အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, August 8, 2011

အင်ဒိုနီးရှားခရီးစဉ်(၆၃)


ဆုမတြာရွှေကျွန်းပေါ်ရှိ အင်ဒိုနီးရှားနိုင်ငံသားများနှင့် ကမ္ဘာ့နိုင်ငံသားများဖြစ်ကြသည့် လူသားအားလုံးသည် နှစ်ပေါင်း
၂၀၀၀ ကျော်ကြာအောင် ညီအကို မောင်နှမ စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ်နဲ့ တကမ္ဘာလုံး လိုက်နာရမည့် တရားများ ကို လေးစားလိုက်နာ ကျင့်သုံးခဲ့ကြပါ၏ ကရုဏာစိတ်ဓာတ် သီးခံခွင့်လွတ်ခြင်းစိတ်ဓာတ်တွေဟာ သိဒ္ဓတ္တဂေါတမဗုဒ္ဓ၏
ချီးမွမ်းဖွယ် နှစ်လိုဖွယ် အလေးထားဖွယ် ကောင်းသော အဆုံးအမများဖြစ်ပါ၏။
သိဒ္ဓတ္ထဂေါတမဗုဒ္ဓကို လူသားအားလုံးအား ကမ္ဘာ့အလင်းရောင်နှင့် မျက်လုံးပေးသူ ဟူ၍၎င်း၊ အမှားအမှန်ခွဲခြားသော နည်းလမ်းများကို ပေးသူဟူ၍၎င်း ဂုဏ်ပြု ချီးကြူးကြ၏ ဆာအဒ်ဝင်အာနိုး (Sir Edwin Arnold) က မြတ်ဗုဒ္ဓသည် အာရှ အလင်းရောင် (the light of Asia)ဟူ၍ အမည်ပေးခဲ့၏ ဘာထရန်ရပ်ဆ် (Betrand Russel ) ကမူ မြတ်ဗုဒ္ဓကို ကမ္ဘာ့လူ သား ယဉ်ကျေးမှုအားလုံးက ပိုင်ဆိုင်သည်ဟူ၍လည်း ပြောခဲ့၏ ဒလိုင်းလားမား (Dalai Lama)က မြတ်ဗုဒ္ဓသည် လူသား တွေအတွက် အလင်းရောင်ပဲ (The light of Mankind) ဟု ဆိုခဲ့၏။
မြတ်ဗုဒ္ဓသည် လူသားတဦးတယောက်ချင်း၏ ဘ၀ပြဿနာကိုသော်၎င်း လူ့အဖွဲ့အစည်းများအကြား ပဋိပက္ခများ ဆန့်ကျင်မှုများကိုသော်၎င်း ဖြေရှင်းပေးနိုင်သော လူသားတယောက်ပင် ဖြစ်ပါ၏ မြတ်ဗုဒ္ဓ၏တရားတော်သည်သာလျင် လူသားတို့သန္တာန်မှာ အမြစ်တွယ်နေသော ရာဂ, ဒေါသ, မောဟ, တကိုယ်ကောင်းဆန်ခြင်းနှင့် အတ္တကြီးခြင်းစသော
လူသားများ၏ အနာရောဂါများကို ကုသပေးနိုင်၏။
သူ ကျင့်သုံးခံယူ လက်ခံထားသော မေတ္တာ, ကရုဏာ, မုဒိတာ နှင့် ဥပေက္ခာ ဟူသော ဗြဟ္မ၀ိဟာရတရားလေးပါးသည် ကမ္ဘာလောကကြီးအတွက် ငြိမ်းချမ်းခြင်း စည်းလုံးညီညွတ်ခြင်းတို့ကို ပေးနိုင်သော တခုတည်းသော လမ်းကြောင်းဖြစ်၏ ထိုမှတပါးအခြားနည်းလမ်းမရှိ ထို့ကြောင့် မြတ်ဗုဒ္ဓသာသနာတော်ကြီး တိုးတက်စည်ပင်ဝပြောလာဖို့ရန်အတွက် အပြည် ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးက အောက်ပါ ဦးတည်ချက် ၅ ရပ်တို့ကို ထုတ်ဖော်ပြလိုက်ပါ၏။
၁။ ကမ္ဘာလောကကြီး၏ နေရာတိုင်းမှာ မြတ်ဗုဒ္ဓ၏ အဆုံးအမများ တိုးတက် ပြန့်ပွားရန်။
၂။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ရန် ညီအကိုမောင်နှမ စိတ်ဓာတ်ဖြင့် လက်တွဲညီကာ အားထုတ်ရန်။
၃။ ဗုဒ္ဓဘာသာဝင်များ ညီညွတ်ဖို့ရန်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ရန် ခိုင်မာသော သန္နိဋ္ဌာန် ရှိရန်။
၎။ ရှေးက ဗုဒ္ဓနိုင်ငံတော်ဖြစ်ဖူးသော နိုင်ငံများမှာ ဗုဒ္ဓတရား ပြန်လည် အသက်ရှင်လာရန်၊ ပြန်လည်သက်ဝင်
နိုးကြားလာရန် အားပေးခြင်း ထောက်ပံ့ခြင်းပြု၇န်။
၅။ မတူညီတဲ့ ဂိုဏ်းအသီးသီး ဘာသာရေးအဖွဲ့အသီးသီးကြားတွင် နားလည်မှု တံတား တည်ဆောက်ခြင်းနှင့်
အပြန်အလှန် ယုံကြည်မှုတို့ ပိုမိုအားကောင်းလာစေခြင်း ခိုင်မာခြင်းများကို တိုးတက်လာစေရန် ဖြစ်ပါ၏။
ဘုန်းကြီးတို့စီးလာသော ဘတ်စ်ကားသည် ရွှေတိဂုံပုံတူစေတီတော် မုဒ်ဦးရှေ့တွင် ကားရပ်ကာ မိုးတိမ်တွေထူထပ် ကာ မိုးဖွားလေးတွေ တဖွဲဖွဲကျနေစဲတွင် စေတီဝင်းထဲသို့ကိုယ့်ဂရုနှင့်အတူ ဆိုင်းဘုတ်ထောင်လျှက်ဝင်ရောက်ရ၏ အ၀င် ၀တွင် ဦးအာဒိစ္စ (ရန်ကုန်ပါချုပ်)နှုတ်ဆက်တာနှင့် နှုတ်ဆက်စကားဆိုခဲ့၏။
စေတီအောက် လှိုဏ်ဂူထဲရောက်သည့်အခါ မိမိထင်ထားတာထက် လှိုဏ်ဂူက ကျယ်ဝန်းနေတာ တွေ့ရှိရ၏ သံဃာ
၁၄၀၀ - ကျော်ကို ထိုင်ခုံများဖြင့် ချောင်ချောင်ချိချိ ထိုင်နိုင်၏ ဤလှိုဏ်ဂူကြီးသည် သံဃာ အစည်းအဝေးကြီးကို ခမ်းနား
ထယ်ဝါစွာ ကျင်းပနိုင်သည့်အတွက် တည်ဆောက်သူတွေ လှူဒါန်းသူတွေကို အထူးကျေးဇူးတင်စရာကောင်းပါ၏။
ထို ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇော်ပွဲသို့-----ကြွရောက်လာသော သံဃာတော်များမှာ-မြန်မာနိုင်ငံတော်မှ သံဃာတော်-၆၀၀၊ ထိုင်းနိုင်ငံမှ သံဃာတော်-၄၀၀၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော်-၃၀၊ လာအိုနိုင်ငံမှသံဃာတော်-၁၀၊ကမ္ဗောဒီးယားနိုင်ငံမှ သံဃာတော်-၂၅၊ မလေးရှားမှ သံဃာတော်-၂၅၊ အမေရိကန်မှ သံဃာတော်-၅၊အင်္ဂလန်နိုင်ငံမှ သံဃာတော်-၁၊ ပြင်သစ် နိုင်ငံမှ သံဃာတော်-၁-ပါး၊ အိန္ဒိယနိုင်ငံမှ သံဃာတော်-၅-ပါး၊ နီပေါနိုင်ငံမှ သံဃာတော်-၅-ပါး၊ အင်ဒိုနီးရှားနိုင်ငံမှ သံဃာ တော်-၁၀၀-ပါး၊ ဂျပန်နိုင်ငံမှ သံဃာတော်-၁၀ ပါး၊ ကိုရီးယားနိုင်ငံမှ သံဃာတော်-၁၀ ပါး၊ တိဗက်မှ သံဃာတော်- ၂၅- ပါး၊ တရုပ်ပြည်မကြီးနှင့် ထိုင်ဝမ်နိုင်ငံ သံဃာတော်ပေါင်း-၅၀ ပါး စုစုပေါင်း ထေရ၀ါဒ၊ မဟာယာန၊ ၀ဇိရယာန၊ သံဃာ

Type your summary here.Type the rest of your post here.

No comments: