အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, July 6, 2011

အင်ဒိုနီးရှားခရီးစဉ်(၄၃)


ဖြစ်၏။
နဂါးကိုယ်းကွယ်မှု
နဂါးကိုးကွယ်မှုသည် ယခုအခါ မြန်မာနိုင်ငံ၌ မရှိတော့ပါ အနော်ရထာမင်း လက်ထက် ကိုးကွယ်မှု သန့်စင်ရေးကို ဆောင်ရွက်စဉ်က အပြီးအပိုင် ပျောက်ကွယ်ခဲ့ပြီဖြစ်၏ သို့သော် အကြွင်းအကျံတော့ရှိသေး၏ အနော်ရထာ မတိုင်မီက မြန်မာနိုင်ငံ၌ နဂါးကိုးကွယ်မှုများ ထွန်းကားခဲ့ဖူး၏ မြန်မာ့ရှေးဦးရာဇ၀င်တို့ကို ကြည့်လျှင် နဂါးကိုးကွယ်မှု အမှတ်သင်္ကေ တများကို တွေ့ရှိရသည်။
မြန်မာရာဇ၀င်၌ ပျူစောထီးမင်း၏ အမိသည် နဂါမင်းသမီး ဖြစ်သည်ဆို၏ ဒွတ္တပေါင် မင်း၏ မိဖုရား ဘေစန္ဒီသည် လည်း နဂါးမင်း၏ သမီးဖြစ်သည်ဟုဆို၏ ထိုသူတို့မှာ နဂါးကိုးကွယ်သူ နဂါးဘာသာဝင်များဟူ၍ ယူဆရမည်ဖြစ်၏ နဂါး ကိုးကွယ်မှုသည် ညောင်ဦး စောရဟန်းမင်း လက်ထက်တွင် အထွန်းကားဆုံး ဖြစ်၏ ထိုမင်းသည် မိမိနေထိုင်ခဲ့ရာ သခွား ယာခင်းထဲ၌ နဂါးရုပ်ကြီး ပြုလုပ်ထား၏ နဂါးသည် လူတို့ထက် မြတ်သည်ဟု ဆိုကာ ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်၏။
အနော်ရထာမင်းလက်ထက် ရောက်သောအခါ နဂါးကိုးကွယ်မှု ပျောက်ကွယ်သွား၏ မြန်မာနိုင်ငံ၌ နဂါးကိုးကွယ်မှု ပပျောက်သွားသော်လည်း နဂါးနှင့် ပတ်သက်သော အယူအဆများ လက်ခံယုံကြည်နေကြဆဲ ဖြစ်၏ နဂါးသည် တစ်နှစ် လျှင် ၄-ကြိမ်မျှ ဦးခေါင်းပြောင်းလေ့ ရှိသည်ဆို၏ နဂါးဦးခေါင်းသည် တပေါင်း၊ တန်ခူး၊ ကဆုန်လတို့၌ အနောက်သို့ လှည့်၏ နယုန်၊ ၀ါဆို၊ ၀ါခေါင်လတို့၌ မြောက်သို့ လှည့်၏ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့၌ အရှေ့ သို့ လှည့်၏ နတ်တော်၊ ပြာသို၊ တပို့တွဲလတို့၌ တောင်ဘက်သို့ လှည့်သည်ဟု ဆို၏။
တစ်စုံတစ်ယောက်သည် နဂါးခံတွင်းသို့ မ၀င်ရ နဂါး၏ အကြေးခွံကို လှန်မသွားရ သွားလျှင် ကံဆိုးမိုးမှောင် ကျတတ် ၏ နဂါး၏ ၀မ်းကို ဖောက်သွားမှသာလျှင် ကံကောင်းပြီး ချမ်းသာသုခနှင့် ကြုံရ၏ ဤအယူအဆဖြင့် လူတို့သည် အိမ်ယာ ပြောင်းလျှင်လည်းကောင်း၊ ခရီးသွားလျှင်လည်းကောင်း နဂါးလှည့်သင့်အောင် စောင့်ဆိုင်းနေလေ့ ရှိကြ၏။
ယခုအခါ ခေတ်မီ အတွေးအမြင် ရှိသူတို့ကမူ ထိုအယူအဆကို လက်မခံကြတော့ပါ အစိုးရ၀န်ထမ်းတို့မှာ လုပ်ငန်း ပြောင်းရွှေ့လျှင် နဂါးလှည့်သင့်အောင် စောင့်နေ၍မရပါ နဂါး လှည့်ကို ယုံကြည်၍လည်း မဖြစ် အချိန်မဆိုင်း ရွှေ့ကြရ၏
သို့ရာတွင် ရှေးဟောင်းယုံကြည်မှုကို လက်ခံနေကြသော ကျေးလက်နွယ်ဖွား အရပ်သူ အရပ်သားများကမူ နတ်နှင့် နဂါး မလှည့်စား နှင့်၊ ဟူသော ခြောက်လုံး လှန့်လုံးကြီးတွေဖြင့် ခြောက်လှန့်တုန်းရှိသေး၏။
ဗေဒင် ယတြာစသည်များ
ထေရ၀ါဒပါဟု ဆိုကြသော ရဟန်းတော် အချို့နှင့် ရိုက်စား ဘိုးတော် မယ်တော်များသည် ဗုဒ္ဓ၏ ဒေသနာတော်ကို ကျောခိုင်းပြီး ဖြတ်လမ်းမှ ကြီးပွားမည့်နည်းကိုရှာကြ၏ ကြားရသောအသံ၊ မြင်ရသောအဆင်းသဏ္ဍာန်တို့ကိုစွဲ၍ အတိတ်
နမိတ်ကောက်ယူလေ့ရှိသော အယူအဆများကို ယုံကြည်စွဲလမ်းကြ၏။
ဗေဒင် ယတြာ ဓာတ်ဆင် ဓာတ်ရိုက် အင်္ဂ၀ိဇ္ဇာ အတိတ် တဘောင် စသည်များကို အားကိုး၏ မိမိစေတနာမှ ပေါက် ဖွားလာသော ကံ၏အကျိုးပေးမှုကို မယုံကြည်ချေ မကောင်းစေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြ၏ စစ်မှန်သော ဗုဒ္ဓသာသနာတော်မှ သွေဖည်ယိမ်းယိုင်နေသည့် ကယ်တင် စောင်မနိုင်သည် ဆိုသူများကို အားကိုးတကြီး တွယ်ကပ်ပူဇော်ကြ၏။
သူရဿတီ လက်ချမီး စန္ဒီ ကွမ်ယင် စသည့် သာသာနာပမယ်တော်များ မဟိန္ဒရာ သူတော်စင် ဆိုင်းဘာဘာစသော ဖကီးကြီးများ ဆာဒူးကြီးများ ယက္ကန်းစင်တောင် ရှင်မထီး ဘိုးဘိုးအောင် ဘိုးမင်းခေါင်စသော ၀ိဇ္ဇာဓိုရ်များ စစ်မှန်သော ဗုဒ္ဓဘာသာအလိုအရ နတ်စရင်းမ၀င်သော သုံးဆယ့်ခုနှစ်မင်းနတ်များ ဗေဒင်ဟူးရား အခါပေး ပညာရှင်ဆိုသူများအား ဆည်းကပ် လေ့ရှိကြ၏ မြန်မာပြည်ရှိ ထေရ၀ါဒကို တဖြေးဖြေး ၀ါးမြိုနေသောဝါဒများဖြစ်ပါ၏ သတိဖြင့် ဆင်ချင်ရန်ဖြစ်၏ ဘာသာပျောက်လျှင် လူမျိုးပါပျောက်မည် လူမျိုးပျောက်လျှင် နိုင်ငံပါပျောက်ပါမည် ဆင်ခြင်ပြီးကိုယ်းကွယ်တတ်ပါစေ။
မဟာယာနဗုဒ္ဓဘာသာသည် ဂျပန် ကိုရိယား ထိုင်ဝမ် တရုပ် မွန်ဂိုလီးယား ဘူတန် နိပေါ စင်္ကာပူ မလေး စသော

Type your summary here.Type the rest of your post here.

No comments: