွဲစပ်ထားသော (ပအူ) ဟူသည့် စကားရပ်ကို သဒ္ဒါ ဗေဒနည်း အရ ဧက၀ဏ္ဏဖွဲ့ပါက အသံတစ်သံတည်း ထွက်အောင်ဆိုပါက (ပျူ) ဟူ၍ ဖြစ်လာပါသည်။ (ပအူ) သည် ပျူစကားဖြစ်၏ (ပ) ဆိုသည်မှာ ပေါ်ပေါက်ခြင်း၊ (အူ) (သို့မဟုတ်) (ဦ) ဆိုသည်မှာ ဦးစွာဖြစ်ခြင်း သဘောကို ဆိုလိုသည် ထို့ကြောင့်
Type your summary here.Type the rest of your post here.

No comments: