အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, August 5, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၁)


ဆရာတော် ဘဒ္ဒန္တ ကုဏ္ဍလဇောတိ၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ ၀ါယမိန္ဒာဘိဝံသ၊ ဆရာတော် ဘဒ္ဒန္တ ကောဝိဒ၊ ဆရာတော် ဘဒ္ဒန္တ လာဘ၀ံသ၊ ဆရာတော် ဘဒ္ဒန္တ ၀ိသုတ၊ တို့ဖြစ်၏။
အင်ဒိုနီးရှားဆရာတော်များဖြစ်ကြသော လုမ္ဗိနိသဘာဝဥယျာဉ် အကြံပေးဘုတ်အဖွဲ့မှ YM Jinadhammo မဟာထေရ်
YM Bhikkhu Pannasami ရဟန်းတော်နှင့် အင်ဒိုနီးရှား ဗုဒ္ဓဘာသာရေးရာဋ္ဌာနမှ အထွေထွေဒါရိုက်တာ Drs.Budi Seti awam,MSC တို့သည် အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြုကာ တက်ရောက်ချီးမြှောက်ခဲ့ကြ၏။
မြန်မာနိုင်ငံမှ ဧည်ုသည်တော်များဖြစ်ကြသော ဒုဗိုလ်မှုးကြီး ဦးကြိုင်ရန် (မြန်မာနိုင်ငံဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့၏ အထွေ ထွေမန်နေဂျာ) ဒုဗိုလ်မှုးကြီး ဦးမောင်နီ (Agamna Buddhist-၏ ဥက္ကဋ္ဌ) ဦးရဲမြင့် (ဗြိတိသျှနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှုး) Mr. Big Kyi Mg Oo (အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံမှုး) တို့ တက်ရောက်ချီးမြှောက်ခဲ့ကြ၏။
၂၀၁၀- ဧပြီလ- ၈-ရက်နေ့တွင် ဗုဒ္ဓဆင်းတုတော်များနှင့် ဓါတ်တော်များကို ဋ္ဌာပနာထည့်၍ အရံစေတီငယ် ၈-ဆူကို ရွှေ တိဂုံ ပုံတူစေတီ တော်ကြီး၏ ပတ်ပတ်လည်တွင် တည်ထားပူဇော်တော်မူ၏ ထိုတည်ထားကိုယ်ကွယ်မှုကိုလည်း အခမ်း အနာငယ်တခုအဖြစ် ၂၀၁၀- ဧပြီ ၁၈-တွင် အရံစေတီငယ် ၈-ဆူ ဋ္ဌာပနာပိတ်ခြင်းအဖြစ် ကျင်းပခဲ့၏။
ရွှေထီးတော်တင်ခြင်းနှင့် စိန်ဖူးတော်တင်ခြင်းမင်္ဂလာ
အခမ်းအနားနောက်ဆုံးအဆင့်ကို ၂-ပိုင်းခွဲထား၏ ထီးတော်တင်ခြင်းအခမ်းအနားနှင့် စိန်ဖူးတော်တင်ခြင်းအခမ်းအနား တို့ဖြစ်၏ ထီးတော်တင်ခြင်း အခမ်းအနားကို ၂၀၁၀ ခုနှစ် မေ ၃၀ ရက်နေ့တွင် ထိုရွှေတိဂုံ ပုံတူစေတီတော်ကို ထီးတော် တင်လှူပွဲ ကျင်းပခဲ့ပါ၏ ထိုအခမ်းအနားသို့ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုမ္ဗိနီ သဘာဝ ဥယျာဉ်မှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြ၏။
အခမ်းအနား မကျင်းပမှီ တရက်အလို မေ-၂၉-ရက် ညနေပိုင်း၌ စေတီတော်ကြီးကိုဆီမီးပူဇော်ပွဲနှင့် ၀တ်ပြုဆုတောင်း ပွဲကျင်းပခဲ့၏ စေတီတော်ကြီး အပြီးသတ် ချောမောအောင်မြင်ရန်အတွက် ရည်မှန်း၍ ပူဇော်ကြခြင်းဖြစ်၏။
စေတီတော်ကြီး၏ နောက်ဆုံးအဆင့် စိန်ဖူးတော်တင်ခြင်း အခမ်းအနားကို ၂၀၁၀-သြဂုတ်လ ၈-ရက်တွင်ကျင်းပခဲ့၏ Medan မှ သံဃာတော်များ ဂျာဗားကျွန်းနှင့် အခြားသောတိုင်းပြည်များမှ သံဃာတော်များ များစွာတက်ရောက်ခဲ့ကြ၏ တက်ရောက်ခဲ့သည့် မထေရ်များမှာ Venerable Ashin Nyanissara (သီတဂူဆရာတော်) YM Choukun Phraprasats arakhun , YM Jinadhadhammo Mahathera, YM Nyanasuryanadi Mhathera, YM Nyanakaruno Thera YM Ashin Nandavamsa, YM Khemanando, YM Aggassara, YM Pannasami, YM Thittavamso, YM Avuddhopa nno, YM Bhuripanno, နှင့် အခြားသော ဘာသာရေးအဖွဲ့များလည်း တက်ရောက်ခဲ့၏။
ပါမေက္ခ ဒေါက်တာ Sheikh Muhammad Hirfi Nuzlan ဦးဆောင်သော Sufism baburidho Pengajian Rahmat ullah, မူစလင်ဘာသာရေးအဖွဲများလည်း တက်ရောက်ခဲ့၏။
ထိုပွဲသို့ ဘုရား ဒါယကာကြီး Mr.Tongariodjo Angkasa, ဦးဝင်းဖေ, Mettar Centre အဖွဲ့, Taman Alam, Lumbini အဖွဲ့နှင့် အထွေထွေ ညွန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့်တို့တက်ရောက်ကြ၏၂၀၁၀ -နှစ်သြဂုတ်လ ၈- ရက်နေ့တွင်
သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဦးဆောင်ပြီး ဓာတ်တော် ရတနာ လှူပွဲကျင်းခဲ့ပါ၏။
ရွှေတိဂုံပုံတူစေတီတော်ကြီး၏ ထီးတော် တင်ပွဲအတွက် ပုလဲ, ရွှေအလံများ, ရွှေဘယက်, ရွှေခေါင်းလောင်း, ငွေခေါင်း
လောင်းများ လှူဒါန်းတဲ့ပွဲ ကျင်းပဲခဲ့ခြင်းဖြစ်ပါ၏ သာသနာရေးဝန်ကြီးဌာနက ဆောက်လုပ်ရေး ကော်မတီအား လိုအပ် သော ဆောက်လုပ်ရေးပစ္စည်းများ ရုပ်ပွားဆင်းတုတော်များ၊ ငွေကြေး၊ အလံများနှင့် အခြားလိုအပ်တာများကို ဘုရားကြီး တည်ဆောက်ရေးအတွက် များစွာ အကူအညီပေးခဲ့ပါ၏။
မြန်မာ့ဗိသုကာပညာရှင်များ ပန်းရံများ, ပန်းပုဆရာများ, ပန်းချီဆရာများ, လက်သမားဆရာများ, လက်မှုပညာရှင်များ, ပန်းပုပညာရှင်များ, ပန်းတမော့ပညာရှင်များက ရွှေတိဂုံပုံတူစေတီတော်ကြီးကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးနှင့် တထပ်တည်းကျအောင် ပြုလုပ်နိုင်ခဲ့၏ ထိုပညာရှင်များ၏ ကျွမ်းကျင်စွာ တည်ဆောက်ထားမှုကြောင့် အမှန်တကယ်

Type your summary here.Type the rest of your post here.

No comments: