Wednesday, July 27, 2011
အင်ဒိုနီးရှားခရီးစဉ်(၅၃)
၈၈ - ချပ်သော ကျောက်ထွင်းပန်ချီကားချပ်များသည် မေတ္တယျဘုရား၏ ထေရုပတ္တိ အဆက် (နောက်ဆက်တွဲ) ဖြစ် ပြီး စတုတ္ထပစ္စယံ balustrade ၀ရန်တာလက်ရန်းရှိ နံရံပေါ်တွင် ဖေါ်ပြထား၏။
၇၂ -ချပ်သော ကျောက်ထွင်းပန်ချီကားချပ်များသည် ကမ္ဘာပေါ်၌ နောက်ဆုံးဗုဒ္ဓအဖြစ် ပွင့်တော်မူမည်ဟု ယူဆသော Samanthabodar (သမန္တဗဒြ) ၏ ဇာတ်လမ်း ထေရုပ္ပတ္တိကို စတုတ္ထပစ္စယံ အဓိကနံရံတွင် ဖေါ်ပြထား၏။
၈၄ -ချပ်သော ကျောက်ထွင်းပန်ချီကားများသည် မေတ္တယျ၏ဇာတ်ကြောင်းကိုဖေါ်ပြပြီး အခြားများပြားသော ကျောက် ထွင်းပန်ချီကားများသည် မမှတ်မိသော (မသိသော)ဇာတ်ကြောင်းဇာတ်လမ်းများဖြစ်ပြီး စတုတ္ထပစ္စယံ balustrade ၀ရန်
တာလက်ရန်း နံရံပေါ်တွင် ဖေါ်ပြထား၏။
ကျောက်ထွင်းပန်ချီကားများ၏ စနစ်တကျ အစီအစဉ်ကို ယေဘုယျ ခြုံငုံကြည်လျှင် Dacabodhita (ဒဿဗောဓိတ) (သို့) ဒဿဘူမိကျင့်စဉ် ဗောဓိသတ္တဘုရားလောင်း၏ ဒဿနကို ထင်ဟပ်ပြသခြင်းဖြစ်၏ ဗောရောဗုဓောစေတီတော်ကြီး ၏ ပထမဆင့် အတွင်းဘက်နံရံရှိ ဗုဒ္ဓ၀င် ဇတ်လမ်းများမှာ မဟာယာန (မူလသဗ္ဗတ္တိဝါဒီ) ဂိုဏ်းသုံး လလိတ၀ိတ္ထာရကျမ်း လာ ဗုဒ္ဓ၀င်ဇာတ်လမ်းကို မှတ်တမ်းတင်ထားခြင်းဟု ယူဆကြ၏ အချို့ကျောက်ဆစ်လက်ရာများမှာ ဒီဗျာဝဒါန ကျမ်းလာ ဇာတ်လမ်းများဟု ယူဆကြ၏။
ဒုတိယ ပစ္စယံ၌မူ ကဏ္ဍဗျူဟာကျမ်းလာ သုဓနုကုမာရမင်းသား၏ ဇာတ်လမ်းကို ထုဆစ်ထားသည်ဟု ပညာရှင်တို့ ယူဆကြ၏ ထို့ပြင် မဟာယာနဂိုဏ်း၌ နာမည်ကြီး ပုဂ္ဂိုလ်ဖြစ်ပြီး ယောဂါစရဂိုဏ်းကို တည်ထောင်သူ အရှင်အာသင်္ဂ၏ အတ္ထုပ္ပတ္တိကိုလည်း ကျောက်ဆစ်ထုထွင်းထားပါ၏။
ဗောရောဗုဓောစေတီတော်ကြီးသည် ရှင်တော်မြတ်ဘုရား၏ ဖြတ်သန်းခဲ့ရပုံများကို ပြသထားသောနေရာ တခုဖြစ်ပါ၏
ဗောရောဗုဓော စေတီတော်ကြီး တည်ဆောက်ပြီးနောက် ရာစုအားဖြင့် တရာစုခွဲခန့်တွင် အမှောင်အတိ ဖုံးလွမ်းခဲ့သော အချိန်ကာလထဲသို့ ကျရောက်ခဲ့ပါ၏ ထိုအချိန်သည် Cailendra (သေလိန္ဒရ) Kingdom မင်းဆက် အုပ်ချုပ်မှု၏ ကျဆုံး ချိန်ဖြစ်၏ ဗောရောဗုဓော စေတီတော်ကြီးကို လျှစ်လျှူရှုထားသောအချိန်ဖြစ်၏။
ဗောရောဗုဓော စေတီတော်ကြီး တည်ဆောက်ထားသောနေရာသည် ဂျာဗားကျွန်းအလယ်ပိုင်းတွင်ဖြစ်၏ ဘေးပတ် လည်တွင် မီးတောင်ကြီးလေးခု ၀ိုင်းရံထား၏ သက္ကရာဇ် ၁၀၀၆-ခုနှစ်တွင် မီယာပီ (Merapi) မီးတောင်ကြီး ပေါက်ကွဲသ ဖြင့် ဗောရောဗုဓော စေတီတော်ကြီး၏ ပတ်ဝန်းကျင်တွင် နေထိုင်ကြသော လူသားများသည် မြေပြိုကျမှုနှင့် မီးတောင်မှ ထွက်သော မီးကျီးခဲများ ချော်ရည်ပူများ ပြာပူများ အန္တရာယ်မှ လွတ်ရာ လွတ်ကြောင်း ထိုနေရာမှ ပြောင်းရွေ့သွားကြ၏ ဂျားဗားကျွန်း ၏ အရှေ့ဘက်ချမ်း၌ နေရာသစ်ကိုရှာဖွေကာ နေထိုင်ကြ၏ ထိုသို့ပြောင်းရွေ့သွားခြင်းမှာ အခြား မသေချာ မရေရာသော အကြောင်းပြချက်တွေလည်း ရှိသေးသည်ဟုဆို၏။
မီးတောင်မှထွက်သော ပြာမှုန့်များက စေတီတော်ကြီးတခုလုံးကို ဖုံးလွမ်းသွားပြီး လူသူစွန့်ပစ်ခြင်းခံရ၍ စေတီတော် ကြီးမှာ တောကြီးမျက်မဲထဲ၌ တဆူတည်း အထီးကျန်စံမြန်းခဲ့ရ၏ နှစ်ပေါင်း ၈၀၀ - ရာကျော်ကြာမြင့်ခဲ့၏ ဗုဒ္ဓဘာသာဝင်
တွေ ကွယ်ပြောက်လာကာ တခြားဘာသာဝင်တွေများလာတာနှင့် ဗောရောဗုဓောစေတီကြီး တစတစ မှေးမှန်လာ၏။
ထိုဂျာဗားကျွန်းသည် လျှင်လျှင်မြန်မြန် စည်ပင်ဝပြောလာသော်လည်းအံ့မခမ်း လက်ရာတွေနှင့် ပြည့်စုံသော ဗောရော ဗုဓော စေတီတော်ကြီးကိုယ်တော့ အားလုံးလျှစ်လျှူရှုကာ စည်ကားခြင်းလည်းမရှိတော့ပါ ရှင်းလင်းခြင်းလည်းမရှိတော့ပါ
တောခြုံတွေအောက်တွင် ရေညှိတွေ အထပ်ထပ်သည် စေတီတော်ကြီးကို ဖုံးလွှမ်းထားလေတော့၏ သဘာဝဘေးဒဏ် တွေဖြစ်သော ငလျှင်ဘေးနှင့် မိုးကြိုးဒဏ်တို့ကိုလည်း စေတီတော်ကြီး အကြိမ်ကြိမ်ခံခဲ့ရ၏ ဗောရောဗုဓော စေတီတော် ကြီးကို လူသားတွေ ရာစုနှစ်ပေါင်းများစွာ မေ့လျှော့ထားကြ၏။
၁၇-ရာစုခန့်အတွင်း ဗောရောဗုဓော စေတီတောမြတ်ကြီး၏ သတင်းအချက်အလက်အချို့ကို Babad Tanah Jawi (ဘာဘက်တာနဂျာဝိ) တွင် မှတ်တမ်းတင်ခဲ့၏ ထို့ပြင် Jogokata (ဂျော့ဂျကာတာ) မင်းသားသည် ထောင်ချီရှိသော ဗုဒ္ဓ ရုပ်ပွားတော်များတည်ရှိရာ ဗောရောဗုဓော စေတီတော်ကြီးကို အလယ်အပတ် လာရောက်ပြီးနောက် သေဆုံးသွားခဲ့
Type your summary here.Type the rest of your post here.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment