အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, July 22, 2011

အင်ဒိုနီးရှားခရီးစဉ်(၄၉)


လည်း ထိုဆယ်ဆင့်ကို အကျဉ်းချုံးလိုက်သော် အဆင့်သုံးဆင့်သာ ကိုယ်စားပြုတော့၏။
ထိုသုံးဆင့်တွင်
The Kamadhatu ကာမဓာတု ( ကာမဘ၀ ကာမဘုံ) အဆင့်တွင် (၁) ပမုဒိတာ (၂) ၀ိမလ (၃) ပဘာကရ တို့ပါဝင်၏ ထို ကာမဓာတု (ကာမဘ၀ ကာမဘုံ) အဆင့်တွင် တိရစ္ဆာန်များ လူများနှင့် အဆင့်နိမ့် သတ္တ၀ါတို့အဆင့်ကို ဖေါ်ပြ၏ ကာမဓာတု (ကာမဘ၀ ကာမဘုံ) ၌ဖြစ်သော ကျောက်ထွင်း ရုပ်လုံး ရုပ်ကြွများကို ဗောရောဗုဓောဘုရား၏ အောက်ခြေ နံရံတွင် ထွင်း၍ ဖေါ်ပြခဲ့၏ Kamawibangga (ကာမ၀ိဘာဂ)မှ ဇာတ်ဝင်ခန်း ဗုဒ္ဓ၀င်များကို အကျိုးနှင့် အပြစ် မြင်သာအောင် ဖေါ်ပြခဲ့၏ ထိုကာမဓာတု အဆင့်သည် ဗောရောဗုဓောဘုရား၏ ပလ္လင်တော် (သို့) ဖနပ်တော် အောက်ခြေနံရံကို ဆိုခြင်းဖြစ်ပါ၏။
The Rapadhatu ရူပဓာတု (ရူပဘ၀ ရူပဘုံ) အဆင့်တွင် (၄) အာစိသမတိ(သို့)ပညာဒီပ၊ (၅) သုဒုဇ္ဇယ (၆) အဘိမုခိ (၇) ဒူရင်္ဂမ -တို့ပါဝင်၏ ထိုအဆင့်တွင် အခြေခံ စိတ်ဆန္ဒများသည် ငြင်းခုံဖွယ်ရာဖြစ်ပြီး မြင့်မြတ်သော စိတ်ဆန္ဒပေါ်ထွန်း
ရန် စတင်လာခြင်းဖြစ်၏ သို့ပေမဲ့ လူများကိုစံပြုထိုက်သော ၀ိသေသလက္ခဏာများနှင့် လူများ၏ ဖွဲ့စည်းမှု ပုံသဏ္ဍာန်များ
က သက်ရောက်အကျိုးရှိဆဲဖြစ်၏။
ဗောရောဗုဓော၏ Pupadhatu ရူပဓာတု (ရူပဘ၀-ရူပဘုံ) အဆင့်လေးပိုင်းဖြင့် ပုံဝတ္ထုဖွဲ့ထား၏ balustrades ၀ရန်တာ လက်ရန်းများပေါ်တွင် ခြံစီးရိုးပုံစံ အပြင်ဘက်ခြမ်း၌ အနားသတ်ပုံဖြင့်ထွင်းထား၏ ထိပ်ဆုံးတွင် စေတီအသေး တခုဖြင့် balustrade ၀ရန်တာ လက်ရန်းအပေါ်ပိုင်း (ထိပ်ပိုင်း) မျက်နှာပြင်ကို ကျောက်ထွင်း ရုပ်လုံး ရုပ်ကြွများဖြင့် ဆက်ဆပ်စွာ (အဆက်အဆပ်)ဖေါ်ပြထား၏။
နံရံကိုထွင်ထားသော ကျောက်ထွင်း ရုပ်လုံး ရုပ်ကြွများတွင် ဘုရားရုပ်ပွားတော်ပါဝင်သော နံရံများလည်းရှိ၏ စေတီ တော်ကြီးနှင့် Balitawistara (ဘာလီတာဝစ်တရာ) Jakata (ဂျာကာတာ) Awadana (အ၀ါဒနာ) နှင့် Gandawyuda (ဂန်ဒေါ်ယုဟ) ၏ သမိုင်းကြောင်းများကို ဖေါ်ပြထား၏ ထိုအရာများသည် Sanskrit (ဆန်စခရစ်) manuscripts မူရင်း မှတ်တမ်းကို အခြေခံ၍ တင်ပြခြင်းဖြစ်၏ ထိုရူပဓာတုအဆင့်သည် ဗောရောဗုဓောဘုရား၏ စတုရန်းပုံ အဆင့်လေးဆင့် ကို ဆိုခြင်းဖြစ်ပါ၏။
The Arupadhatu အရူပဓာတု (အရူပဘ၀-အရူပဘုံ) အဆင့်သည် (၈) အစလ (၉) သာဓုမတိ (၁၀) ဓမ္မမေဃ တို့ဖြင့် ဖွဲ့စည်းထား၏ ထိုအဆင့်တွင် နာမ်များ စုပေါင်းထားသော နေရာဖြစ်၏ ၄င်းအဆင့်တွင် လောဘ မောဟ စသော ပုံသဏ္ဍာန်များ လုံးဝမရှိပေ။
ဤအဆင့်တွင် စတုရန်းပုံသဏ္ဍာန်သည် ပြောင်းလဲခြင်းသဘောဆောင်၏ အဓိကနံရံအဆင့်သည် အ၀ိုင်းပုံသဏ္ဍာန် ဖြစ်၍ အဆုံးမရှိ အစမရှိ ဆိုသည့် ပြယုဂ်ကိုဖေါ်ဆောင်၏ နောက်ဆုံးအဆင့်တွင် balustrade ၀ရန်တာလက်ရန်း မပါရှိ သည်ကို တွေ့မြင်ရ၏ နံရံတွင် ကျောက်ထွင်းပန်းချီကား အဆင်းတန်ဆာများမရှိ ပကတိလုံးဝန်းသော ပုံသဏ္ဍာန်သာဖြစ်
၏ သဘာဝကျောက် တုံးများဖြင့် ညီညီညာညာ စီထားသော စင်္ကြန်ပတ်လမ်းကိုသာ တွေ့မြင်ရ၏။
ထို Arupadhatu အရူပဓာတု (အရူပဘ၀-အရူပဘုံ) အဆင့်သည် တရားထိုင်ခြင်းလောကနှင့် ၀ိပဿနာနှင့် ပတ် သက်သော လူများအဆင့်ဖြစ်၏ ထိုအရူပဓာတု အဆင့်သည် စေတီတော်၏ အထက်ပိုင်း အရံစေတီတော်တွေ ၀ိုင်း၍ တည်ဆောက်ထားသော အဆင့်သုံးဆင့်ကိုဆို၏ ထိုစေတီတော်များသည် အခေါင်းပေါက် (အပေါက်ပါသော) ခေါင်း လောင်းပုံသဏ္ဍာန် စေတီငယ်များဖြစ်၏။
ထိုစေတီများ၏ အရေအတွက်သည် အောက်ခြေအဆင့်တွင် ၃၂-ဆူ၊ အလယ်အဆင့်တွင် ၂၄-ဆူ၊ အထက်အဆင့် တွင် ၁၆-ဆူရှိ၏ စေတီပလ္လင်တော် အ၀ိုင်းပေါ်တွင် စနစ်တကျ အဆင့်လိုက်စုစည်းထား၏ ထိပ်ဆုံးတွင် အကြီးဆုံးစေတီ
(ပင်မစေတီ) သို့မဟုတ် ဗောရောဗုဓော၏ အဓိက ပင်မစေတီတော်ကို တည်ထား၏။
ပထမဆင့် စေတီငယ် ၃၂-ဆူနှင့် ဒုတိယဆင့် စေတီငယ် ၂၄-ဆူသည် စိန်ပုံသဏ္ဍာန် အခေါင်းပေါက်(လှိုဏ်ခေါင်း)

Type your summary here.Type the rest of your post here.

No comments: