အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, June 5, 2011

အင်ဒိုနီးရှားခရီးစဉ်(၁၇)


တော့ လှမ်းမမြင်သေးပါ ဈေးတန်းတွင် မီးတောင်မှထွက်လာသော ပြာမှုံတွေကာကွယ်ရန် နှာခေါင်းစီးလိုက်ဝယ်၏ ထို- ဈေးတွင် ဖားအောက်တရားပြဆရာတော်များအဖွဲ့နှင့်ဆုံကြ၏ စကားအနည်းငယ်ပြောဆိုကာ အမှတ်တရ ဓါတ်ပုံတွဲရိုက်
ကြ၏ သူတို့အဖွဲ့က ဘုရားပေါ်မှပြန်ဆင်းလာချိန် မိမိတို့က ခုမှတက်မှာဖြစ်၏။
ဝင်ပေါက်ဂိတ်တွင် အ၀င်လက်မှတ်ဖြတ်ရ၏ နေပူနေလို့ ထီးတလက်စီငှားရ၏ ထီးငှားခကတော့ တလက် ၅၀၀၀- ကနေ ၁၀၀၀၀-ထိပေးရ၏ အကြီးအသေးပေါ် မူတည်၏ အင်ဒိုနီးရှားကတော့ ထီးတလက်ရှိရင် ထမင်းစားနိုင်ပုံရ၏ သူ တို့ခမျာလည်း ဘုရားဖူးခရီးသည်တွေကိုသာ အားကိုးနေရပုံရ၏ ပြည်တွင်းခရီးသည်တွေကတော့ ကိုယ်ပိုင်ထီးဖြင့် လာ သူကအများစုဖြစ်၏ ဓောရောဗုဓောဘုရားကို လေ့လာရေးလာသူသည် နိုင်ငံခြားသားတွေသာ အများစု ဖြစ်နေတာတွေ့ ရ၏ ပြည်တွင်းဘာသာခြားတွေကိုလည်း တွေ့မြင်ရပါ၏။
ဂိတ်ဝင်းထဲဝင်ပြီး ခေတ္တလျှောက်လိုက်ရင်ဘဲ ဗောရောဗုဓော စေတီတော်ကြီးကို အံ့သြဖွယ်တွေ့မြင်ရတော့၏ နေ ရောင်အောက်တွင်အချွန်အတက်တွေစုံလင်စွာဖြင့် ခပ်ဝေးဝေးမှ ခပ်ရေးရေးသာတွေ့မြင်ရ၏ ပိုနီးလာလေဗောရောဗုဓော
သွင်ပြင်လက္ခဏာက ပိုမိုပေါ်လွင်လာ၏ ဘုရားတွေ့တော့လဲ ပန်းလာသမျှသည်ဘယ်ရောက်သွားမှန်းမသိ အတိုင်းထက် အလွန် ၀မ်းသာကြည်နူးရပါ၏။
ဗောရောဗုဓောစေတီတော်ကြီးသည် ကမ္ဘာအကြီးဆုံး ရှေးဟောင်းဗုဒ္ဓစေတီတော်ကြီးဖြစ်၏ ကမ္ဘာပေါ်ရှိ ထင်ရှား သော ရှေးဟောင်းကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO ကိုက အသိအမှတ်ပြုထား၏ ကမ္ဘာအံ့ဖွယ်ထဲတွင် ဗောရောဗုဓော စေတီလည်း အံ့ဖွယ်တခုအဖြစ် ယနေ့ထက်တိုင် ထင်ရှားကျော်ကြားနေဆဲဖြစ်၏ ဤမျှကြီးမားသော စေတီတော်ကြီးတ ဆူကို တည်ဆောက်ထားသည်ကို လေ့လာသောအားဖြင့် ထိုခေတ်က ဤနိုင်ငံသည် ဗုဒ္ဓဘာသာ အလွန်ထွန်းကား သောနိုင်ငံဖြစ်သည်ဆိုတာ အထူးပြောဆိုဖွယ်မလိုပါ သာမန်လူတောင် စဉ်းစားချင့်ချိန်နိုင်ပါ၏။
(A.D.8) အေဒီ ၈-ရာစုလောက်က တည်ဆောက်ခဲ့တာဆိုတော့ နှစ်ပေါင်း ၁၀၀၀-ကျော်နေပြီ သမိုင်းကြောင်းပြန် လှန်မယ်ဆိုလျှင် ဤစေတီတော်ကြီး တည်ဆောက်ချိန်သည် ဗုဒ္ဓဘာသာ ဘုရင်အုပ်ချုပ်၏ ဗုဒ္ဓဘာသာဘုရင်ကို ဟိန္ဒူဘု ရင်က ဖြုတ်ချတာတွေ့၏ ဟိန္ဒူဘုရင်ကိုလည်း မူစလင်ဘုရင်က ဖြုတ်ချတာတွေ့ရ၏ ယ္ခုလက်ရှိလည်း မူစလင်ဘာသာ ၀င်တွေ အုပ်ချုပ်နေ၏ နှစ်ပေါင်း ၁၀၀၀-ကျော်အတွင်း ဘာသာရေးဒဏ်ရာ ဒဏ်ချက်တွေ ပြည့်နေသော်လည်း ဗောရော ဗုဓောဘုရားကြီး၏ ထူးခြားအံ့သြဖွယ်နှင့် ထူးခြားသော ကျောက်များပေါ်တွင် အနုပညာလက်ရာစုံဖြင့် ဆွဲဆောင်မှုရှိ အောင် တည်ဆောက်ထားခြင်းကြောင့် ဘယ်ဘာသာဝင်မှ ပျက်လောက်အောင် မဖျက်ဆီးခဲ့ပါ။
ဗောရောဗုဓော စေတီတော်ကြီးကို ကျောက်ဆစ်ရုပ်လုံးရုပ်ကြွများ ကျောက်ထွင်းနံရံပန်းချီကားများ ဗုဒ္ဓ၀င်ဇာတ်နိ ပါတ်များဖြင့် လက်ရာမြောက်စွာ သရုပ်ဖေါ်ထား၏ စေတီပတ်လမ်းများမှ ထောင့်များတွင် ရေဆင်းရန်အတွက် မကာရ်း ခေါင်း ရုပ်လုံးများအတွင်းမှ ရေဆင်းရန်စီစဉ်ထားပုံကလည်း ပညာသားပါပြီး လှပ၍ အနုပညာမြောက်လှ၏ အတက်လှေ ခါးလေးဘက်ရှိ အ၀င်ဝတိုင်းတွင် အစောင့်ခြင်္သေ့ရုပ်တုများရှိ၏ စေတီတော်ကြီးသည် အဆင့် ၁၀-ဆင့်ရှိ၏ စေတီတော် ပေါ်သို့ လေးမျက်နှာမှ အပေါ်ဆုံးထပ်ထိ ကျောက်လှေကားဖြင့် တိုက်ရိုက်တက်နိုင်ပါ၏
သမိုင်းစိတ်ဝင်စားသူ ၀ါသနာရှင်များ လေ့လာ၍ မ၀နိုင်အောင် ဆွဲဆောင်မှုအပြည့်ရှိ၏ တခဏတာ လည်ပတ်ခြင်း ဖြင့်ပင် ဗောရောဗုဒေါ စေတီ၏ အံ့သြဖွယ်များကို မျက်ဝါးထင်ထင်တွေ့မြင်ရ၏ စေတီတော်ကြီးသည် တောင်ကုန်းတခု ပေါ်တွင်တည်ဆောက်ထားသောကြောင့် တောင်အောက်မှဖူးမျှော်လျှင် စေတီတော်၏ လှပမှု သဘာဝကြမှုကို ထင်ထင် ရှားရှားမတွေ့ရပါ ဝေဟင်မှဓါတ်ပုံရိုက်ထားသည့် ဗောရောဗုဒေါ စာအုပ်ကိုကြည့်မှ ပိုပြီးကြည်ညိုသပ္ပါယ်တာတွေ ပိုပြီးအံ့ သြဖွယ်တွေဖြင့် ဖူးမျှော်ရမှာဖြစ်၏။
ထိုစေတီကြီးကို တည်ထားကိုယ်းကွယ်ခဲ့သည့် အလှူဒါယကာ ဘယ်မင်းလဲဆိုတာကိုတော့ ကပ္ဗည်းကျောက်စာ မရေးထားခဲ့သည့်အတွက် ဘယ်သမိုင်းပညာရှင်မှ မပြောနိုင်ပါ ခန့်မှန်းမှုတွေနဲ့သာပြောဆိုကြ၏ အေဒီ ၇-ရာစုနှင့် အေဒီ ၈-ရာစုခြား Cailendra (သေလိန္ဒရ) မင်းဆက်မှ တည်ဆောက်ခဲ့သည်ဟု ပြောဆိုကြ၏ စေတီတော်ကြီး၏ အဓိက

Type your summary here.Type the rest of your post here.

No comments: