အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, July 7, 2011

အင်ဒိုနီးရှားခရီးစဉ်(၄၄)


နိုင်ငံများတွင်ထွန်းကား၏ ထေရ၀ါဒသာသနာထွန်းကားသည့်နိုင်ငံနှင့် မဟာယာနသာသနာထွန်းကားသည့်နိုင်ငံတွေနှင့် နှိုင်းယှဉ်လိုက်လျှင် နိုင်ငံအရွယ်အစား လူဦးရေ စီးပွားရေး များစွာကွာဟနေတာကို တွေ့မြင်ရမည်ဖြစ်၏ ထေရ၀ါဒ ဗုဒ္ဓ သာသနာထွန်းကားသည့် နိုင်ငံတွေသည် နိုင်ငံငယ်၏ လူဦးရေနည်း၏ စီးပွားရေးညံ့၏ ထို့ကြောင့် ထေရ၀ါဒ သာသနာ ကမ္ဘာတွင် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်ခြင်းဖြစ်၏။
မဟာယာနသာသနာ ထွန်းကားသောနိုင်ငံတွေသည် နိုင်ငံကျယ်၏ လူဦးရေများ၏ စီးပွားရေး ဖွံ့ဖြိုး၏ တိုင်းပြည် ချမ်း သာတော့ သာသနာပါ ချမ်းသာတာတွေ့ရ၏ ဂျပန်တွင် မဟာယာနကျောင်းတခုကိုရောက်ဘူး၏ ခမ်းနားထယ်ဝါလှသည့် အဆောက်အဦးတွေဆောက်ထား၏ မဟာယာနသာသနာ၏ လုပ်ဆောင်ချက်တွေကိုလည်း ကြွေရောင်စက္ကူ စာစောင် တွေဖြင့် ဖြန့်ဝေတာတွေ့ရ၏ အဓိကပုံတွေမှာ ဆင်းရဲသည့်နိုင်ငံတွေမှာ ပညာရေး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေ သောပုံတွေဖြစ်၏ လူမှုရေးလုပ်ငန်းဆိုတာ လူတိုင်းစိတ်ဝင်စား၏ လှူချင်သည့် လူတွေလည်းများလှ၏။
မဟာယာနသာသနာ ကြီးပွားခြင်းအကြောင်းက လူမှုရေးလုပ်ငန်းကို သာသနာဝန်ထမ်းတွေ စိတ်ဝင်တစား လုပ် ဆောင်ခြင်း စီးပွားရေးပြည့်စုံ၍ လူမှုရေးလုပ်ငန်းများကို လှူချင်သည့် ပုဂ္ဂိုလ်များပြားခြင်း နာမည်ရအောင် လုပ်စားသည့်
စိတ်မရှိဘဲ တကယ့်စေတနာဖြင့် လုပ်ကိုင်ခြင်း စေတနာမှန်၍ ရောင်ပြန်ဟပ်ခြင်းဖြစ်ပါ၏။
ဝဇိရယာန
ဝဇိရမှာ စိန်ဟုဆိုလို၏ မကြေမပျက်နိုင်သော သဘောရှိ၏ စိန်သည် အရာရာတိုင်းကို ဖေါက်ထွင်းနိုင်၏ စိန်သည် ကြည်လင်တောက်ပ၏ မာကျော၏ တနည်းအားဖြင့် မိုးကြိုးလက်နှက်ကို ၀ဇိရဟုခေါ်၏ ထက်မြက်ပြင်းထန်၏ မိုးကြိုး ဒဏ်ကို မည်သည့်အရာမျှ မခံနိုင် ထို့ကြောင့် နိဗ္ဗာန်ကို စိန်နှင့်ဥပမာပြု၍ မကြေမပျက်အောင် ပြုလုပ်ပေးသော လမ်းစဉ်
ကို ၀ဇိရာယာနဟုခေါ်၏ ခန္ဓာကိုယ်ကို နတ်ပြည်သို့ ပို့ပေးမည့် ယာဉ်ကြီးဟုဆို၏။
ဝဇိရယာနကို သာသနာနှစ် ၁၁၄၄-၁၁၉၄ ခုနှစ်ခန့်က ဒုတိယနာဂအဇ္ဇုန စတင်တီထွင်၏ အိန္ဒိယအရှေ့ပိုင်းဒေသများ
ဘင်္ဂေါနယ် အာသံတောင်တန်း နှင့် အိန္ဒိယ အနောက်ပိုင်း ပက်ရှဝါတို့၌ ဤ၀ါဒထွန်းကား၏ ၀ဇိရယာနဂိုဏ်းသည် မဇ္ဇ-
သေရည်သေရက် မူးရစ်ဆေးဝါးကိုမှီဝဲ၏ မံသ--အမဲသားငါးကိုစား၏ မေထုန မေထုန်မှီဝဲ၏ ဤ၀ါဒသည် ပုဂံပြည် အနော်
ရထာ မတိုင်မီက ထွန်းကားခဲ့သည့် အရည်ကြီးဝါဒနှင့်ထပ်တူဖြစ်၏။
တန္တရအနွယ်ဖြစ်သော ၀ဇိရယာန ရဟန်းများသည် ရဟန်းတော်များ မလုပ်သင့်သော အလုပ်ကို လုပ်ခြင်းကျင့်ခြင်း ကြောင့် သာသနာနှစ် ၁၀၀၀- ကျော်တွင် မဟာယာနမှ တန္တရမန္တယာန၀ါဒ တန္တရမန္တရ၀ါဒမှ ၀ဇိရယာနသဟဇယန၀ါဒ သည် အိန္ဒိယတွင် ကွယ်ပြောက်ကာ တိဗက်သို့ ရွှေ့ပြောင်းလေတော့၏။
တိဗက်ပြည်သို့ ရောက်လာသော ဗုဒ္ဓဘာသာ မဟာယာနဂိုဏ်းမှာ တရုပ်ပြည်က တဆင့်ရောက်လာခြင်းမဟုတ်ပါ အိန္ဒိယမှ (AD 650) လောက်တွင် တိုက်ရိုက်ရောက်လာခြင်းဖြစ်၏ တိဗက်သို့ ရောက်လာသောဝါဒမှာ တန္တရမဟာယာ နဖြစ်၏ ၀ိဇ္ဇာယနတန္တရ၀ါဒ စုန်း နတ် ပယောဂတို့ဖြင့် ယောနှောနေသောဝါဒဖြစ်၏ တိဗက်ပြည်သို့ ရောက်လာချိန်တွင် တိဗက်လူမျိုးတို့ ယုံကြည်လက်ခံထားသော စုန်း နတ် ပယောဂ ဂါထာ မန္တာန် တို့နှင့် ထပ်မံရောနှောသွားတော့၏ ထို့ ကြောင့် ထိုဝါဒကို လားမာယာန လာမ ဂိုဏ်းဟု ခေါ်ဆိုကြ၏။
တိဗက်နိုင်ငံကို စတင် တည်ထောင်သောဘုရင်မှာ ဆရိုကျန်ဆဂန်ပို ဘုရင်ဖြစ်၏ ရ-ရာစု မတိုင်မီက တိဗက်လူမျိုး
တို့သည် နေရာဒေသသတ်မှတ်မှုမရှိဘဲ ရေကြည်ရာမျက်နုရာ လျှောက်နေသော လူမျိုးဖြစ်၏ ဆရိုကျန်ဆဂန်ပိုဘုရင် စစ် ဘုရင်တဦးဖြစ်လာမှ တစုစီ ကွဲပြားနေသော တိဗက်လူမျိုးတို့အား စုစည်း၍ တိဗက်စစ်တပ်တခုကို တည်ထောင်ကာ အာသံမှ ကသ္မီအထိ ဟိမ၀န္တာနယ်မြေတခုလုံးနှင့် တရုပ်ပြည်နယ် ၃-ခုပါ သိမ်းပိုက်ပြီး နယ်မြေချဲ့ခဲ့၏။
တိဗက်ဘုရင်သည် သူ၏ကျယ်ပြန့်သော နိုင်ငံ၏ မြို့တော်ကို လာဆာကို ရွေးချယ်သတ်မှတ်၏ ဆက်သလာသော နိပေါဘုရင်သမီးတော် ခရိကျုန်နှင့် တရုတ်ဘုရင်သမီးတော် ကုန်ဂျိုကို မိဖုရားအဖြစ်တင်မြောက်၏ တရုတ်ဘုရင့်သမီး တော်မှ ဗုဒ္ဓရုပ်ပွားတော် တဆူပင့်ဆောင်လာ၏ နိပေါဘုရင့်သမီးတော်မှလည်း ဗုဒ္ဓဘာသာနှင့် စပ်သော လက်ဆောင်

Type your summary here.Type the rest of your post here.

No comments: