လာတာလည်း ပင်လယ်ပြင်ကို အပေါ်မှ နီးနီးကပ်ကပ် ကြည့်ရှုရသော မြင်ကွင်းတခုဖြစ်၏ ဘာလီကျွန်းသည် နာမည် ကျော်ကြားလှ၏ အပန်းဖြေ ခရီးစဉ်အတွက် လာရောက်လယ်ပတ်ကာ ပင်လယ်ရေချိုး၍ အုံးရေသောက်သော နေရာဖြစ် ၏ ဘုန်းကြီးတွေနဲ့တော့ သိပ်မပတ်သက်ပါ။
သို့သော်လည်း ဘာဝနာစခမ်းတွေဖွင့်ပြီး တရားအားထုတ်မည့် ပုဂ္ဂိုလ်တွေအတွက်လည်း အေးချမ်းသော နေရာတခု
ဖြစ်၏ တကယ်လည်း တရားစခမ်းတွေ ဖွင့်နေတာတွေ့ရ၏ အင်ဒိုနီးရှား ထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းသို့ ပထမဆုံး
သွားရောက်လယ်ပတ်ကာ မှတ်တမ်းတင်ဓါတ်ပုံတွေ ရိုက်ကူးခဲ့၏။
နေ့ဆွမ်းစားချိန်ရောက်တာနှင့် ဘာလီကျွန်းအစားအစာကပ်ရန် ဇင်မာဝင်းအားပြောရ၏ ဗဟုသုတ ရရန် ရည်ရွယ် ၍ ကပ်ခိုင်းခြင်းဖြစ်၏ ဆွမ်းဟင်း သုံးလေးမျိုးမှာစားသော်လည်း ဘုန်းကြီးစိတ်ထဲမှာ ပိန္နဲသီးနှင့်ဂေါ်ရခါးသီးရောပြီး ချဉ် ရေဟင်းတခွက်သာ စားကောင်းခဲ့၏ ကျန်ဟင်းတွေ စားရတာ အရသာမတွေ့လှပါ ။
စားသောက်ဆိုင်မှ ပြန်ထွက်လာပြီး ဘာလီကျွန်းနာမည်ကြီးလှသော ပင်လယ်ကမ်းခြေသို့လည်း ခေတ္တသွားခဲ့၏ သင်္ဘော အပျော်စီးသူများ ကမ်ခြေတွင် ရေကူးသူများ ကမ်ခြေဈေးတန်းများ လှည့်လည်ကြည်ရှုခဲ့၏ ထိုမှအပြန် အင်ဒို နီးရှားတွင် နာမည်ကြီးလှသော ပါတိတ်လုပ်ငန်းကိုလည်း လှည့်လည်ကြည့်ရှုလေ့လာခဲ့၏ ပါတိတ်ဆိုသောစကားသည် အင်ဒိုနီးရှားစကားဖြစ်၏ ပြည်တွင်းဖြစ်ဟု ဆိုခြင်းဖြစ်ပါ၏။
ဘာလီကျွန်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ဟိန္ဒူမြို့တမြို့ဖြစ်၏ ၉၀ -ရာခိုင်နှုံးကျော် အိမ်ရှေ့များတွင် ဟိန္ဒူဘာသာဝင်ဖြစ်
သော ဟိန္ဒူနတ်ရုပ်တွေ တွေ့ရှိရ၏ ပုဆိုးကွက်ကြားတွေ ပတ်ထားတာလည်းတွေ့ရ၏ ဟိန္ဒူဘာသာဝင် ဆိုသော်လည်း အိန္ဒိယလူမျိုးများမဟုတ် တိုင်းရင်းသား အင်ဒိုနီးရှားလူမျိုးများသာဖြစ်၏ သာယာလှပပြီး အေးချမ်းတည်ငြိမ်သော မြို့ဖြစ် ၏ နိုင်ငံခြားသားတွေ အပန်းဖြေသောနေရာတခုဖြစ်၏။
ဘာလီကျွန်းကို အနှံ့လိုက်လယ်ပြီးနောက် ညနေချမ်းအချိန်တွင် ဘာလီကျွန်းမှ ဂျကာတာသို့ ပြန်လည်ထွက်ခွါလာ ၏ ဘာလီနှင့်ဂျကာတာ လေယဉ် တနာရီခွဲခန့်စီးရ၏ ဂျကာတာရောက်တော့ မိုးချုပ်နေပေပြီ လေဆိပ်မှ ဟော်တယ်ပြန် လာကာ တညအိပ်ရပြန်ပြီ။
နံက် ၃-နာရီထ ရေချိုပြီး မဒန်သွားရန် လေဆိပ်သို့ဆင်းခဲ့၏ ဒီနေ့တော့ ဇင်မာဝင်းလေဆိပ်သို့သာ လိုက်ပို့မှာဖြစ်၏ လေဆိပ်တွင် အာရုံဖုံးပေးရန် ၀ယ်ကပ်ပြီး လေယဉ်စီးရမည့် ဂိတ်နံပါတ်အပေါက်အထိ ဇင်မာဝင်းလိုက်ပို့ကာ ပြန်သွား၏ ယ္ခင် ခရီးစဉ်တွေသည် ရှေးမှ ဇင်မာဝင်းဦးဆောင်ကာ လိုက်ပို့သောကြောင့် ဘာမှမကြောင့်ကြခဲ့ပါ ဘုန်းကြီးတို့ ဂိတ်ထဲ ၀င်ကာ အာရုံဆွမ်းကို အေးအေးဆေးဆေးဖုံးပေး၏။
လေယဉ်ထွက်ဖို့ အချိန်ကလည်း နီးကပ်လာပြီ ဂိတ်ထဲမှာတော့ ဘယ်သူမှဝင်လာမတွေ့ပါ ကောင်တာကိုသွားမေး ကြည့်မှ ဂိတ်မှားနေကြောင်းသိရ၏ သူတို့ပြောဆိုသောဂိတ်ကို အမြန်သွားရ၏ လေယဉ်ပေါ်လူတွေတက်နေတာ ကုန် သလောက်ဖြစ်နေပြီ ဘုန်းကြီးတို့ နှစ်ပါးသာကျန်တော့၏ တော်ပါသေးရဲ့ မှီရုံလေးရှိ၏ ဇင်မာဝင်းလိုက်ပို့တာ အားလုံးအ စဉ်ပြေပါ၏ နောက်ဆုံးအချက်လေးသာ ဦးနှောက်နဲနဲစားသွား၏။
ရွှေကျွန်းမြေသာ-ဆုမတြာ
ဂျကာတာမှ ဆုမတြာကျွန်း မဒန်ကို လေယဉ် ၂-နာရီခန့်စီးရ၏ နံက် ၈-နာရီခွဲခန့်တွင် မဒန်လေဆိပ်သို့ ရောက်လာ
၏ ဆုမတြာကျွန်းသို့ ရောက်ခဲ့ပါပြီ ဆုမတြာကျွန်းကို သုမိတြကျွန်းဟု ပါဠိ၊ သက္ကဋစကားဖြင့် ခေါ်ဝေါ်ခဲ့ကြ၏ အိန္ဒိယ တောင်ပိုင်း ပလ္လ၀အရပ်မှ သုမိတ္တ (သုမိတြ) အမည်ရှိ ကုန်သည်ကြီး ခေါင်းဆောင်၍ အိန္ဒိယသားတို့ အခြေချခဲ့ကြ၏ ခန့်မှန်း B.C. 4 ရာစုဟု ခေတ်ကဟုယူဆရ၏ ထို့ကြောင့် ထိုကျွန်းကို သုမိကြ ကုန်သည်ကြီးကို အမှီပြုပြီး သုမိတြကျွန်း
(သို့) ဆုမတြာကျွန်းဟု ခေါ်ဆိုခြင်းဖြစ်၏။
ဤကျွန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့လေပြီ လေဆိပ်သည် သာမန်အဆင့်သာရှိ၏ လေဆိပ် အထွက်တွင် ဦးသဇ္ဇန ဦးဓမ္မပီယ (အမေရိက) တို့နှင့် တွေ့ရှိ၏ ကြိုသူတွေက နိုင်ငံခြားအ၀င်မှ ကြိုနေ၏ ဘုန်းကြီးတို့က ပြည်တွင်းမှ
Type your summary here.Type the rest of your post here.
No comments:
Post a Comment