Pawan (ပါဝမ်) ဗုဒ္ဓဘုရား (၃)ဆူ၏ ဆက်နွယ်မှု ကွင်းဆက်သည် အခြား ဟင်ဒူ ဘုရားကျောင်းများနှင့် နီးစပ်စွာ တူညီ နေတာကို တွေ့ရှိရ၏။
အရှေ့ဘက်တွင် Canggal (ကန်ဂယ်ဘုရားကျောင်း) မြောက်ဘက်တွင် Seng: (ဆန်ဂီ) ဘုရားကျောင်း အနောက် ဘက်တွင် the Pringapus (ပရင်ဂါပတ်စ်) Selagriya (ဆလဂရီယာ) ဘုရားကျောင်းများရှိ၏ တောင်ဘက်အရပ်တွင် တောင်တန်းများ သွယ်တန်းနေ၏ ထိုနေရာတွင် Lingga (လင်ဂါ) နှင့် Yoni (ရွန်နိ) Hindu (ဟင်ဒူ) များ၏ ဘာသာရေး နှင့်ဆိုင်သော ပြယုဂ်များကို မကြာခဏတွေ့ရ၏ အကြီးဆုံး ဟင်ဒူဘုရားကျောင်း Prambanan (ပရာဘနန်) ကို အခြား ဗုဒ္ဓဘုရားကျောင်းများ ဥပမာ Kalasan (ကလဆန်) Sari (ဆရီ) Sewu (စီဝူ) နှင့် Plaosan (ပလေအိုဆန်) နှင့် အခြား သောသေးငယ်သော ဘုရားများက ၀ိုင်းရံထားတာတွေ့ရပါ၏။
သမိုင်းပညာရှင်တွေ တယောက်တမျိုး ယူဆနေတာကိုက ဗောရောဗုဓော၏ စိတ်ဝင်စားစရာတခု အဖြစ် ထင်မြင် မိပါ၏ ဗောရောဗုဓောသည် မီးတောင်ကျောက် ဂ၀ံကျောက်ပုံမျိုးတွေနှင့် တည်ဆောက်ထားသောကြောင့် ယ္ခု အချိန်ထိ နှစ်ပေါင်းတထောင်ကျော် သဘာဝဘေးဒဏ်ကို အံတုခါ ရပ်တည်နေနိုင်ခြင်းဖြစ်၏ မြေကြီးကို ဖုတ်သောအုပ် ယ္ခုခေတ် သံကူကွန်ကရစ်လည်း နှစ်ပေါင်းတထောင်ကျော် အာမခံနိုင်မည်မဟုတ်ပါ ရေရှည်ခံအဆောက်အဦး တည်ဆောက်မည် ဆိုလျှင်တော့ ဗောရောဗုဓောဘုရားကြီးကိုနမူနာကြည့်ပြီး တည်ဆောက်မှသာလျှင် ရေရှည်ခံမည်ဖြစ်ကြောင်း သက်သေ ပြလျှက်ရှိပါ၏။
စေတီတော်ကြီးပေါ်သို့မတက်မီ ခြေတော်ရင်းတွင် ခြင်္သေ့နှစ်ကောင်ကို ပထမဆုံးတွေ့မြင်ရမည်ဖြစ်၏ မြန်မာပြည်မှ ခြင်္သေ့တွေလို ခန့်ခန့်ညှားညှား တည်ဆောက်ထားသည်မဟုတ် လက်ရှိလောကရဲ့ ခြင်္သေ့နဲ့လည်း တူလှသည်မဟုတ် တမျိုးတဘာသာတော့ ထူးခြားနေ၏ မိမိတို့ဝင်သည့်ဘက်မှ ကြည့်သော် ညာဘက်က ခြင်္သေ့သည် ညာဘက်လက်က မြေကိုထောက်ပြီး ဗယ်ဘက်လက်က ပုတ်မည့်ဟန် တိုက်ခိုက်မည့်ဟန်ဖြင့် တည်ဆောက်ထားတာတွေ့ရ၏ ဗယ်ဘက် က ခြင်္သေ့သည် ဗယ်လက်ကို မြေမှာထောက်ထားပြီး ညာလက်က တိုက်ခိုက်မည့်ဟန် ပုတ်မည့်ဟန်ဖြင့် တည်ဆောက် ထားတာတွေ့ရ၏။
ဘယ်လိုတွေးခေါ်ယူဆပြီး တည်ဆောက်ထားသည်မသိ နက်နဲသည့်အဓိပ္ပါယ်တော့ ရှိမှာသေချာ၏ ဗောဓောဗုဓော ဘုရားကို တိုက်ခိုက်ဖျက်စီးလာခဲ့သော် ပြန်လည်ခုံခံ တိုက်ခိုက်မည့် ပုံသဏ္ဍာန်အနေအထားဟု ထင်မြင်ယူဆနိုင်၏ ဒါ့ထက် တွေးခေါ်ယူဆနိုင်သည့် အကြောင်းအရာတွေ ရှိကောင်းရှိနိုင်ပါ၏ မန်ဒုဘုရားအနီးရှိ မန်ဒုထေရ၀ါဒကျောင်း မုဒ်ဦးတွင်လည်း ဤခြင်္သေ့နှစ်ကောင် တဖက်တကောင် ဒီပုံစံအတိုင်းဘဲ တွေ့မြင်ခဲ့ရပါ၏။
ခြင်္သေ့နှစ်ကောင်ထားသည့် အယူအဆကတော့ မြန်မာပြည်နှင့် အတော်တူလှ၏ မတူတာကတော့ ခြင်္သေ့ဖြစ်၏ မြန်မာပြည်က ခြင်္သေ့က ပိုထယ်၏ ပိုလှ၏ သို့သော် သဘာဝခြင်္သေ့နှင့်တော့ အကွာကြီးကွာ၏ ပြင်လွန်းတော့ ဖင်ချွန်း သွားပုံရ၏ ဘယ်ပုဂ္ဂိုလ်က ထွင်ခဲ့သည်မသိ ကြည့်ကောင်းတာတော့ အမှန်ပါ သဘာဝခြင်္သေ့ထက်လည်းပိုလှ ပိုထယ်၏ တခြားနိုင်ငံခြင်္သေ့တွေထက်လည်း ပိုသာပါ၏ သို့သော် နိုင်ငံခြားသားတွေက ဒီခြင်္သေ့ တချိန်က မြန်မာပြည်မှာ တကယ် ရှိခဲ့လားမေးခဲ့လျှင်တော့ ခေါင်းပြောင်အောင်ကုတ်ရမည့်ကိန်း ဆိုက်မှာသေချာ၏။
စေတီတော်ကြီး၏ ဖိနပ်တော် (သို့) ပလ္လင် တော်သည် ၂-ထပ်ရှိ၏ ပထမဆင့်သည် သိပ်မကြယ်လှပါ ဒုတိယဆင့် ယင်ပြင်သည် ကြယ်ဝန်း၏ ပထမဆင့်သည် ဒုတိယဆင့် ခိုင်ခံ့အောင်ပန့်ပိုးထားပုံရ၏ ဒုတိယအဆင့်သည်စေတီတော်ကို လှည့်လည်ကြည့် ရှုလို့ အစဉ်ပြေ၏ ပတ်ဝန်းကျင်ကို အကာအကွယ်မရှိဘဲ ကြည့်ရှုနိုင်၏ တောင်အောက်ကိုလည်း လှန်း မြင်ရ၏ ရှုခင်းအလှအပတွေကြည့်ရတာလည်း အလွန်ကြည်နူးဖွယ်ကောင်း၏ ဘုန်းကြီးတို့သွားချိန်သည် နေပူလွန်းလို့ ကြာရှည်မကြည့်နိုင်ခဲ့ပါ။
ဗောရောဗုဓော စေတီတော်ကြီးကို လေ့လာကြည့်ရှုမယ်ဆိုလျှင် ပထမဆုံးသိထားရမှာက ဗောရောဗုဓောစေတီသည်
ဗုဒ္ဓဘာသာဆိုင်ရာ တန်ဘိုးမဖြတ်နိုင်သော ယဉ်ကျေးအမွေအနှစ်တွေ စုစည်းထားရာ နေရာတခုအဖြစ် တွေ့မြင်နိုင်ပါ၏
Type your summary here.Type the rest of your post here.
No comments:
Post a Comment