အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, July 4, 2011

အင်ဒိုနီးရှားခရီးစဉ်(၄၁)


လွယ်ကိုကိုင်ဆောင်ထားပြီး အခြားတစ်ဖက်တွင် စာအုပ်ကိုကိုင်ဆောင်ထား၏ ဓားကိုကိုင်ဆောင်ထားခြင်းမှာ မကောင်း မှုပြုသူတို့ကို ချေမှုန်းရန်ဖြစ်၏ စာအုပ်ကို ကိုင်ဆောင်ထားခြင်းမှာ ပါရမီ ၁၀ ပါးကို အမြဲလက်ကိုင်ကျင့်သုံးနေကြောင်း ဖော်ပြ၏။
ဝဇိရပါဏိ ဗောဓိသတ္တ - ဣန္ဒနတ်ကဲ့သို့ ၀ရဇိန်မိုးကြိုးလက်နှက်ကို ကိုင်ဆောင်ထားသည် ယင်းဗောဓိသတ်မှာလည်း မကောင်းမှုကိုပြုလုပ်သူ အပြစ်ကျုးလွန်သူတို့ကို ချေမှုန်းလေ့ရှိ၏။
မေတ္တေယျ ဗောဓိသတ္တ- ယင်းဗောဓိသတ်မှာ အသိမ်မွေ့ဆုံးဖြစ်၏ ယင်းသည် အနာဂတ်ကာလတွင် ဗုဒ္ဓစင်စစ်ဖြစ်မည့် ဗောဓိသတ်ဖြစ်၏။
မဟာယာနတို့သည် ဈာနိဗုဒ္ဓငါးဆူကိုလည်း ကိုယ်းကွယ်ကြ၏ ထို ဈာနီ ဗုဒ္ဓငါးဆူမှာ
(၁) Aksobhua - အက္ခောဘ- မတုံလှုပ် မခြောက်ခြားသောဘုရား၊
(၂) Ratnasambhawa - ရတနာ သမ္ဘ၀ - ရတနာကျောက်မှ ပေါ်ထွက်လာသောဘုရား၊
(၃) Amitabha - အမိတာဘာ - အနန္တအရောင်အလင်းရှိသောဘုရား၊
(၄) Amogasiddha - အမောဃသိဒ္ဓိ - မရှုံးနိုင် အမြဲ ရန်အောင်သောဘုရား၊
(၅) Wairocana - ဝေရောစန - ရောင်ခြည်တော်ဖြင့် တင့်တယ်တော်မူသောဘုရား-များဖြစ်၏။
မဟာယာနအယူတွင် ဂေါတမဘုရားကို လူကဖြစ်သော ဘုရားမဟုတ် သဘောတရား ပရမတ်ဘုရား အဖြစ်ဖြင့် လည်းထား၏ ရှင်ဂေါတမပင်လျှင် ထိုကောင်းကင်ဘုံရှိ ပရမတ်ဘုရားအဖြစ်မှ လောကကို ကယ်ချွတ်ရန် သိဒ္ဓတ္ထ မင်း သား လူသားဘုရားအဖြစ်ဖြင့် ရောက်ရှိလာခြင်းဖြစ်၏ လောကတွင် ကိစ္စပြုပြီး၍ ပရိနိဗ္ဗာန်ပြုပြီနောက် ကောင်းကင်ဘုံ သို့ ပြန်ကြွ သွားလေပြီဟု ယူဆကြ၏။
တချို့ဂိုဏ်းတွေကမူ အ၀လောကိတေသွာရဘုရားကို တည်မြဲသော ဘုရားကြီးအဖြစ်ယူကြ၏ နိဗ္ဗာန်ကိုယူနိုင်ပါလျက် နှင့် မယူသေးဘဲ တစ်လောကလုံးကို နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပြီးမှ သူကတော့ နိဗ္ဗာန်ကိုယူမည်ဟုဆိုကာ လူ့ပြည် သို့ ကိုယ်ပွား ၀င်စားတော်မူ၏ အ၀လောကိတေသွာရ ဘုရားလောင်းသည် အသွင်အမျိုးမျိုး ရှိသကဲ့သို့ နာမည်လည်း အမျိုးမျိုးရှိတတ်၏ မေတ္တာ ကရုဏာလည်း အလွန်ကြီးမားသည်ဟုဆို၏။
အ၀လောကိတေသွာရ ဘုရားကြီး၏ ကိုယ်ပွား ဗောဓိသတ္တများမှာ
ဦးတီဘွား
အရိမေတ္တယျ ဘုရားလောင်း ရုပ်တုကို တရုပ်ဘုရားကျောင်းမျာတွင် များစွာတွေ့ရ၏ အစဉ်ပြုံးနေပြီး ဗိုက်ရွဲရွဲကြီးကို ဖေါ်ထားသော ရဟန်းတပါး ရုပ်တုဖြစ်၏ မြန်မာတွေကတော့ ဦးတီဘွားဟု အသိများကြသော ရုပ်တုဖြစ်၏ ဦးတီဘွား မဟုတ် မဟာယာနတွေ ကိုယ်းကွယ်သော အရိမေတ္တယျ ဘုရားလောင်းရုပ်တုဖြစ်၏။
ကွမ်ယင်
ကွမ်ယင် ကို ဂျပန်ဘာသာဖြင့် ခမ်နွန်ဟု ခေါ်သည် ကွမ်ယင်မယ်တော် ဆိုသော နတ်သည် မဟာယာနဂိုဏ်းကြီးမှ အဓိကထား၍ ကိုးကွယ်သော အ၀လောကိတေသရ ဘုရားလောင်းမှ ဆင့်ပွားယူထားသော နတ်ဖြစ်၏ အ၀လောကိ တေသရသည် မူလက ပုရိသလိင်ဖြစ်သော နတ်တစ်ပါး ဖြစ်၏ အေဒီ ၈-ရာစု နောက်ပိုင်းရောက်မှ ဣတ္ထိလိင်အသွင် ပြောင်း၍ ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်ဟု အချို့က ဆို၏။
ကွမ်ယင်မယ်တော် ဖြစ်ပေါ်လာပုံကို အမျိုးမျိုး ရေးသား ပြောဆိုကြ၏ မဟာယာန ဂိုဏ်းသားတို့သည် ဟိန္ဒူတန္တရ ဂိုဏ်းကို အတုယူ၍ မဟာယာနတန္တရဂိုဏ်းကို ထူထောင်ကြသည် ဟိန္ဒူတန္တရဂိုဏ်းတွင် ဒေ၀ီနတ်မယ် အသွယ်သွယ် ကို ဖန်တီးထားသကဲ့သို့ မဟာယာနတန္တရဂိုဏ်းကလည်း ဒေ၀ီနတ်ပွား အစားစားကို ဖန်တီးကြ၏။
မဟာယာနမှ အ၀လောကိတေသရ ဘုရားလောင်းကိုလည်း ကြင်ရာတော်အဖြစ် ပညာပါရမိတာနတ်မယားကို မွေး ဖွားပေးလိုက်၏ ဤနတ်သမီးမှာ ဘုန်းကြီးများသာ ကိုးကွယ်ခွင့် ရကြ၏ ထို့ကြောင့် သာမန်လူဝတ်ကြောင်များ ကိုးကွယ်
Type your summary here.Type the rest of your post here.

No comments: