အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, July 8, 2011

အင်ဒိုနီးရှားခရီးစဉ်(၄၅)


ပစ္စည်းများယူလာခဲ့၏ မိဖုရားတွေ၏ ကိုးကွယ်မှုမှ တိဗက်တွင် ဗုဒ္ဓဘာသာ စတင်ခဲ့ပါ၏။
ဆရိုကျန်၏မြေး ခရိလဒေကျူတန် လက်ထက်တွင်(၇၀၄-၇၄၂-အေ-ဒီ) ဥာဏကုမာရ ရဟန်းတော်သည် ဗုဒ္ဓကျမ်း စာ များစွာကို တိဗက်ဘာသာသို့ပြန်ဆိုခဲ့၏ ခရိဆရိုလဒေကျန်ဘုရင် (၇၅၅-၇၉၇-အေ-ဒီ) လက်ထက်တွင် အိန္ဒိယပြည် နာလန္ဒတက္ကသိုလ်မှ အရှင်သန္တရက္ခိတ မထေရ်ကို တိဘက်သို့ပင့်ဖိတ်ပြီး ကျောင်းဆောက်လှူကာ သန္တရက္ခိတ မထေရ်
သည် တိဗက်လူမျိုး ၇-ဦးကို နာလန္ဒတက္ကသိုလ်မှ ရဟန်းတော်များပင့်ဆောင်၍ ရဟန်းခံပေးခဲ့၏ တိဗက်ပြည်တွင် ဗုဒ္ဓ ဘာသာ အုတ်မြစ်ပထမဆုံးချပေးနိုင်ခဲ့ခြင်းဖြစ်၏။
၈၀၄-အေ-ဒီ၊တွင် နန်းတက်သော ခရိလဒေကျန်ပိုဘုရင် လက်ထက်တွင် တိဗက်ဗုဒ္ဓဘာသာ အလွန်ထွန်းပြောင်ခဲ့ ၏ ဗုဒ္ဓဘာသာကျောင်းတိုက်တွေလည်း တိုးတက်ခဲ့၏ ဗုဒ္ဓဘာသာ ကျမ်းစာတွေလည်း တိဗက်ဘာသာသို့ ပြန်ဆိုခဲ့၏ ၈၁၇-အေ-ဒီ၊တွင် နန်းတက်သော ရမကျန်ဘုရင်လက်ထက်တွင် ဗုဒ္ဓဘာသာနိမ့်ကျခဲ့၏ ၁၁-ရာစုရောက်မှ ဗုဒ္ဓဘာသာ
ပြန်လည်ထွန်းကားလာ၏။
ပါလမင်းဆက်တည်ထောင်ခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဂင်္ဂါမြစ်ညာဘက်ကမ်းတွင် တချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သော ၀ိက္ကမသီလာ တက္ကသိုလ်ကြီးရှိခဲ့၏ ထိုတက္ကသိုလ်၏ ကျောင်းအုပ်ဆရာတော်ကြီးတပါးဖြစ်သော အတိဆာ ခေါ် ဒီပင်္ကရညာဏသည် သြဒန္တိပူရိတက္ကသိုလ်၌ ပညာသင်ခဲ့ဘူး၏ သုဝဏ္ဏဒီပတွင်လည်း ပညာသင်ခဲ့ဘူး၏ မြန်မာပြည် ပဲခူးတွင်လည်း ပညာသင်ဘူးခဲ့သည်ဆို၏။
ထို တန္တရမန္တရ ၀ဇိရယာန ၀ါဒရှင် အတိဆာ ခေါ် ဒီပင်္ကရညာဏကို တိဗက်ဘုရင်ဖိတ်ကြားတော်မူသဖြင့် တိဗက်
ပြည်သို့ကြွ၍ သာသနာပြုတော်မူ၏ တိဗက်ပြည်သို့ ၀ဇိရယာနသာသနာ ရောက်ရှိလာခြင်းဖြစ်၏ သို့သော် တိဗက်ပြည်
တွင် ၀ဇိရယာန အမည်မတွင်ကြယ်ဘဲ တိဗက် လာမားသာသနာဟုသာ တွင်ကြယ်လာ၏။
လာမ မှာ တိဗက်ဘာသာဖြင့် မြင့်မြတ်သော ပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ရ၏ အရိယဟူသောစကားကို တိုက်ရိုက်ဘာသာ ပြန်ထားခြင်းဖြစ်၏ တနည်း လာမာ--သည်၊ ဂုရု၊ ခန္ဓာကိုယ်က-သံဃာ၊ စကားက-ဓမ္မ၊ နှလုံးသားက-ဗုဒ္ဓ၊ စိတ်ထားရှိသူဟု ဆို၏၊ ဒလိုင်းသည် မွန်ဂိုစကားဖြစ်၏ ဒလိုင်းလာမာ-ဟူသည် အကြီးမားဆုံးဆရာသမားဟု ဆိုခြင်းဖြစ်၏ ဒလိုင်းလားမာ ဟူသမျှသည် အ၀လောကိတေသရ ဘုရားဝင်စားသူဟု တိဗက်လူမျိုးတို့ ယူဆကြ၏။
တိဗက်ပြည်တွင် အမိတာဘုရား သကျမုနိဘုရား ဘေသဇ္ဇဂုရုဘုရားများကို ကြည်ညိုသူများ၏ မေတ္တေယျဘုရား လောင်း အ၀လောကိတေသရဘုရားလောင်း မဉ္ဇူသီရိဘုရားလောင်းများကို ကိုးကွယ်ကြ၏ တိဗက်လူမျိုးတို့၏ အဓိက စိတ်အ၀င်စားဆုံး အရာသည် အ၀လောကိတေသရ ဘုရားလောင်း ၀င်စားသူဖြစ်၏ တိဗက်လူမျိုးတို့သည် ဘုရားဖြစ် အောင် ကျင့်ဖို့ထက် ဘုရားလောင်းဝင်စား၍ ဘုရားဖြစ်ချင်သူက အများစုဖြစ်၏။
တိဗက်နိုင်ငံတွင် လူငယ်တို့သည် အသက် ၁၁-နှစ်အရွယ် ရဟန်းဘောင်သို့ဝင်ရန် ဘုန်းတော်ကြီးကျောင်းများသို့
သွားရောက်နေထိုင်ရ၏ ရဟန်းခံ ရှင်ပြု အခမ်းအနားတွင် ကျောင်းထိုင်ဆရာတော်အား အဆိုပါလူငယ်များသည် ဗောဓိ သတ္တ ဘုရားလောင်းအဆင့်ကို ကြိုးစားအားထုတ်ပါမည်ဟု ဂတိပေးရ၏ အောက်ပါ အချက်လေးချက်ကိုလည်း တိဗက် ရဟန်းတော်များ သစ္စာအဓိဋ္ဌာန်ဆိုရ၏။
၁။ဤကမ္ဘာကြီးတွင် သတ္တ၀ါတွေ မရေမတွက်နိုင်အောင်ရှိကြ၏ ဤသူအားလုံးကို ငါကယ်တင်နိုင်အောင်ကြိုးစားမည်။
၂။ဤကမ္ဘာတွင် မှားယွင်းသော အတွေးအခေါ် အယူအဆတွေ အများကြီးရှိပါ၏ ယင်းတို့ကို ကွယ်ပြောက်အောင်
ကြိုးစားပါမည်။
၃။ နိဗ္ဗာန်သို့ဝင်ရန် လမ်းတွေ အမျိုးမျိုးရှိပါ၏ ဒီလမ်းတွေအားလုံးမှ ငါဝင်နိုင်အောင် ကြိုးစားမည်။
၎။ ဘုရားဘ၀ဟာ အမြင့်ဆုံးဖြစ်၏ ဤအဆင့်ကိုရောက်အောင် ငါကြိုးစားမည်။
တိဗက်တို့သည် ကလေးဘ၀ထဲက ဘုရားလောင်းဖြစ်ရန် ဘာသာရေးအားဖြင့် စည်းရုံးထားနိုင်တာကို တွေ့မြင်ရ၏ မြန်မာတွေ ရဟန်းခံရှင်ပြုပွဲတော့ အဲဒီလိုခိုင်မာသည့် ရည်ရွယ်ချက်မျိုးမတွေ့ရပါ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်၍
Type your summary here.Type the rest of your post here.

No comments: