အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, September 1, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၁)



 


   မလေးရှားမှာ နေခဲ့သည့်သက်တမ်း ၁၀-နှစ်ထဲသို့ ၀င်လာလေပြီ ၉-နှစ်အတွင်း ပန်းခင်းလမ်းသာ လျှောက်ခဲ့သည်ဟု ဆိုရမှာ ဖြစ်၏   ခရောင်းလမ်းကိုတော့ ၂၀၁၂-မှစလာခဲ့၏ ဇာတ်လမ်းကတော့ မေ-၂၈-၂၀၁၂-ရခိုင်ပြည်နယ်မှစတင်ခဲ့ခြင်းဖြစ်၏  ရခိုင် တိုင်းရင်းသား နှင့် ဘင်္ဂလီတို့၏ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ခဲ့ခြင်းဖြစ်၏  မလေးရှားရောက် ဘင်္ဂလီတွေမှ အုပ်စုဖွဲ့ပြီး မလေးရှား ရောက် ရခိုင်လူမျိုးတွေကို ချောင်းမြောင်း တိုက်ခိုက်တာတွေ သတ်ဖြတ်တာတွေကို တွေ့မြင်ရ၏ ရခိုင်ဆိုင်တွေကိုလည်း ၀င် ရောက်ဖျက်စီးတာကို တွေ့မြင်ရ၏။
   မလေးရှားရောက်  မြန်မာတွေအားလုံး လှုပ်လှုပ်ရွရွ  ဖြစ်ခဲ့၏ ဘုန်းဘုန်းတို့လည်း တရားပွဲတိုင်း သတိဝိရိယရှိဖို့ စည်းလုံးညီ ညွတ်ရေးတရားတွေသာ အဓိကဟောကြားပေးပါ၏ မလေးရှားရောက်နေကြသော  မြန်မာတိုင်းရင်ရင်းသားအားလုံးသည် မိမိတို့တိုင်းရင်သားနာမည်အားလုံးကို မခေါ်ဆိုတော့ဘဲ ရွှေ ဟုသာ အမည်နာမသတ်မှတ်ထားကြ၏ ဘယ်သူက ဘယ်တုံးက စသတ်မှတ်ခဲ့သည်မသိ ရွှေဆိုလျှင်မြန်မာတိုင်းရင်းသား အကုန်လုံးကိုခေါ်ဆိုတာဟု ညီညီညွတ်ညွတ် အသိအမှတ်ပြုထားကြ ခြင်းဖြစ်၏။
    ဘုန်းဘုန်းတို့လည်း စည်းလုံးညီညွတ်ရေးတရားကို ရွှေကိုဘဲ နမူနာပြပြီးတရားဟောရ၏ မြန်မာနိုင်ငံသည် ရွှေရောင်စေတီ ပုထိုးများလွန်စွာပေါများသောကြောင့် ရွှေရောင်စေတီများလွှမ်မိုးသောနိုင်ငံ ရွှေနိုင်ငံဟုလဲခေါ်ဆိုနိုင်ကြောင်း၎င်း တတိယသင်္ဂါ ယနာတင်ပြီး ကိုးတိုင်းကိုးဋ္ဌာနသာသနာပြုကြွတော်မူသော အရှင်သောဏနှင့်အရှင်ဥတ္တရ တို့ကြွတော်မူသော သုဝဏ္ဏဘူမိတိုင်း သည်
          မြန်မာပြည် အပါအ၀င်ဖြစ်သောကြောင့်၎င်း သုဝဏ္ဏဘူမိ ပါဠိသည် ရွှေမြေဟုဟောသောကြောင့် ရွှေမြေတွင် မွေးဖွား၍ ရွှေရောင်အဆင်းရှိသော မြန်မာတိုင်းရင်းသားတွေကို ရွှေဟုခေါ်ဆိုနိုင်ကြောင်း မိမိကိုယ်ကို ရွှေ ဟုသာခေါ်ဆိုနေသော ရွှေ မြန်မာတွေကို ဘုန်းဘုန်းသိသလောက် ရွှေခေါ်ဆိုနိုင်ခြင်း အကြောင်းအရာတွေကို ရှင်းပြရ၏။
 
     ရွှေ ဆိုသည်မှာ-သတ္တိထူးတွေရှိ၏
  ၁။စည်လုံးညီညွတ်ပြီး ပေါင်းစည်းနိုင်တဲ့သတ္တိရှိ၏၊
  ၂။အနစ်နာခံခြင်းဆိုတဲ့ ပေးဆပ်နိုင်တဲ့ သတ္တိရှိ၏၊
  ၃။ဇာတရူပဆိုတဲ့ ဇာတိရုပ်မပျောက်တဲ့သတ္တိရှိ၏၊

၁။ရွှေ၏ စည်းလုံးညီညွတ်ပြီး ပေါင်းစည်းနိုင်တဲ့ သတ္တိဆိုသည်မှာ ရွှေဆိုသည့်သတ္ထုသည် အပိုင်းအစတွေ ဘယ်လိုဘဲရှိရှိ အမှုံ အမွှားတွေ ဘယ်လောက်ဘဲများများ လုံထဲစုထဲ့ပြီး မီးပေးလိုက်လျှင် အားလုံးရွှေရေတွေဖြစ်ကာ တလုံးတခဲတည်း ပေါင်းစည်း သွားပါ၏ စိန်တွေ ပတ္တမြားတွေသည် ရွှေလိုပေါင်းစည်းလို့ ရနိုင်မည် မဟုတ်ပါ။
     ထို့အတူပါဘဲ ဗမာ ရခိုင် ရှမ်း မွန် ကရင် ချင်း ကချင် ကယား ထားဝယ် စသည့် ရွှေလို့ခေါ်ဆိုကြသည့် မြန်မာတိုင်ရင်းသား တွေလည်း  တိုင်းရင်းသားတမျိုး ဒုက္ခရောက် အန္တရာယ်ကျရောက်ပြီဆိုလျှင် ကျန်တိုင်းရင်းသားအားလုံးသည် ရွှေပီသစွာ စည် လုံးညီညွတ်ပြီး စုပေါင်းကာကွယ်စောင့်ရှောက်နိုင်ရမယ် အရေးကြီးလို့မှ သွေးမနီးဘူးဆိုလျှင် အဲဒီတိုင်းရင်းသားတွေသည် ရွှေ မစစ်ဘူး ရွှေ အတုတွေသာဖြစ်၏ သဘာဝရွှေသည် စည်းလုံးတဲ့သတ္တိရှိသလို ကိုယ့်ကိုယ်ကို ရွှေလို့အမည်ပေးထားတဲ့ မြန်မာ တိုင်းရင်းသားတွေလည်း ရွှေအစစ်နှင့်တူအောင် ရွှေပီသအောင် စည်းလုံးညီညွတ်ကြပါ အရေးကြီးလျှင် သွေးနီးပါ။

Type your summary here. Type the rest of your post here.

No comments: