နိဗ္ဗာန်ကို လျှင်မြန်စွာ မျက်မှောက်ပြုပါရခြင်း အကျိုးငှာဟု ဆိုတော့ဆို၏ ဆိုကာမျှသာဟု ထင်ရပါ၏ တကယ်နိဗ္ဗာန်သို့ ရောက်အောင်ကျင့်မည့်သူ ပါမည်မထင်ပါ။
တိဗက်တို့ ဘုရာလောင်းဝင်စားသူ ရှာဖွေပုံကလည်း သူတို့လူမျိုးတွေ စိတ်ဝင်စားကြ၏ ဘုရားလောင်းဝင်စားသူဟု ရဟန်းတပါး ဓါတ်စီး၍ တိကျစွာပြောဆိုလျှင်သော်လည်းကောင်း ဒလိုင်းလားမာ မကွယ်လွန်မီ မိမိဝင်စားမည့် ဒေသကို ညွန်ပြ၍သော်လည်းကောင်း ဘုရားလောင်းဝင်စားသူကို ရှာဖွေကြရ၏ အကြောင်းအရာ ခိုင်လုံအောင် စုံစမ်းစစ်ဆေးပြီး မှ လက်ခံအတည်ပြုကာ ကိုယ်ဝန်ဆောင် ဖြစ်ချင်ဖြစ်စေ ရင်ခွင်ပိုက် ကလေးငယ် ဖြစ်ချင်ဖြစ်စေ ဤကလေးငယ်ကို ဘုရားလောင်းဟု အသိအမှတ်ပြုကာ ပြုစုစောင့်ရှောက်ပြီး ဒလိုင်းလားမာအဖြစ်ခန့်ကြ၏။
တိဗက်ရဟန်းတော်တို့သည် သိမ်ဝင်၍ ရဟန်းခံခြင်း ဥပုတ်ပြုခြင်း စသော ၀ိနည်းသိက္ခာပုဒ်အချို့ကို လိုက်နာ၏ မဂ္ဂင်ရှစ်ပါး သစ္စာလေးပါး ပဋိစ္စသမုပ္ပါဒ်စသော ဘုရားတရားတော်များကိုလည်း လက်ခံကျင့်သုံးကြ၏ သို့ရာတွင် ဘုရား တရားတော်ကို ကျင့်ခြင်းထက် ရွတ်ဖတ်ခြင်းက ပိုမိုလွန်ကဲတာကို တွေ့မြင်ရ၏ ဘုန်းတော်ကြီးများသည် ဘုရားကျောင်း တွင် စုဝေး၍ ဘုရားဂုဏ်တော်များ သုတ္တန်များ မန္တာန်များကို အကြိမ်များစွာ ရွတ်ဖတ် ပူဇော်ကြ၏။
လူဝတ်ကြောင်များမှာမူ ဘုန်းကြီးကဲ့သို့ ရွတ်ဖတ်ရန် အချိန်မရသဖြင့် စာအုပ်များကို စည်ပိုင်းထဲ ထည့်၍လှည့်ကြ၏ လှည့်သော အပတ်အရေအတွက်တိုင်း ရွတ်ဖတ်ရာ ရောက်သဖြင့် ရွတ်ဖတ်သကဲ့သို့ပင် ကုသိုလ်ရသည်ဟု အယူရှိ၏ စင်္ကြာဘီးများတွင် ဘုရားရှိခိုးဂါထာနှင့် ဆုတောင်းများရေး၍ ထိုဘီးကိုလှည့်လျှင် လည်သလောက် ကုသိုလ်ရသည်ဟု ယူဆသောကြောင့် လေအတိုက်တွင် လည်စေရန် တိုင်ထိပ်တွင် စင်္ကြာဘီးတပ်၍လည်းကောင်း ချောင်းရေအစီးတွင် လည်စေ၍လည်းကောင်း ထိုဘီးလည်တိုင်းကုသိုလ်ရနေသည်ဟု ယူဆကြ၏။
တိဗက်ဘုရားစေတီများတွင် ဘုရားဖူးရောက်လာသူတိုင်း ဥုံ မဏိ ပဒ္မေ ဟုံ (ပတ္တမြားရတနာနှင့်တူသော ဗုဒ္ဓကိုယ် တော်သည် ပဒုမ္မာကြာပွင့်ကြီးထဲက ဖြစ်ထွန်းပေါ်ပေါက်လာသလိုပဲ အကျွန်ုပ်ရဲ့ နှလုံးအိမ်မှာလဲပဲ ဗောဓိဥာဏ်သည် ဖြစ်ထွန်းပါစေ) ဂါထာ ရေးထားသော လက်နဲ့ကိုင်ပြီး လှည့်လို့ရသည် ဆုံလည်ပေါ်တွင် တင်ထားသည့် ခပ်သေးသေး စည်ပိုင်းပုံစံမျိုး လေးတွေ များစွာတွေ့ရ၏ လှည့်သူတိုင်း ကုသိုလ်ရသောကြောင့် ရောက်သူတိုင်းလှည့်ကြ၏။
တိဗက်တွေသည် ဘုရားရှိခိုးသည့်နေရာမှာ သူတို့စိတ်ဓါတ်ကို အတုယူစရာကောင်းပါ၏ ကြိမ်ဖန်များစွာ တစ်မနက် လုံး တစ်နေ့လုံး တစ်ညလုံး ရှိခိုးနေကြတာတွေ့ရ၏ အကြိမ်တွေ များစွာရှိခိုး၏ မြန်မာလို ထိခြင်းငါးပါးနှင့်အညီ ရှိခိုးသည့် ပုစံမျိုးမဟုတ် မတ်တတ်ရပ်ကာ နဖူးပေါ်လက်အုပ်ချီပြီး ခေါင်းပေါ် မြှောက်၍ နဖူးသို့ တစ်ဆင့်ချ၊ မေးစေ့သို့ တစ်ဆင့်ချ၊ ရင်ဘတ်သို့ တစ်ဆင့် လျှော့ပြီးတော့ လက်နှစ်ဘက်ကို ဆန့် ပြီးတော့ ရှေ့ပစ်ပြီး၊ ဝမ်းလျားမှောက်ချလိုက်ခြင်းဖြစ်၏။
နောက်တစ်ခါ ပြန်ထ၊ ဒီအတိုင်း ရှိခိုး။ နောက်တကြိမ်ပြန်ထ ဒီအတိုင်း ရှိခိုးတာတွေ့ရ၏၊ မြေကြီးပေါ် သမံတလင်းပေါ်
မြက်ပေါ်မှာဆိုရင် ရှေ့ပိုင်းတစ်ကိုယ်လုံးဟာ ပေကျံနေတာတွေ့ရ၏ ဆောင်းတွင်းကြီး ချမ်းချမ်းစီးစီးနဲ့ အေးနေတဲ့ အချိန် မှာလဲ ဘုရားရှိခိုးနေတဲ့ တိဗက်တွေ အများကြီးတွေ့ရ၏ သူတို့ရှေ့နားမှာ ပုတီးလုံးလေးတွေ ချထား၏ လက်ဖျားရဲ့ ထိပ် နားမှာ ပုတီးကုံးလေး ကိုင်ထားကာ တစ်ကြိမ်ဦးချပြီးရင် သူတို့က ပုတီးတစ်လုံးဆွဲ လိုက်၏ တစ်ကြိမ်ပြီးတိုင်း ပုတီး တစ် လုံး ဆွဲလိုက်၏ မတ် တတ်ထလိုက်၊ ဖုံးကနဲ ဝမ်းလျားမှောက်လိုက် မတ်တတ်ထလိုက် ဖုံးကနဲ ဝမ်းလျားမှောက်လိုက်နဲ့ တိဗက်တွေ အတော် အပင်ပန်းခံ အတော်ဇွဲကောင်းသည်ဟု ချီးမွမ်းရမှာဖြစ်၏။
သြော် သဒ္ဓါတရားများ ကောင်းလိုက်တာ ဘုရား ကြည်ညိုလို့ ရှိခိုးတယ်ဆိုတဲ့နေရာမှာ သူတို့က အားပါးတရကြီး ရှိခိုး ကြတာတွေ့ရ၏ အကြိမ်ပေါင်း ရှစ်သောင်းလေးထောင် ရှိခိုးနိုင်ရင် အပါယ်လေးပါး တံခါးပိတ်တယ်''လို့ သူတို့ဆရာ လားမာတွေက သင်ပေးထားသောကြောင့် ရှိခိုးနေခြင်းဖြစ်၏ အချို့များ ရှစ်သောင်းလေးထောင်ကျော်လို့ တစ်သိန်း တောင်ရောက်နေပြီ သူတို့ရဲ့ သဒ္ဓါတရား ဘယ်လောက် ကောင်းသလဲ။ အသက်ခန္ဓာ စွန့်ချင်စွန့်ရပါစေ ဆိုတဲ့ စိတ်ဓာတ် နှင့် ရှိခိုး နေကြတာဖြစ်၏။
တိဗက်တွေ မဏ္ဍလ လေးမျိုးဖြင့် ရေးဆွဲပူဇော်တာလည်း တွေ့မြင်ရ၏ မဏ္ဍလဆိုသည်မှာ အ၀န်းအ၀ိုင်းဖြစ်၏ လော
Type your summary here.Type the rest of your post here.
No comments:
Post a Comment