က ဓါတ်တခုလုံးကို ချုံး၍ ရေးဆွဲထားသော ပန်ချီကားဟု တနည်းဆိုပြန်၏ မဏ္ဍလများကို အ၀တ်ပေါ် စက္ကူပေါ် နံရံပေါ် ၌ ရေးဆွဲကြ၏ မြေကြီးပေါ်၌မူ အရောင်ဆိုးထားသော ဆန်ဖြင့် ရေးချယ်ကြ၏ သတ္ထုများပေါ် ကျောက်တုံးများပေါ်၌ လည်း ရေးထွင်းကြ၏ တန္တရဂိုဏ်းအသီးသီး၌ မဏ္ဍလများ တမျိုးစီရှိကြ၏။
မဏ္ဍလ အ၀န်းအ၀ိုင်းများတွင် ဘုရားလောင်းပုံ ဘုရားလောင်း အခြံအရံနတ်သားပုံ နှင့် နတ်သမီးပုံများ ရေးဆွဲကြ
၏ မြင်းမိုရ်တောင် စင်္ကြာဝဠာ သမုဒ္ဒရာ တို့ကိုလည်း ရေးဆွဲကြ၏ အချို့ပုံ၌ အုမ်--စသောအက္ခရာများကို သက္ကတစာလုံး ဖြင့်ရေးဆွဲကြ၏ အချို့မဏ္ဍလများ၌ ဗုဒ္ဓနှင့် ဗောဓိသတ္တများသာမက တောတောင်ပင်လယ်များ တစ္ဆေ သရဲ ဘီလူးပုံများ တိတ္တိပုံများ စုံလင်စွာ ထည့်၍ ရေးကြ၏ ထိုမဏ္ဍလများကို မမှိတ်သော မျက်စိဖြင့်ကြည့်၍ အာရုံပြုကာ သမထ ဘာဝနာ ပွားရ၏ မိမိနှင့် စကြာဝဠာကို သုညဖြစ်အောင်ရှု၍ ထပ်တူပြု ပွားများရ၏။
မဏ္ဍလလေးမျိုးမှာ
၁။ မဟာမဏ္ဍလ--စက်ဝိုင်းကြီး။
ဗုဒ္ဓကို တပည့်သာဝကများ ၀ိုင်းရံ၍ ဆေးရောင်စုံ ချယ်ထားသော ရုပ်စုံကားချပ်ဖြစ်၏။
၂။သမယမဏ္ဍလ-သင်္ကေတေ စက်ဝိုင်းကြီး။
ဗုဒ္ဓ အသီးသီးနှင့် သက်ဆိုင်သော သင်္ကေတများ အထိမ်းအမှတ် ပစ္စည်းများဖြင့် ဗုဒ္ဓအစုအဝေးကို ဖေါ်ပြ၏။
၃။ဓမ္မမဏ္ဍလ-နိယာမ ဓမ္မစက်ဝိုင်း။
ရဟန္တာပုဂ္ဂိုလ်အသီးသီးကို ကိုယ်စားပြုသော ဗီဇအက္ခရာများဖြင့် ရေးဆွဲထား၏ (တရုတ်ပြည်ရှိ လားမာဝါဒဖြစ်၏)
၎။ကမ္မမဏ္ဍလ- ရုပ်လုံး ရုပ်တုစက်ဝိုင်း။
ဤရုပ်တုစက်ဝိုင်းမှာ ဗုဒ္ဓဘုရားရှင်တို့၏ ဗုဒ္ဓကိစ္စ ပြုလုပ်ဆောင်ရွက်နေပုံပြ၍ ရုပ်တုများကို စုပေါင်းစီစဉ်ထား၏။
ဥပမာ အင်ဒိုနီးရှား ဂျားဗားကျွန်း၌ရှိသော ဗောရောဗုဓောစေတီ၏ အထက်ပိုင်း အ၀ိုင်းသုံးခုပေါ်တွင် စေတီယံများ ဖြင့် တည်ဆောက်ထားတာကို ကမ္မ မဏ္ဍလဟုခေါ်၏ ဤကမ္မမဏ္ဍလမျိုး ကမ္ဘာပေါ်တွင် ဘယ်နေရာမှ မရှိပါ ဗုဒ္ဓပန်းချီ ကားနှင့် ဗုဒ္ဓရုပ်တုများသည် လျှို့ဝှက်သော ဗုဒ္ဓကာယကိုပြ၍ သင်္ကေတပုံများသည် ဗုဒ္ဓအကြံအစီကိုပြသည်ဟုဆို၏။
လာားမာဘာသာသည် သျှီဗ ခေါ် ပါရမီသွာရ ဟိန္ဒူနတ်အယူဝါဒ မန္တနိ-မန္တရားဝါဒ အိန္ဒိယနှင့် တိဗက် ပြည်တို့ရှိ စုန်း နတ် မှော် ၀ါဒတို့နှင့် ရောပြွမ်းပြီး ဗုဒ္ဓဘာသာ မဟာယာန၀ါဒအပေါ် ပါးပါး လွှမ်းအုပ်ထားသော ၀ါဒဖြစ်ပါ၏ ဤ လားမား ၀ါဒကိုဘဲ ယ္ခုအခါ ၀ဇိရယာနဟု ခေါ်ဆိုခြင်းဖြစ်၏။
ထေရ၀ါဒ မဟာယာန ၀ဇိရယာန တို့ကို လေ့လာပြီးနောက် ဗောရောဗုဓော စေတီကြီး၏ မဟာယာနနှင့် ၀ဇိရယာန တို့ ပတ်သက်နေပုံကို ပြန်လည်ခံစားကြည်ရအောင်။
မဟာယာနနှင့်-၀ဇိရယာန-အမြင် ဗောရောဗုဓော
ဤဗောရောဗုဓော စေတီတော်ကြီးကို (၈)ရာစုတွင် တည်ဆောက်သည်ဟု စေတီတော် သမိုင်းစာပေများက ဆိုပါ၏
(A.D.775)ခုတွင် ပြီးစီးသည်ဟု မှတ်တမ်းပြုထားသည်ကို လေ့လာတွေ့ရှိရပါ၏၊၊ ဤမျှများပြားသော ကျောက်တုံးများကို ပြုပြင်သယ်ဆောင်၍၊ ဤမျှများပြားသော ဆင်းတုတော်များနှင့် ကျောက်ထွင်းဇာတ်ကားရုပ်လုံးများကိုထွင်း၍ တည်ထား လှုခဲ့သော စေတီတော်ကြီး၏ မူလဒါယကာအမည်ကို မှတ်တမ်းများတွင် ရှာဖွေမရချေ၊၊
(A.D.8)ရာစုက ဘုန်းတန်ခိုးကြီးမားသော ဘုရင်တပါးပါးက တည်ဆောက်ခဲ့သည်ဟုသာ မှတ်ယူရပေမည်၊၊ ဘုရင် ချည်းသက်သက်လည်း ဤမျှခန်းနားထည်ဝါသော စေတီတော်ကြီးကို မတည်ဆောက်နိုင် ၊ ပြည်သူ ပြည်သားများလည်း ပါဝင်ရပေမည်၊ များစွာသောအကြောင်းများကို ထောက်ဆ၍ ထိုခေတ်ထိုအခါက အင်ဒိုကျွန်းတခုလုံးသည် ဗုဒ္ဓဘာသာ ၀င်တွေချည်း ဖြစ်မည်မှာ မလွဲနိုင်ချေ၊၊
ဗောရောဗုဓော စေတီတော်ကြီးတည်ခဲ့သော(A.D.8)ရာစုခေတ်က အန္ဒိယပြည်မှစ၍ ပင်လယ်ကမ်းရိုးတမ်းတလျောက် မာလာယုကျွန်း(ခေါ်) ၊ မလေးကျွန်းစု၊ စင်္ကာပူနိုင်ငံ အင်ဒိုနီးရှား ကျွန်းစုအားလုံး ဗုဒ္ဓဘာသာဝင် နိုင်ငံများဖြစ်သည်ဟု
Type your summary here.Type the rest of your post here.
No comments:
Post a Comment