တစား ကြည့်မိတာတော့ အမှန်ပင်ဖြစ်ပါ၏။
ပစ္စယံလမ်းသည် ၆-ပေခန့် ကြယ်မည်ထင် ၏ ၀ရန်တာသည် ၇-ပေခန့်မြင့်မည်ထင်၏ ထုထယ်ကြီးမား၏ ထိုဝရံတာ
ပေါ်တွင် ကျောင်းဆောင်နှင့်ရုပ်ပွားတော်များကို ရှုမငြီးအောင် ဖူးမျှော်ရမည်ဖြစ်၏ အတွင်းအပြင် နံရံများ၌ သိဒ္ဓတ္ထ မင်း သား ဘုရားမဖြစ်မီ ကာလများ၌ ပုံသဏ္ဍာန်မျိုးစုံဖြင့် ဘ၀မျိုးစုံ ဖြတ်သန်းခဲ့ရသည့် ပုံစံမျိုးစုံကိုလည်း တွေ့မြင်ရမည်ဖြစ်၏ တိရစ္ဆာန် ဘ၀များစွာ ဖြတ်သန်းခဲ့ရပုံ ဘ၀ဇာတ်စုံကိုလည်း တွေ့မြင်ရမည်ဖြစ်၏။
ဗောရောဗုဓောဘုရား၏ ၀ရန်တာ လက်ရန်းပေါ်တွင် ဇာတက မှ လူသိများသော ဇာတ်တော်များကို ကျောက်ထွင်း
ရုပ်လုံးရုပ်ကြွများဖြင့် သရုပ်ဖေါ်ထား၏ ပင်လယ်လိပ်ကြီးက ရေမြုပ်နေသော သင်္ဘောကို ကယ်တင်ပုံ မိခင်မျောက်မကြီး
မှ သူ၏ရင်သွေးကို ကယ်တင်ပုံ တောဆင်ကြီးမှ လမ်းပြောက်နေသော စစ်သားအားပြုစုပုံ ကျောက်ထွင်းပန်ချီကားများ ကိုလည်း တွေ့မြင်ရမည်ဖြစ်၏
နံရံထွင်း ဗုဒ္ဓရုပ်ပွားတော်နှင့်စေတီများကို ပျက်စီးနေသောပုံနှင့် မပျက်မစီး ပကတိအတိုင်း တည်ရှိနေသော ပုံများကို လည်း တွေ့မြင်ရမည်ဖြစ်၏ Dhyani Buddha (ဒါယနိ(သို့) ဈာနီ ဗုဒ္ဓ) ပါဝင်သော နံရံထွင်း ဗုဒ္ဓရုပ်ပွားတော်ပုံ ထိုဗုဒ္ဓနှင့် ပုံစံတူ ၂၇၆-ဆူသော ဗုဒ္ဓပုံတော် ကျောက်ထွင်း ပန်ချီကားတို့ကို အောက်ခြေတွင် အတန်း သုံးတန်းဖြင့် ပြုလုပ်ထား ပုံကိုလည်း ဖူးမြင်ရမည်ဖြစ်၏။
ဗောရောဗုဓော၏ ပထမ ပစ္စယံ လှည့်လည်ကြည့်ရှုလျှင် ဒုတိယ ပစ္စယံရေထွက်ပေါက်ကို ထောင့်ချိုးတိုင်းတွင် တွေ့ မြင်ရမည်ဖြစ်၏ ရှေးမှာတင်ပြခဲ့သလို မကရ်းရုပ်နှင့်မဟုတ်တော့ပါ ဘီလူးမျက်နှာပုံကိုခေါင်းပေါ်တွင် ကနုပ်ပန်း အချွန်အ တက်တွေ လက်ရာမြောက်စွာ ထုဆစ် တင်ထားသည့်ပုံနှင့် ပါးစပ်ပေါက် ဟလျှက် ရေထွက်ပေါက် လုပ်ထားခြင်းဖြစ်၏
သူတို့အခေါ်က Jaladwara (ဇလဒွါရ) ရေတခါးပေါက်ဟုဆို၏ ထောင့်ချိုးတိုင်းတွင် အချိုးအကွေ့ ပြေပြစ်၍ ကြည့်ရှုဖွယ်
ကောင်းအောင် အဆင်းတန်ဆာအခုအဖြစ် တပ်ဆင်ထားတာကို မှတ်သားဖွယ်အဖြစ် တွေ့မြင်ရမည်ဖြစ်၏။
ပထမ ပစ္စယံ လှည့်လည်ကြည့်ရှုပြီးနောက် ဒုတိယ ပစ္စယံသို့တက်ခဲ့၏ ဒုတိယ ပစ္စယံသည် ပထမပစ္စယံလို ကျောက် ထွင်းပန်ချီကား နှစ်ဆင့်ထပ်ထားခြင်းမရှိပါ တဆင့်တည်း တခုတည်းဖြင့် ခပ်ကြီးကြီး ထုဆစ်ထားတာတွေ့ရ၏ ၀ရန်တာ လက်ရန်းပေါ်မှာတော့ ရုပ်ပွားတော်တွေ စေတီကျောင်းဆောင်တွေသည် ပထမ ပစ္စယံအတိုင်းပင် ရှုမငြီးအောင် ဖူးမြင်ရ မည်ဖြစ်၏ (၅၅၀)ဇာတ် တော် ရုပ်ပုံများ၊ ဘုရားအလောင်းတော် နောက်ဆုံးဘ၀ပုံများ၊ ဘုရားဖြစ်ပြီးပုံများကို ရုပ်လုံးကား အဖြစ်ဖြင့် ထွင်းထုထား သည်ကို တွေ့မြင်နိုင်ပါ၏၊၊
ဗောရောဗုဓောသည် ထူခြားအံ့သြမှုများ လျှို့ဝှက်ချက်များဖြင့် လွှမ်းခြုံထားဆဲဖြစ်၏ တိုင်းပြည်၏ အလယ်ဗဟိုတွင် တည်ထားခဲ့သော ဗောရောဗုဓောကို တိုင်းပြည်အုပ်ချုပ်သူတွေ တိုင်းသူပြည်သားတွေ မရှာဖွေခဲ့သလို ၇-ရာစု ၈-ရာစု၌ တည်ထားခဲ့သော ဗောရောဗုဓော၏ အံ့သြဖွယ်အကြောင်းများကိုလည်းကောင်း စည်းစိမ်ဥစ္စာကိုစွန့်ခြင်း ခြေလက်မျက်စိ စသော အင်္ဂါကြီးငယ်ကိုစွန့်ခြင်း သားသမီးကိုစွန်းခြင်း ဇနီးမယားကိုစွန့်ခြင်း အသက်ကိုစွန့်ခြင်း ဤစွန့်ခြင်းငါးပါးနှင့် ပြည့် စုံသော မြတ်ဗုဒ္ဓ၏ အကြောင်းအရာများကိုလည်း စိတ်မ၀င်စားခဲ့ကြပါ တန်ဘိုးထားရမှန်းလည်း မသိကြပါ။
ယခုအခါမှာတော့ ဗောရောဗုဓောကို ယူနက်စကိုက ထိမ်းသိမ်းပြုပြင်ပြီး ကမ္ဘာသိအောင် မီဒီယာကတဆင့် ဖြန့်ဖြူးထား သောကြာင့် တကမ္ဘာလုံး ဗောရောဗုဓောကို စိတ်ဝင်စားလာလေပြီ မသိခြင်ယောင်ဆောင်သူတွေလည်း မသိချင်လို့ မရ တော့ပါ သတိထားလာရပါပြီ စိတ်မ၀င်စားသူတွေလည်း စိတ်မ၀င်စားလို့ မရတော့ပါ စိတ်ဝင်စားလာရပါပြီ အမှောင်ဖုံး
လွမ်းနေသော ဗောရောဗုဓောသည် ယ္ခု အခါ ပြန်လည် ထွန်းလင်း တောက်ပ ထွက်ပေါ်လာပြီဖြစ်ပါ၏။
ဗောရောဗုဓော ဒုတိယ ပစ္စယံ လေ့လာအပြီး တပတ်ပြည့်သောအခါ တတိယ ပစ္စယံသို့ တက်လာခဲ့ပြန်၏ တတိယ ပစ္စယံလည်း ဒုတိယ ပစ္စယံလိုပင် ကျောက်ထွင်းပန်ချီကား နှစ်ဆင့်မရှိ တဆင့်တည်း ကျောက်တုံးများ တခုနှင့်တခုစပ်၍
ပုံစံဖေါ်ထုဆစ်ထားခြင်းဖြစ်၏ ၀ရန်တာလက်ရန်း ပေါ်မှာလည်း စေတီတွေ ကျောင်းဆောင် ရုပ်ပွားတော်တွေကို ပကတိ အတိုင်းတွေ့ရတာရှိသလို လောက၏ မမြဲသည့်သဘာဝကြောင့် ပျက်စီးတာတွေကိုလည်း ကြေကွဲဖွယ် တွေ့မြင်ရမည်
Type your summary here.Type the rest of your post here.
No comments:
Post a Comment