အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, July 1, 2011

အင်ဒိုနီးရှားခရီးစဉ် (၃၈)


အရှေ့တောင်အာရှ၏ ထေရဒါဒ သမိုင်းအစကို ဖေါ်ထုတ်ချင်နေပါ၏ ထိုင်းတို့များ သုဝဏ္ဏဘူမိဖြစ်ချင်တာနှင့် လေဆိပ် အသစ်ကို သုဝဏ္ဏိဘူမိလို့ နာမည်ပေးပြီး နာမည်ကို သက်သေအဖြစ် ထားချင်ပုံရ၏ မြန်မာပြည်လည်း ဆောက်နေသည့် လေဆိပ်အသစ်ကို သောနုတ္တရ် လေဆိပ်ဟု နာမည်တတ်လိုက်လျှင် ထိုင်းနှင့်အပြိုင်ဖြစ်နိုင်၏။
သုဝဏ္ဏဘူမိသည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံလုံး မဖြစ်နိုင်သလို ဖြစ်လည်းဖြစ်နိုင်ပါ၏ မဖြစ်နိုင်သည့် အကြောင်းအရာ ကတော့ သုဝဏ္ဏဘူမိခေတ်သည် သာသနာနှစ် ၂၃၅-ခု-နှစ်ကဟု ဆိုသောကြောင့် ယ္ခု ခေတ်တိုင်းတာထားသော မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံ မြေပုံသည် ကမ္ဘာပေါ်တွင် ရှိသေးမည်မဟုတ်ပေ မြန်မာရာဇ၀င် ပြန်လှန်ကြည့်မည်ဆိုလျှင် သရေ ခေတ္တရာ(ပျူ) ပထမခေတ် ဒွတ္တဘောင်မင်းကြီး၏မြေး ဒွတ္တရန်မင်း၏သား ရန်ပေါင်မင်းလက်ထက် သာသနာနှစ် ၂၁၆-ခု နှစ်မှ ၂၆၀-ခုသည် သုဝဏ္ဏဘူမိနှင့် ခေတ်ပြိုင်ဖြစ်၏။
မြန်မာအစ တကောင်းကဟု သမိုင်းဆရာတို့ဆိုထား၏ ပထမတကောင်းခေတ် ဒုတိယတကောင်းခေတ် ပထမသရေ
ခေတ္တရာ(ပျူ) ဒုတိယသရေခေတ္တရာ (ပျူ) ခေတ်ပြီးမှ ပုဂံခေတ်ရောက်လာ၏ ပုဂံခေတ်ရောက်သည့်တိုင် ပျူ ဓည၀တီ ရှမ်း ရာမည သုဝဏ္ဏဘူမိတို့တွင် သူ့ဒေသနှင့်သူ အုပ်ချုပ်နေပုံရပါ၏ ပုဂံ အနော်ရထာလက်ထက်ကြမှ ပထမ မြန်မာနိုင်ငံ ကိုတည်ထောင်နိုင်သည်ဟု ဆိုထားသောကြောင့် ရှေးခေတ်အတိုင်းအတာနှင့်ဆိုလျှင် မြန်မာသည်သုဝဏ္ဏဘူမိ မဖြစ်နိုင် ဟု ဆိုရမလိုဖြစ်နေ၏ ယ္ခုခေတ်အတိုင်းအတာနှင့်ဆိုလျှင် မြန်မာလည်းတစိတ်တဒေသ ပါဝင်ပတ်သက်နေသောကြောင့် သုဝဏ္ဏဘူမိ ဟု ဆိုမည်ဆိုလျှင် ဆိုနိုင်ပါ၏။
ထိုင်းနိုင်ငံသည်လည်း ဒွါရ၀တီ အာယုဒ္ဓယ စသည်ဖြင့် သူ့ဒေသနှင့်သူ အုပ်ချုပ်နေပုံရပါ၏ ရှေးခေတ်အတိုင်းအတာ နှင့်ဆိုလျှင် သုဝဏ္ဏဘူမိသည် ထိုင်းမဖြစ်န်ုင်ဟု ဆိုရမှာဖြစ်၏ ခုခေတ်အတိုင်းအတာအရဆိုလျှင် ထိုင်းလည်း တစိတ် တ ဒေသ ပါဝင်ပတ်သက်နေသောကြောင့် သုဝဏ္ဏဘူမိဟု ဆိုကောင်းဆိုနိုင်ပါ၏ မော်လမြိုင် တောင်ပေါက်ဆရာတော်ကြီး ၏ အယူအဆသည် သဘာဝကြသည်ဟု ဆိုရမှာဖြစ်၏ ဆူမတြာကျွန်းနှင့်တကွ ဂျာဗား၊ဘာလီ၊ဘိုနီယို၊ မာလာယု၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့်တကွ မြန်မာနိုင်ငံအောက်ပိုင်း ရာမညဒေသ ဖြစ်သင့်သည်ဟု ဆိုကြောင်း ဖော်ပြထားခဲ့ပါ၏။
သုဝဏ္ဏဘူမိ ပါဠိသည် ရွှေမြေဟုအဓိပ္ပါယ်ရ၏ ရွှေဟုတင်စားခြင်းသည် ရွှေထွက်သည့်နေရာဒေသ ဖြစ်နိုင်သလို အနီ ရောင် အ၀ါရောင်ရှိသော မြေဟုဆိုနိုင်ပါ၏ မော်လမြိုင် တောင်ပေါက် ဆရာတော်ကြီး သုဝဏ္ဏဘူမိဟု ယူဆသောနေရာ တွေသည် အနီရောင် အ၀ါရောင်ရှိသော မြေတွေဖြစ်သောကြောင့် သဘာဝကြသည်ဟု ဆိုခြင်းဖြစ်ပါ၏ ရွှေထွက်သော မြေဟု ဆိုလျှင်လည်း လက်ရှိ စစ်တောင်းမြစ်ဝှမ်းတလျှောက်သည် ရွှေအလွန်ထွက်လျှက် တူးဖေါ်လျှက်ရှိပါ၏။
မွန်ရာဇ၀င်တွင် တချိန်ကသုဝဏ္ဏဘူမိသည် မွန်တို့၏ မြို့ပြနိုင်ငံတခုဖြစ်သည်ဟုဆို၏ သာသနာနှစ် ၂-ရာစု ၃-ရာစုခန့် က ထွန်းကားခဲ့ကြောင်းနှင့် မွန်ပြည်နယ်၊ ကေလာသတောင်ခြေတွင်ရှိပြီး အရေးပါသော ကုန်သွယ်ရေးစခန်း တခုဖြစ် သည် ဟုဆို၏ သုဝဏ္ဏဘူမိသည် အနောက်ဘက်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်အထိ၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံအထိ သြဇာကျယ်ပြန့် ၏။
မြန်မာနိုင်ငံတောင်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော မွန်တို့၏မြို့ပြနိုင်ငံဖြစ်ကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာလဲ သုဝဏ္ဏ ဘူမိ၊သထုံပြည်မှာ ရေဘီလူးတွေက သီရိမာသောကမင်း ရဲ့ မွေးဖွါးခါစ ကလေးတိုင်းကို လာစားလို့ တတိယသင်္ဂါယနာ တင်အပြီးရောက်လာတဲ့ အရှင်သောဏထေရ် နဲ့ အရှင်ဥတ္တရထေရ်တို့က မနုသီဟရုပ်တွေ ဖန်ဆင်းပြီး ဘီလူးတွေကို လိုက်ကြသည်ဟုဆို၏။
ရှေးစာဆိုတပါးမှ ရုပ်ပလီ မနုဿီ ဖင်နှစ်ခွရယ်နဲ့ ယုံရမှာလား-----? ဟုမေးခဲ့ဘူး၏ ရုပ်ကလဲ လူလိုလို နတ်လိုလို ပလီပလာရုပ်နဲ့ နောက်ကလည်း ဖင်နှစ်ခွနဲ့ ဒီလိုတိရစ္ဆာန်မျိုး လူ့ပြည်တွင် တကယ်ရှိခဲ့ဘူးလားဟု မေးထားခြင်းဖြစ်၏ အဲဒီအမေးကို စာဆိုမှ ပြန်ဖြေဆိုရာ--- ဟို--ရှေးယခင် သထုံဘီလူးဝင်စဉ်က ထေရ်အရှင် ဖန်လာပြတယ် ယုံကြစေသား --ဟု ဖြေဆိုထားခြင်းဖြစ်၏ မြန်မာပြည်ဘုရားစေတီများတွင် မနုဿီဟရုပ်တွေ တည်ထားခြင်းသည် ဘီဘူးရန်ကာကွယ် ရန် တည်ထားသော်လည်း သုဝဏ္ဏဘူမိဟု မပြောသော်လည်း ပြောသလို ထောက်ခံပြသနေခြင်း ဖြစ်နေပါ၏။

Type your summary here.Type the rest of your post here.

No comments: