အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, July 3, 2011

အင်ဒိုနီးရှားခရီးစဉ်(၄၀)


မဟာယာနတို့သည် သဘောတရားရေးအမြင် ခိုင်မာခြင်းမရှိပါ လောကနှင့် လိုက်လျှောညီထွေလုပ်တတ်၏ ၀ိနည်း သိက္ခာပုဒ်များကို ပြင်ချင်သလိုပြင်တတ်၏ သူတို့မကြိုက်တာတွေ နှုတ်ပယ်၏ သူတို့ကြိုက်တာတွေ ထည့်တတ်၏ အမျိုး
သမီးများနှင့် စာမတတ်သူများကို မဂ်ဖိုလ်ရရေးကို ဦးစားပေး ဆောင်ရွက်ကြ၏။
ထက်မျက်သော စာပေပညာရှင် ရဟန်းတော်များ မဂ်ဖိုလ်ရရန် မလွယ်ဟုဆိုကြ၏ ခေတ်ပေါ်စာပေများကို အလေး ထားကြ၏ ဗုဒ္ဓကို တကယ်လူသားစစ်စစ်မှ ကောင်းကင်ဘုံသို့ ပို့လိုက်ကြ၏ ဗုဒ္ဓအစစ်သည် လူ့ပြည်၌ ပဋိသန္တေမနေ ဖန် ဆင်းရှင်ရုပ်ပွားဖြစ်သည့် နိမ္မတရုပ်သာလျှင် လူ့ပြည်၌ ပဋိသန္တေနေဟန် တောထွက်ဟန် တရားဟောကြားဟန် ဆွမ်းစား နေဟန် စသည်တို့ကို ပြုမူ၏ လူတို့၏ မျက်စိ၌ တကယ့်လူသားဟု ထင်မှတ်စေ၏။
သာကီနွယ်ဖွား ဂေါတမဘုရားသည် နိဗ္ဗာန်ဘုံ၌ စံနေတော်မူသော ဗုဒ္ဓအစစ်၏ ကိုယ်ပွားသာဖြစ်၏ဟု ယူဆကြ၏ ဘုရားလောင်း ဗောဓိသတ္တများကို တီထွင်ကြ၏ ဗောဓိသတ္တ၀ါဒကို မဟာယာနသာ ယုံကြည်သည်မဟုတ် ဟီနယာနဖြစ် သော သဗ္ဗတ္တိဝါဒဂိုဏ်းကလည်း ယုံကြည်၏ လေးစားလိုက်နာ၏။
မဟာယာန၏ ယာနဟူသောစကားမှာ ၁-သာဝကယာန၊ ၂-ပစ္စေကယာန၊ ၃-ဗုဒ္ဓယာနတို့ဖြစ်၏ ယာနဟူသော ပါဠိ စကားမှာ လှေ လှည်း ရထား စသော စီးသွားစရာ ယဉ်တို့ကိုဆို၏ သွားခြင်းဟူသော အဓိပ္ပါယ်လည်းရနိုင်၏ ဗုဒ္ဓဘာသာ တွင် သံသရာကို သမုဒ္ဒရာရေပြင် သဏ္ဍာန်ထား၍ မဂ္ဂင်တရားကို လှေဖေါင်သဏ္ဍာန်ဖြင့် ကူးသွားနိုင်ပုံကို ဥပမာ ပြလေ့ရှိ ၏ ဤသို့အားဖြင့် နိဗ္ဗာန်သို့ ကူးသွားသောယဉ် (၀ါ)အကျင့်တရားဟု အဓိပ္ပါယ်ရ၏။
ဆိုခဲ့ပြီးသော ယာနသုံးမျိုးတွင် ၁-သာဝကယာနသည် ရိုးရိုးသာဝက လူ ရဟန်း အဖြစ်ဖြင့် ကျင့်၍ ရဟန္တာဘ၀ကို ရောက်ရခြင်းကိုဆို၏ ၂-ပစ္စေကဗုဒ္ဓယာနသည် ရဟန္တာထက် အဆင့်မြင့်သော ပစ္စေကဗောဓိဥာဏ်ကို ရရှိခြင်းကိုဆိုလို၏
၃-ဗုဒ္ဓယာနသည် ပစ္စေကဗောဓိထက်မြင့်သော အမြင့်ဆုံး ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခြင်း ရရှိခြင်းကိုဆို၏။
ထိုသုံးမျိုးတို့တွင် ပထမနှစ်ပါးမှာ မိမိတစ်ကိုယ်တည်းသာ နိဗ္ဗာန်သို့ ကူးနိုင် ရောက်နိုင်၍ တကိုယ်ကောင်းအကျင့်သာ ဖြစ်၏ သတ္တ၀ါတို့ကို ကယ်တင်နိုင်သော အကျင့်မျိုးမဟုတ် ဗုဒ္ဓယာန ဘုရားအကျင့်သည်သာလျှင် သတ္တ၀ါးအများကို ကယ်တင်နိုင်၏ ဤဗုဒ္ဓယာနသည် အမြတ်ဆုံးဖြစ်သည်ဟု တွေးခေါ်လာကြရာက ဗုဒ္ဓယာနကို လက်ခံကျင့်သုံးသော ဂိုဏ်းကိုသာ မဟာယာနဂိုဏ်းဝင်ဟု လက်ခံကြ၏။
ဗောဓိသတ္တ ဘုရားလောင်းသည် သတ္တ၀ါတို့အပေါ်၌ သနားကြင်နာလှသဖြင့် မွေးဖွားခြင်း ဇာတိဒုက္ခ သေဆုံးခြင်း မရဏဒုက္ခမှ မကြောက်နိုင်ရှာဘဲ သံသရာစက်ဝိုင်းသို့ဝင်ရောက်၍ ဆင်းရဲဒုက္ခခံရ၏ မိမိတဦးတည်း နိဗ္ဗာန်သို့ ရောက်စေ နိုင်မည့် ရဟန္တာကျင့်စဉ် (သာဝကယာန) ဘုရားငယ်ကျင့်စဉ် (ပစ္စေကဗုဒ္ဓယာန) တို့ကို လုံးဝပယ်၍ ဘုရားလောင်းလမ်း စဉ် (မဟာယာန) တခုတည်းကို လက်ခံကျင့်သုံးကြသည်ဟုဆို၏။
ရှင်အဿဃောသ က စခဲ့သော မဟာယာန၀ါဒကို ရှင်နာဂအဇ္ဇုနက ဆက်လက်ဆောင်ရွက်ကာ သာသနာနှစ် ၉၀၀-
ခန့်တွင် ဂုဏ်တော်များဖြင့် ထင်ရှားတော်မူသော ဘုရားတဆူအဖြစ် ကိုးကွယ်နိုင်ရန် အချုပ်အချာ ဘုရားတဆူဖြစ်သော
အမိတာဘာ မည်သော ဘုရားကို တီထွင်ခဲ့လေသည် အမိတာဘာ မှာ အတိုင်းအရှည် အဆုံးမရှိသော အရောင်ရှိသော ဘုရားဟု အဓိပ္ပါယ်ရ၏။
အမိတာဘာ ဘုရားမှာ တရုတ်ပြည်တွင် အထင်ရှားဆုံးသော ဘုရားတဆူဖြစ်၏ နိဗ္ဗာန်ဘုံဖြစ်သော သုခ၀တီပြည်ကြီး
တွင် တည်ရှိနေတော်မူသည်ဟု ယူဆကြ၏ ထိုသုခ၀တီ နိဗ္ဗာန်ဘုံရှိ အမိတာဘာ ဘုရားကြီးမှာ လောကနှင့် တိုက်ရိုက်
ဆက်ဆံခြင်းငှာ မဖြစ်နိုင်သဖြင့် အမိတာဘာ ဘုရားကြီးနှင့် လောကကို ဆက်သွယ်ရန် ဘုရားလောင်များထားရှိကြ၏။
မဟာယာနတို့ ကိုးကွယ်သော ဗောဓိသတ္တခေါ် ဘုရားလောင်းများအနက် ထင်ရှားသော ဗောဓိသတ္တကို ဤသို့တွေ့ရ ၏။ အ၀လောကိတေသရဗောဓိသတ္တ။ ။ ယင်းဗောဓိသတ်မှာ အထင်ရှားဆုံးဖြစ်သည်။ ကြင်နာသနားတတ်သော ဗောဓိ သတ်ဖြစ်၍ အ၀ီစိငရဲသို့ ကျရောက်နေသူများကိုပင် ကယ်တင်သူဖြစ်၏။
မဉ္ဇူသီရိဗောဓိသတ္တ- လူသားတို့အား အမှန်တရားကို နားလည်စေရန် လှုံ့ဆော်ပေးသူဖြစ်၏ လက်တစ်ဖက်တွင် ဓား
Type your summary here.Type the rest of your post here.

No comments: