အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, July 25, 2011

အင်ဒိုနီးရှားခရီးစဉ်(၅၁)


ကြ၏ ဘုရားလောင်းတွေသာ သတ္တ၀ါတို့ကို ကယ်တင်ရေးလုပ်ဆောင်နိုင်၏ ဈာနီဗောဓိသတ္တသည် ဘာဝနာစီးဖြန်းခြင်း စွမ်းအား၏ ရှင်းလင်းချက်(သိသာသောအရာ)ဖြစ်ပြီး Buddha Samadhi ( ဗုဒ္ဓသမာဓိ) မှ ရရှိခြင်းဖြစ်၏။
ဗောရောဗုဓောဘုရားကို တည်ထားကိုယ်းကွယ်သူတို့၏ နံရံထွင်းပုံဖေါ်ပန်းချီကားတွေမှ ပြောပြနေသည့် လျို့ဝက်သော အရာမှာ ဗောရောဗုဓောဘုရားသည် ဆဋ္ဌမမြောက် Wajrasatta (၀ဇိရသတ္တ) ဘုရားဖြစ်၏ ဈာနိဗုဒ္ဓ ငါးဆူကို လွှမ်းမိုးနိုင် ၏ ဈာနိဗုဒ္ဓငါးဆူကို လွှမ်မိုးနိုင်သော နေရာတွင်ထားကာ ကျောက်ထွင်းပန်းချီကား ထုဆစ်ထားတာတွေ့ရ၏။
ဝဇိရသတ္တဘုရားကြီးသည် ဈာနိဗုဒ္ဓ ဘုရားအားလုံး၏ အကြီးအကဲ ခေါင်းဆောင်ဘုရားဟု သတ်မှတ်ပြီး ထိုဝဇိရသတ္တ ဘုရားကြီး ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်း စွမ်းအား၏ အကျိုးဆက်ကြောင့် ဈာနိဗုဒ္ဓများ ထွက်ပေါ်လာသည်ဟု တချို့က ထင်မြင်ယူဆ၏ ထိုကမ္မဋ္ဌာန်း စွမ်းအားများသည် စကြာဝဠာ၌ တည်ရှိနေသော အရာများ၏ သိသာရှင်းလင်းစေသော အဓိက အကြောင်း အရင်းဖြစ် လက်ခံထား၏ Adi Buddha (အာဒိဗုဒ္ဓ) သို့မဟုတ် Wajradhara (၀ဇိရဓရ) သို့မဟုတ် Wajrasattwa (၀ဇိရသတ္တ) ဟူ၍ ခွဲခြားမရဟုဆို၏။
ဗောရောဗုဓော စေတီတော်ကြီးတွင် ထိုင်၍သတင်းသုံးနေသော ဆင်းတုတော်များ မတ်တပ်ရပ်အနေအထားဖြင့် သီ တင်းသုံးနေသော ဆင်းတုတော်များ ၅၄၀-ရှိ၏ ၇၂ -ဆူသော Wajrasttwa (၀ဇိရသတ္တ) ဗုဒ္ဓသည် လှိုဏ်ခေါင်း အပေါက်
ပါသော အရံစေတီငယ်အတွင်းတွင်ရှိပြီး စေတီတော်ကြီး၏ ထိပ် (အပေါ်ပိုင်း) စက်ဝိုင်းပုံသဏ္ဍာန် ပစ္စယံသုံးထပ်တွင်ရှိ၏
၆၄ -ဆူသော Wairocana (ဝေရောစန) ဗုဒ္ဓသည် ပဉ္စမဆင့် ပစ္စယံ ပတ်ပတ်လည်ရှိ ကျောက်အုပ်ချပ်နံရံများတွင်ရှိ၏။
၂၇၆ - ဆူသော Dhyani (ဈာနိ) ဗုဒ္ဓသည် အောက်ဘက်အပိုင်း ပစ္စယံ သုံးဆင့်၏ ပတ်ပတ်လည်ရှိ ကျောက်အုပ်ချပ်
နံရံများတွင်ရှိ၏ ဘုရားအားလုံးသည်(ကျောင်း ပရ၀ုဏ်၏ တခါးပေါက်လေးခုစီသို့ မျက်နှာမူနေ၏) နာရီ အိမ်မြှောင်လက်
တံ၏ အဓိက (၄)မှတ် အရပ်လေးမျက်နှာကို မျက်နှာမူထား၏။
ဗုဒ္ဓရုပ်ပွားတော်များကို လက်အနေအထားအရ မုဒြာအမျိုးမျိုး ခွဲခြားနိုင်၏ ယေဘုယျအားဖြင့် ဗုဒ္ဓရုပ်ပွားတော်အားလုံး သည် ပုံစံဆင်တူကြ၏ တင်ပလင်ခွေထိုင် သတင်းသုံးနေကြတာများ၏ သင်္ကန်းအ၀တ်သည် ညာဘက်ပခုံးပေါ် သင်္ကန်း လွှမ်းမခြုံထားပုံလည်းတူညီ၏ ဗုဒ္ဓ၏ သင်္ကန်းအ၀တ်အစားများသည် ခေါက်၍ချထားပြီး ၀တ်ဆင်ရ၏ အတွင်းခံသင်းပိုင် သည် ခြေဖ၀ါး ခြေထောက်များကြောင့်သာ အနည်းငယ်မြင်ရ၏။
ဦးခေါင်းအထက်တွင် ဆံကျစ်-ဆံထုံးရောင် ရိုတိုးရိတ်တိတ် ဆံပင်များရှိနေ၏ ကွေးကောက်၍ ခွေနေသော ဆံပင်များ သည် နာရီလက်တံ ရွေ့လျှားခြင်း ဦးတည်ချက်ပုံစံရှိ၏ မျက်ခုံးနှစ်ခုကြားတွင် သိသာထင်ရှားသော အစက်သည် အမြဲ တန်းရှိ၏ ဗုဒ္ဓရုပ်ပွားတော်များကို ကျောက်ထွင်းပန်ချီကားအဖြစ် ထုဆစ်၍ပူဇော်ခြင်းမှတပါး ထူးထူးခြားခြား ဖေါ်ပြမှုမရှိပါ ရံဖန်ရံခါအားဖြင့် Manushi Buddha မနုရှီဗုဒ္ဓ Dhyani Buddha (ဈာနိဗုဒ္ဓ) နှင့် Sakhyamuni (စကြာမုနိ) ကဲ့သို့ လက်
အနေအထား ပုံသဏ္ဍာန် မုဒြာ များကိုတွေ့ရှိရ၏။
The Unfinished Buddha (မပြီးဆုံးသေးသော ဘုရားဆိုသည်မှာ) အဘယ်ကို ဆိုလိုပါသနည်း တချို့ကဆိုကြ၏
ထိုဘုရားသည် အိန္ဒိယပုံစံ စကြာမုနိပုံစံ ဗုဒ္ဓရုပ်ပွားတော်ဟုဆို၏ အခြားသူများက ထိုဘုရားသည် ပြီးပြည့်စုံအောင် မပြု
လုပ်ရသေးသောကြောင့် Lord Adi Buddha (အာဒိဗုဒ္ဓ) ၏ ရုပ်ပွားတော်ဖြစ်၏ဟုဆို၏ ထိုအဆိုပြုချက်များသည် စိတ် ကျေနပ်ဖွယ်ရာ အဖြေတခုမဟုတ်ကြောင်း တွေ့မြင်ရ၏။
၅၀၄+၁-ဆူသော မြတ်ဗုဒ္ဓဆင်းတုတော်များသည် နှစ်ကာလ ကြာမြင့်လာသောကြောင့် အနိစ္စသဘောအရ ပျက်စီး ရသလို အချို့မှာလည်း ရှေးဟောင်းယဉ်ကျေးမှုအမွေ လောဘမုဆိုးတွေ၏ လက်ချက်ကြောင့် ပျောက်ဆုံးနေပါ၏ ရုပ်ပွား တော်အချို့မှာ ကိုယ်ခန္ဓာများကျိုးပဲ့နေပါ၏ ရုပ်ပွားတော်တဆူမှာ ဦးခေါင်းတော်မရှိတော့ပါ ထိုရုပ်ပွားတော်တွေ၏ ပျက်စီး ရခြင်း၏ အကြောင်းမှာ သေသေချာချာ မပြောနိုင်ပါ။
သဘာဝဘေး မြေငလျှင်ကြောင့် ပျက်စီးနိုင်သလို သက်ဝင်ယုံကြည်မှုမရှိသော တခြားဘာသာဝင်တွေ၏ ဖျက်စီးမှု လည်း ဖြစ်နိုင်၏ တချို့သော လူများသည် မိမိကိုယ်ကျိုး စီးပွားရေးအတွက်လည်း အသုံးချနိုင်၏ ရှေးဟောင်းယဉ်ကျေးမှု

Type your summary here.Type the rest of your post here.

No comments: