အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, August 4, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၀)


တော်ပုံတူ တည်ထားကိုးကွယ်ရာဝယ် များစွာသော အကူအညီများနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့ပါ၏ ရွှေတိဂုံ စေတီတော်ပုံစံတူ ဒီဇိုင်းကိုတော့ ဒေါက်တာလှသန်းနှင့်အဖွဲ့က ရေးဆွဲခဲ့ခြင်းဖြစ်ပါ၏။
အုဋ္ဌ်မြစ်ချမင်္ဂလာ
၂၀၀၇ ခုနှစ် မတ်လ ၁၉ ရက် နံနက် ၉ နာရီ မင်္ဂလာအချိန်ခါတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရ(အဘိဓဇမဟာရဋ္ဌဂုရု)နှင့် နိုင်ငံတော်သံဃာမဟာနာယက အတွင်းရေးမူးဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ မဟာထေရ် Y.M. Bhikkhu Jinadhammo မဟာထေရ် Y.M Zurmang Drukpa Pinpoche တို့သည် လုမ္ဗိနီ၏ အကြံ ပေး အဖွဲ့ဝင်အဖြစ်နှင့် တက်ရောက်ခဲ့၏။
အခြားသော သံဃာ့အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့၏ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးခင်ဇော် ၀င်း အင်ဒိုနီးရှားအစိုးရကိုယ်စားပြုအနေဖြင့် Mr.Drs Budi Setiawam ,MSC (ဗုဒ္ဓဘာသာအဖွဲ့၏ အထွေထွေ ဦးဆောင် ညွန်ကြားရေးမှုး ဒါရိုက်တာ)နှင့် ဒေသအသီးသီးမှ ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်ပေါင်း ၇၀၀-ခန့် တက်ရောက်ကာ စုပေါင်းညီ ညာ အောင်ကြောင်း စေတနာဖြင့် စေတီတော်ကြီး၏ အုဋ္ဌ်မြစ်ချမင်္ဂလာကို အောင်မြင်စွာ ပြုပေးတော်မူခဲ့ပါ၏။
စေတီတော်ယင်ပြင်ဋ္ဌာပနာတော်သွတ်သွင်းမင်္ဂလာ
၂၀၀၈-ခု စက်တင်ဘာ ၉-ရက်နေ့တွင် ဒုတိယအဆင့်ဖြစ်သော ဗုဒ္ဓဓါတ်တော်များနှင့် Arahat ဆင်းတုတော်သုံးဆူကို အခြားသော မြင့်မြတ်သော အရာဝတ္ထုပစ္စည်းများနှင့် ဋ္ဌာပနာသွတ်သွင်းခြင်း မင်္ဂလာကို အောင်မြင်စွာပြုလုပ် ပူဇော်ခဲ့ပါ၏ ထိုအခမ်းအနားကို အနောက်အင်ဒိုနီးရှား စံတော်ချိန် ၉-နာရီ၊ ၉-မိနစ်၊ ၉-စက္ကန့်တွင် ဋ္ဌာပနာသွတ်သွင်းပူဇော်ခြင်း အခမ်း အနားကို ဦးဝင်းဖေ တာဝန်ဝန်ယူကာ ဆောင်ရွက်ခဲ့ပါ၏ ရိုးရှင်းသော အခမ်းအနားဖြစ်သော်လည်း တရုပ် စင်္ကာပူနှင့် ဒေ သခံ ဗုဒ္ဓဘာသာဝင်များ တက်ရောက်ခဲ့ပါ၏။
ပထမဆင့် စေတီတော်အတွက် တိုင်စိုက်ထူခြင်းကို ၂၀၀၉-ဧပြီ ၁၉-ရက်တွင် Father Tongariodjo Angkasa က ဦး ဆောင်မှုပြုလုပ်ပြီး စေတီတော်တည်ဆောက်ခြင်းအဖွဲ့မှ အရာရှိများနှင့် အကြံပေးတာဝန်ခံ ပညာရှင်များ ပူးပေါင်းဆောင်
ရွက်ခဲ့၏ စုစုပေါင်း တိုင် ၆၀- ဆိုက်ထူခဲ့ပြီး တိုင်တတိုင်သည် ၃-ဒိုင်မီတာ(diameter) အရွယ်အစားရှိပြီး ၅၀၊ ၇၀၊နှင့် ၈၀ စင်မီတာရှိ၏ ထိုတိုင်များသည် စေတီတော်ကြီး၏ လုံးပတ်တော်ကို ခိုင်ခန့်စွာ ထောက်မတ်ပေးရန်ဖြစ်၏။
စေတီတော်အထက်ပိုင်း ဗုဒ္ဓဓါတ်တော်များနှင့် အဖိုးတန်ပစ္စည်းများ ဋ္ဌာပနာသွင်းခြင်း ပိတ်ခြင်းမင်္ဂလာ
၂၀၀၉ -ခု၊ ၉-လပိုင်း၊ ၉ ရက်နေ့၊ ၉-နာရီ၊ ၉-မိနစ်၊ ၉-စက္ကန့်တွင် ဗုဒ္ဓဓါတ်တော်များနှင့် အဖိုးတန်ပစ္စည်းများ ဋ္ဌာပနာသွင်း
ခြင်း အခမ်းအနားကို ဗုဒ္ဓဂုဏ်တော် ၉-ပါးနှင့် စတင်ခဲ့ပြီး ရွှေအတိသွန်းထားသောဗောဓိညောင်ရွက်နှင့် ဗုဒ္ဓဓါတ်တော်များ ထားရှိမည့်နေရာနှင့် ရဟန္တာဓါတ်တော်များ ထားရှိမည့်နေရာများကို သတ်မှတ်ကာ အခမ်းအနားကို စတင်ကျင်းပ၏။
ထိုအခမ်းအနားသို့ Venerable Jinadhammo မဟာထေရ်နှင့် YM Bhikkha Pannasami သဘာဝလုမ္ဗိနီ ဥယျာဉ်၏ အကြံပေးဘုတ်အဖွဲ့အဖြစ် တက်ရောက်ပြီး မြန်မာပြည်မှ VIP ဧည့်သည်တော်များအဖြစ် ဆရာကြီးဦးစိုင်အောင်ထွန်း+ ဆရာမကြီးဒေါ်နွမ်းနန်း၊ ဗိသုကာပညာရှင် ပါမေက္ခဦးလှသန်း- ဦးစန်းကြည် (Pangrajin Silver) ဆရာကြီး ဦးဝင်းဖေ+ ဒေါ်ခင်ဋ္ဌေးရီ၊နှင့် ဘုတ်အဖွဲ့ ၀င်များဖြစ်သော Mr.Tongariodjo Angkasa မိသားစု Father Ombun Natio နှင့် အခြား သော တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့၏။
၂၀၀၉-ခု စက်တင်ဘာ ၁၃-ရက်နေ့ထိ စေတီတော်ကြီး၏ ဋ္ဌာပနာတိုက်အတွက် လှူဒါန်းထားသော ပစ္စည်းများမှာ
ကီလိုဝက်လေးသော ဗုဒ္ဓရွှေဆင်းတုတော်နှင့် အဖိုးတန် ပစ္စည်းများပါဝင်၏ ၂၅၉၈-ဆူသော ငွေဆင်းတုတော်များနှင့် ကြေးဆင်းတု တော်များ ၁၀၈-ဆူသော ဓါတ်တော်ကြုတ်များ လောကစောင့် နတ်သားရုပ်တု ဒင်္ဂါး ၅၀၀ (rupiah-ဒင်္ဂါး) ငွေဖြင့်သွန်း ထားသော လှေသင်္ဘောငယ် ရွှေနှင့် လက်ဝတ်ရတနာများ ငွေဖလားများ ကျောက်မျက်ရတနာများနှင့် အမျိုးမျိုးသော စေတီငယ်များနှင့် အဖိုးတန်ပစ္စည်းများပါဝင်တာတွေ့ရ၏။
ထိုအခမ်းအနားသို့တက်ရောက်သော မြန်မာပြည်မှဆရာတော်များမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ

Type your summary here.Type the rest of your post here.

No comments: