ရန် မဟာစိနတာရာဒေ၀ီ နတ်သမီးကို တီထွင်ပေးကြရပြန်၏ ထိုစိနတာရာနတ်သမီးကို တရုတ်လို ကွမ်ယင်ဟုခေါ်သော အ၀လောကိတေသရ၏ မျက်ရည်မှ ဖြစ်သော ကြာပွင့်မှ ဖွားမြင်ခဲ့သည်ဟုလည်း အဆိုရှိ၏ ထိုစိနတာရာဒေ၀ီ နတ်သမီး ကိုပင် ကွမ်ယင်မယ်တော်အဖြစ် ထုလုပ် ကိုးကွယ်ခဲ့ကြသည်ဟုလည်း ဆိုပြန်၏။
အချို့ကလည်း ကွမ်ယင်ကို အ၀လောကိတေသရအဖြစ် ပုရိသလိင်နှင့် ရှိစဉ်က အမျိုးသမီးများ ကိုးကွယ်ခွင့် မရခဲ့ကြ ထို့ကြောင့် အ၀လောကိတေသရကိုပင် ဣတ္ထိလိင်အသွင်ပြောင်း၍ ကိုးကွယ်ခဲ့ကြသည်ဟု ဆိုပြန်၏ ကွမ်ယင်မယ်တော် သည် လောကသားများ အပေါ်၌ သားသမီးကဲ့သို့ မေတ္တာ ကရုဏာ မျိုးဖြင့် ကယ်တင်စောင့်ရှောက်တတ်သည်ဟု အယူ ရှိကြ၏ ကွမ်ယင်နှင့် ပတ်သက်၍ ဒဏ္ဍာရီ ဇာတ်လမ်း ခပ်ဆန်းဆန်းများလည်း များစွာ ရှိ၏။
ပညာပါရမိတာ နတ်သမီး၊ စိနတာရာဒေ၀ီ၊ ကွမ်ယင်မယ်တော်စသော အမည်အမျိုးမျိုး တို့၏ အခြေခံမှာ အ၀လော ကိတေသရ ဘုရားလောင်းပင်ဖြစ်၏ အ၀လောကိတေသရမှ ပေါက်ပွားသော ရုပ်ပွား ဒေ၀ီများသာဖြစ်၏ အ၀လောကိ တေသရ ကိုးကွယ်မှုသည် မြန်မာနိုင်ငံသို့ သရေခေတ္တရာခေတ်ကပင် ရောက်ရှိခဲ့ဖူးပြီ ဖြစ်၏ ထိုစဉ်က အ၀လောကိတေ သရမှာ ပုဆိုးဝတ်ဖြင့် လာရောက် ကိုးကွယ်ခံခဲ့၏ ကွမ်ယင်မယ်တော် ဆိုသူကား တရုတ်ပြည်ဘက်မှ လှည့်၍ ထဘီဝတ် ဖြင့် ပြန်လည်ဝင်ရောက်လာခြင်းသာ ဖြစ်လေ၏။
မြန်မာပြည် ထေရ၀ါဒ သာသနာအပေါ် မဟာယာန၀ါဒနှင့်တခြားဝါဒတွေ ပါးပါးလွှာလွှာ မသိမသာ ဖုံးလွမ်းလာပုံ။
ရှင်ဥပဂုတ် ကိုးကွယ်မှု
ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုများထဲတွင် မဟာယာနဂိုဏ်းမှ အယူအဆများကို ရောနှော လက်ခံနေသည်ကိုလည်း တွေ့ရ၏ ထိုအယူများအနက် ရှင်ဥပဂုတ် ကိုးကွယ်မှုသည် ရှေ့တန်း၌ ရှိနေလေ၏ ရှင်ဥပဂုတ္တမထေရ်၏ အတ္ထုပ္ပတ်သည် မဟာယာနဂိုဏ်းသုံး ကျမ်းစာဖြစ်သော ဒိဗျာဝဒါနကျမ်းမှ ဖန်တီးပေးလိုက်သောဇတ်လမ်းဖြစ်၏ ရှင်ဥပဂုတ်မထေရ်သည် ဣန္ဒဂုတ္တ၊ အဿဂုတ္တ၊ တိဿနာဂ၊ ဥပဂုတ္တတိဿနာဂ၊ အာဂတ်စတယမုနိဟူသောဘွဲ့မည် အမျိုးမျိုးဖြင့်ထင်ပေါ် ကျော် ကြားသူဖြစ်၏။
ရှင်ဥပဂုတ်မထေရ်နှင့် ပတ်သက်၍ ထေရ၀ါဒပိဋကတ်တော် အဋ္ဌကထာတို့၌ကျယ်ပြန်စွာမရှိပါ ထိုမထေရ် အကြောင်း ကို သာသနာနှစ် ၈၀၀ ခန့်က ရှင်မဟာနာမရေးသော မဟာဝင်ဝတ္ထု၌ဖော်ပြခဲ့၏ ရှင်မဟာနာမသည် မဟာယာနကျမ်းစာ ဒိဗျာဝဒါနမှ ထုတ်ယူ၍ တင်ပြခဲ့ခြင်း ဖြစ်ပါ၏။
မဟာဝင် ကျမ်းလာစကားတို့ကို ယူ၍ မြန်မာကျမ်းပြု ဆရာတို့ကလည်း ဖော်ပြခဲ့ကြပြန်၏ မဟာရာဇ၀င်ကြီး လောက ပညတ္တိကျမ်း ဇိနတ္ထ ပကာသနီကျမ်း တို့တွင် ထိုမထေရ်၏ အတ္တုပ္ပတ်ကို ကူးယူထည့်သွင်းခဲ့ကြ၏ ထိုအခါမှ မြန်မာတို့၏ စိတ်တွင် ရှင်ဥပဂုတ္တ ဟူသော ဇတ်လမ်းသစ်ကို လက်ခံရရှိခဲ့ကြ၏ အစွမ်းကောင်းသော မထေရ်တပါးအဖြစ် မြန်မာတို့၏ နှုတ်ဖြားတွင် တွင်ကျယ်လာခဲ့၏။
ရှင်ဥပဂုတ်မထေရ်သည် တောင်သမုဒ္ဒရာ၌ ကြေးပြာဿဒ်ဖြင့် နေ၏ ယနေ့တိုင် အသက်ရှင်လျှက် ရှိနေသေးသည် ဟုလည်း ကြံကြီးစည်ရာ ယုံကြည်နေကြ၏ ထို့ကြောင့် မြန်မာတို့သည် ရှင်ဥပဂုတ်ပုံကို ထုလုပ်၍ ဖောင်နှင့်မျှောကာ ပူဇော်ပွဲများ ပြုလုပ်ကြ၏။
ရှင်ဥပဂုတ်သည် လေမုန်တိုင်းကျခြင်း မိုးရွာခြင်း ရေလွှမ်းခြင်း မိုးကြိုးပစ်ခြင်း စသောအန္တရာယ်တို့ကို ကာကွယ်ပေး နိုင်မည် ဟုလည်း ယုံကြည်ကြ၏ မြန်မာနိုင်ငံတွင် ရှင်ပြုအလှုပွဲစသည် ပြုလုပ်လျှင် လေမိုးအန္တရာယ်ကင်းစေရန် ရှင်ဥပ ဂုတ်ရုပ်ထုကို ကန်တော့ပွဲဖြင့် တင်သ၍ ပူဇော်ပသထားတာတွေ့ရ၏။
မြန်မာပြည်တွင် နောက်ခေတ်မှတည်ထားသော အချို့သောဘုရားစေတီ အတွင်း၌လည်း ရှင်ဥပဂုတ် ကျောင်းဆောင် များကို ထည့်သွင်းလေ့ရှိကြ၏ မိုးကြိုး အန္တရာယ် စသည်ကင်းစေရန်ဟု ယူဆကြ၏ မြန်မာတွေသည် ရှင်ဥပဂုတ်ကို ထေရ၀ါဒဟုသတ်မှတ်ကာ ကိုယ်းကွယ်နေခြင်းဖြစ်၏ လူကြီးတွေကကိုယ်းကွယ်လို့ လူငယ်တွေ ဆက်လက်ကိုယ်းကွယ် နေခြင်းဖြစ်၏ ထေရ၀ါဒလား မဟာယာနလား သေသေချာချာမသိပါ ရှင်ဥပဂုတ်သည် ထေရ၀ါဒမဟုတ် မဟာယာနသာ
Type your summary here.Type the rest of your post here.
No comments:
Post a Comment