သက်မွေ့လျှော်ခဲ့သော နေရာတခုဖြစ်ခဲ့၏ ဧရိယာ အကျယ်အ၀န်းမှာ ၂၀၀၅-ခုနှစ်တွင် ၅-ဟက်တာမှ ၂၀၁၀-ခုနှစ်တွင် ၈-ဟက်တာထိ ပိုမိုကျယ်ဝန်းလာ၏။
ဦးဝင်းဖေသည် ၂ဝဝ၃ ခုနှစ်ကပင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း၊ မာလန်မြို့တွင် ဥာဏ်တော် ၇၂ ပေမြင့်သည့် ရွှေ တိဂုံ ပုံတူ စေတီတစ်ဆူု တည်ခဲ့ဖူး၏။ မုဒ်ပေါက်တစ်ခုတည်း ပါရှိသည့် ဂန္ဓကုဋီ တိုက်ပေါ်တွင် ရွှေတိဂုံပုံတူ စေတီ တည် ထားခြင်းဖြစ်သဖြင့် ရုတ်တရက်ကြည့်လျှင် ကမ္ဘာအေး စေတီနှင့်တူသည်ဟု ထင်ရ၏။
ဦးဝင်းဖေသည် ဘာသာရေး ရည် မှန်းချက် ကြီးမားသူဖြစ်သဖြင့် ဂျာဗားကျွန်းတွင် ရွှေတိဂုံပုံတူစေတီ တစ်ဆူတည်ပြီး သော်လည်း အားရတင်းတိမ်ခြင်း မရှိနိုင်ဘဲ ဆုမတြာ ကျွန်းပေါ်တွင် ရွှေတိဂုံပုံတူ စေတီတော်တစ်ဆူ ထပ်မံတည်ထား ရန် ရည်ရွယ်ချက် ပြင်းပြနေခဲ့ကြောင်း သိရပါ၏။
အင်ဒိုနီးရှား နိုင်ငံ၏ အဓိက ကျွန်းကြီးများဖြစ်သည့် ဂျာဗားကျွန်းပေါ်တွင် တစ်ဆူ၊ ဆုမတြာကျွန်းပေါ်တွင် တစ်ဆူ တည်ထားခြင်းသည် အလွန်ကြီးကျယ်သော၊ အလွန်ခက်ခဲသော လုပ်ငန်းဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း နားလည် နိုင်ပါ၏ ဦးဝင်းဖေနှင့်ဇနီးဒေါ်ခင်ဋ္ဌေးရီတို့သည် ရွှေတိဂုံပုံတူစေတီတော်ကို ၂၀၀၇-ခုနှစ်တွင် စတင်တည်ထားကိုယ်းကွယ် ရန် ကြိုးစားအားထုတ်ခဲ့ပါ၏။
မြန်မာဗုဒ္ဓဘာသာတို့၏ အစဉ်အလာအရ စေတီတော်တည်ထားကိုယ်းကွယ်သည့် အခမ်းအနားအစီအစဉ်ကို လေး ကြိမ်ပြုလုပ်သည့် အစဉ်အလာဓလေ့ရှိပါ၏ ထိုလေးကြိမ်သည် စေတီတော်တည်ထားခြင်း၏ အဆင့်လေးဆင့်ကို ကိုယ် စားပြုခြင်းဖြစ်၏ ထိုအဆင့်လေးဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါ၏
၁။စေတီတော်ပန္နက်တင်အုတ်မြစ်ချမင်္ဂလာ။
၂။ဗုဒ္ဓဓါတ်တော်များနှင့်ရုပ်ပွားတော်များကို ဋ္ဌာပနာသွင်းခြင်းမင်္ဂလာ။
၃။ဗုဒ္ဓဓါတ်တော်များနှင့်ရတနာပစ္စည်းများဋ္ဌာပနာတော်ပိတ်ခြင်းမင်္ဂလာ။
၎။စေတီတော်ထီးတော်တင်ခြင်း စိန်ဖူးတော်တင်ခြင်းမင်္ဂလာ တို့ဖြစ်ပါ၏။
ထိုအချိန်တွင် ဆုမတြာကျွန်း မဒန်မြို့၌ ဓာတ်တော်ပူဇော်ပွဲ ကျင်းပမည်ဖြစ်သဖြင့် တက်ရောက်ရန် ဖိတ်စာတစ်စောင် ဦးဝင်းဖေထံရောက်ရှိလာသောအခါ မျှော်လင့်ချက်ရောင်ခြည် ပိုမိုလင်းလက်လာခဲ့သည် ထိုအခါ ဦးဝင်းဖေကဓာတ်တော်
ပူဇော်ပွဲ ကျင်းပဖို့အတွက် ဆုမတြာကျွန်းကို သွားရခြင်းသည် ရွှေတိဂုံပုံတူစေတီတော် ဖြစ်ပေါ်လာခြင်း၏ အစဖြစ်ပါ၏။
မေတ္တာစင်တာ အဖွဲ့နာယက ဦးဝင်းဖေနှင့် အဖွဲ့သည် စင်ကာပူ နိုင်ငံမှ တစ်ဆင့် အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ကြပြီး မြေလှူဒါန်းသည့် အလှူရှင် မစ္စတာတွန်ဂါရီယို ဂျိုအန်ဆာတို့နှင့်အတူ ဘုရားတည်မည့် မြေနေရာသို့ သွားရောက် ကြည့် ရှုပြီး ပရိတ်တော်များ ရွတ်ဆိုကာ ရွှေတိဂုံပုံတူ စေတီတော် အောင်မြင်စွာ တည်နိုင်ရေးအတွက် အဓိဋ္ဌာန်ပြုခဲ့ကြ၏။
ထို့နောက် ဦးဝင်းဖေနှင့် ဇနီးသည် အိမ်ရှင် ဒေသခံများနှင့် အတူ ထိုမြေနေရာတွင် စခန်းချပြီး ၄၅ ရက် တိုင်တိုင် အဓိဋ္ဌာန်ဝင်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြ၏ ဦးဝင်းဖေတို့ ဇနီးမောင်နှံသည် အဓိဋ္ဌာန် ဝင်ပြီးသောအခါ မြန်မာ နိုင်ငံသို့ ပြန်လာပြီး သံဃာ့မဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဆရာ တော် ဘဒ္ဒန္တကုမာရ (မကွေးဆရာတော် ဘုရားကြီး)၊ တောင်ပုလု ကျောက်သင်တောရ ပခုက္ကူ ဆရာတော်ကြီးနှင့် တကွ တိပိဋကဓမ္မဘဏ္ဍာဂါရိက အရှင်သီရိနန္ဒာဘိဝံသ(ယောဆရာ တော်)တို့ထံသွား၍ ဆုမတြာကျွန်းတွင် ရွှေတိဂုံပုံတူစေတီ တော်ကြီး တည်မည်ဖြစ်ကြောင်း ရိုသေစွာ လျှောက်ထားခဲ့ကြ၏။
ရွှေတိဂုံ စေတီတော်ကြီးသည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် တည်ထားခဲ့သည့် အစောဆုံး၊ ရှေးအကျဆုံး စေတီ တော်ကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ နှစ်ပေါင်း ၂၅ဝဝ ကျော် ထွန်းကားစည်ပင်ပြန့်ပွားနေသော အထိမ်းအမှတ်
လည်း ဖြစ်၏ သမိုင်းမှတ်တိုင်လည်းဖြစ်၏။
မြန်မာနိုင်ငံသည် မြတ်ဗုဒ္ဓတရားတော်ကို အရှိအရှိအတိုင်း မူရင်းအတိုင်း လက်ခံထားသော ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံ တနိုင်ငံဖြစ်ပါ၏ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနတို့က ဆုမတြာကျွန်း၌ ရွှေတိဂုံစေတီ
Type your summary here.Type the rest of your post here.
No comments:
Post a Comment