အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, July 15, 2011

အင်ဒိုနီးရှားခရီးစဉ်(၄၈)


ပထ၀ီသမိုင်းကဆိုပါ၏ ဗုဒ္ဓဘာသာဆိုသော်လည်း ထေရ၀ါဒထက် မဟာယာန၀ါဒ ဗုဒ္ဓဘာသာဝင်တွေက ပိုပြီးအင်အား တောင့်တင်းတာကို တွေ့မြင်ရမည်ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ဗောရောဗုဓော ဘုရားကြီးသည်ပင် မဟာယာန ကျေးဇူးကြောင့် ပေါ်ထွန်းထွက်ပေါ်လာခြင်း
ဖြစ်သည်ဟု ဗောရောဗုဓော စာအုပ်တွင်ဆိုထား၏ ဗောရောဗုဓောဘုရားသည် မဟာယာနစာပေ၏ ဒသဘူမိသုတ် ဗောဓိသတ္တ ဘုရားလောင်းကျင့်စဉ် ဆယ်ပါးနှင့်အညီ တည်ဆောက်ထားခြင်းဖြစ်၏။
ထိုဒသဘူမိသုတ်ဆိုသည်မှာ--
(၁) Pramudita - ပမုဒိတာ - ၀မ်းမြောက်မှု၊
ဒဿနမဂ် (သောတာပတ္တိမဂ်) ဖြင့် အမြင်မှားများကို ဖယ်ရှား၏ ပုဂ္ဂလသုညတာနှင့် ဓမ္မသုညတာကို ထိုးထွင်းသိ၏
အမြင့်ဆုံး ၀မ်းမြောက်မှုကို ရသောကြောင့် ပမုဒိတာ အဆင့်ဟုခေါ်အပ်၏။
(၂) Vimala - ၀ိမလ - စင်ကြယ်မှု၊
အကျင့်စာရိတ္တ ဖြူစင်၏ စင်ကြယ်သောသီလရှိ၏။
(၃) Prabhakari – ပဘာကရ - ထွန်းလင်းတောက်ပမှု၊
ဘာဝနာမဂ် အထက်မဂ်သုံးပါးဖြင့် အမြင်မှားများကို ဖယ်ရှား၏ ခန္တီပါရမီနှင့်ပြည့်စုံ၏။
(၄) Arcismati - အာစိသမတိ - အကုသိုလ်စိတ် မရှိမှု။ (သို့) ပညာပဒီပ - ပညာဆီမီး၊
အာစိသမတိ - ဗောဓိပက္ခိယ ၃၇ ပါးကိုကျင့်ခြင်း။
ပညာပဒီပ - ပညာ၏ ဖေါက်ထွင်းမြင်နိုင်စွမ်း တိုးလာ၏ ၀ိရိယပါရမီနှင့်ပြည့်စုံ၏။
(၅) Sudurgaya - သုဒုဇ္ဇယ - အပရာဇိတ - မရှုံးနိုင်၊
ရန်သူနှင့် ယှဉ်ပြိုင်ရာ၌ အနိုင်မခံ မရှုံးနိုင်သောအဆင့် ဖြစ်၏ သမာဓိပါရမီနှင့်ပြည့်စုံ၏ သမ္မုတိသစ္စာ ပရမတ္တ
သစ္စာနှင့် လျှော်ညီစွာ စိတ်၏တည်ကြည်မှု သမာဓိနှင့်ပြည့်စုံ၏။
(၆) Abhimuki - အဘိမုခိ - စိတ်အားဖြင့် ရှေးရှုရောက်ခြင်း၊
ပညာပါရမီနှင့်ပြည့်စုံ၏ သန့်ရှင်းမှု ညစ်ပေမှု နှစ်ပါးကို ဥက္ခောပြုနိုင်၏။
(၇) Durangama - ဒူရင်္ဂမ - အဝေးရောက်အောင် သွားနိုင်စွမ်းရှိ၏၊
သာဝကယာနနှင့် ပစ္စေဗုဒ္ဓယာနဟူသော တကိုယ်ကောင်းဝါဒကို စွန့်ပယ်၍ ရှေ့သို့ တဆင့်တက်လာ၏ ဥပါယ
ပါရမီနှင့်ပြည့်စုံ၏ သတ္တ၀ါအားလုံးအပေါ်၌ မဟာကရုဏာရှေ့ထား သနားကြင်နာ၍ သတ္တ၀ါတို့ အကျိုးစီးပွားကို
ဆောင်ရွက်၏။
(၈) Acala - အစလ - မတုန်မလှုပ် တည်ငြိမ်မှု၊
ပဏိဓာနခေါ်သော အဓိဋ္ဌာန်ပါရမီနှင့် ပြည့်စုံ၏ အမှတ်လက္ခဏာကင်းမဲ့သော (အလက္ခဏာ) အမြင်ဖြင့်
အရာရာကိုမြင်၏ လွတ်လတ်စွာ လှည့်လည်သွားလာ၏။
(၉) Sadhumati - သာဓုမတိ - ကောင်းသောဥာဏ်ပညာ၊
အဘိဥာဏ်ဆယ်ပါးကိုရ၏ ဗလပါရမီနှင့်ပြည့်စုံ၏ ကျွတ်ထိုက်သောပုဂ္ဂိုလ် (ဘဗ္ဗ) မကျွတ်ထိုက်သောပုဂ္ဂိုလ်
(အဘဗ္ဗ) ခွဲခြား၍ နေရာတိုင်း၌ တရားဟော၏။
(၁၀) Dharmamegha - ဓမ္မမေဃ - တရားမိုးတိမ်၊
တရားမိုး ရွာသွန်းဖြိုးခြင်းဖြစ်၏ မိုးသည် ညီမျှစွာ နေရာအနှံ့အပြား ရွာသွန်းသကဲ့သို့ တလောကလုံး၌
အညီအမျှ တရားဟော၏။
(ဤ နောက်ဆုံးအဆင့်မှာ ဗုဒ္ဓအားကိုယ်စားပြုနိုင်သော ပြည့်စုံသော ဗောဓိသတ္တအဆင့်ဖြစ်၏)
ဤ ဗောရောဗုဓော ဘုရားကြီးကို ဗောဓိသတ္တကျင့်စဉ် ဒသဘူမိ အဆင့် ဆယ်ဆင့်ဖြင့် တည်ဆောက် ထားသော်

Type your summary here.Type the rest of your post here.

No comments: