ထိုအင်ဒိုနီးရှားမလေးလည်း ခပ်ဆိုးဆိုးလင်ဖြစ်တဲ့ မြန်မာယောင်္ကျား၏ ဘာသာကို စိတ်ဝင်တစား
လေ့လာတာတွေ့ရ၏ သူ တကယ်ယုံကြည်သလား မယုံကြည်သလားတော့ သေသေချာချာမသိပါ
သူ့ရဲ့စည်းရုံးရေး ကောင်းလို့လားတော့မသိပါ လင်ဖြစ် သူ မောင်မူးမြန်မာ တနေ့တော့
ဘုန်းကြီးထံ ဖုံးဆက်လာ၏ ဒုလ္လဘရဟန်းခံခြင်လို့ပါလို့ လျှောက်ထားလာ၏ မောင်မူးဖုံးဆက်
သော်လည်း ဘုန်းကြီးမှ အင်ဒိုနီးရှားအမျိုးသမီးလေး ခင်ပွန်းမှန်းမသိပါ ရဟန်းခံလို့ရပါတယ်ဟု
ပြန်လည်ပြောကြားလိုက်၏။
မောင်မူးသည် နောက်တနေ့တွင် ဘုန်းကြီးထံရောက်လာပြီး ရဟန်းခံရက်လာတောင်း၏
ဘုန်းကြီးလည်း ရက်သတ်မှတ်ပေး လိုက်၏ နောက်တနေ့တွင် ဒကာမတယောက်ဖုံးဆက်လာပြန်၏
ရဟန်းခံမဲ့ ဒကာလေး ရဟန်းခံဖြစ်သလားဟု လျှောက်ထား ပြန်၏ လာလျှောက်ထားတယ် ရဟန်းခံ
မခံတော့ ဘုန်းကြီးလည်းမသိပါဟု ပြန်လည်ပြောလိုက်၏ တပည့်တော်က ရဟန်းအမ
ခံယူမလို့ပါဘုရားဟု ပိုက်ဆံပေးလိုက်ပြီး ရဟန်မခံမှာစိုးလို့ မေးကြည့်တာပါဘုရားဟု
လျှောက်ထားကာ ဖုံးချသွား၏။
ဘုန်းကြီးလည်း ရဟန်းခံမဲ့ဒကာကို နဲနဲတော့
သံသယဖြစ်လာ၏ ဘုန်းကြီးကို ဒုက္ခပေးမဲ့သူလား ဆိုပြီးတော့လည်း ဆင်ခြင်ရ၏ ရဟန်းခံမဲ့ဒကာလည်း
ရဟန်းခံရက်ရောက်လာမှ သူ့သူငယ်ချင်းတွေနှင့် ရောက်လာ၏ ဘုန်းကြီးလည်း
ရဟန်းခံပေးလိုက်၏ သူ့အကြောင်းကိုမသိ ကိုယ့်အကြောင်းသူမသိနဲ့
ရဟန်းခံပေးလိုက်ခြင်းဖြစ်၏ ဂုဏ်တော်(၉)ပါး ဘုရားရှိခိုးစာရွက်ပေးပြီး ရဟန်း ဘ၀မှာ
ဒီဘုရားရှိခိုးလေး အမှတ်တရကျက်လိုက်ပါဟု နားဝင်အောင်ပြောပြရ၏။
ထွက်လေ ၀င်လေကိုမှတ်တဲ့ တရားထိုင်နည်းကိုလည်း သင်ပေးကာ နံက်ပိုင်း နာရီဝက်
ညပိုင်း နာရီဝက် တရားထိုင်ခိုင်းလိုက် ၏ ဘုန်းကြီးလည်း ရဟန်းခံပြီးချိန်အထိ အင်ဒိုနီးရှားမလေးခင်ပွန်း
မောင်မူးမှန်းမသိပါ မောင်မူးလည်း ဘုန်းကြီးကြက်ခိုင်းသည့်
ဘုရားရှိခိုးနှင့်တရားထိုင်ခြင်းကို မနဲကြိုးစားနေရတာတွေ့မြင်ရ၏ အရက်ဖြတ်လာတော့
မောင်မူးဂဏှာအငြိမ်ပါ နောက်နေ့ကြ တော့ နေမကောင်းဟုပြောလာ၏ ဘုန်းကြီးလည်း မောင်မူးမှန်းမသိတော့ ဆေးတွေရှာပေးလိုက်၏။
အနာနဲ့ဆေးကတော့ ဘယ်တွေ့ပါ့မလည်း ပေးတဲ့ဆေးက ဖျာနာပြောက်ဆေးဖြစ်နေတာကိုး သူလည်း
ကြိုးစားပြီး သီးခံတာ တွေ့ရ၏ သုံးရက်လောက်ကြာတော့ ပြန်ကောင်းလာ၏ ဘုန်းကြီးလည်း
ဘုရားရှိခိုး တရားထိုင်ခြင်းကို သူ့ကိုငဲ့ပြီး မပြောတော့ပါ သူလည်း စိတ်ပါတဲ့ရက်
ဘုရားရှိခိုးတရားထိုင်ပြီး စိတ်မပါတဲ့ရက် ဘာမှလုပ်တာမတွေ့ရပါ ဒုလ္လဘရဟန်းထံ
ဖုံးတွေကတော့ ခဏခဏ လာတာတွေ့ရ၏ မလေးလိုပြောနေတော့ ဘုန်းကြီးလည်းနားမလည်ပါ။
တနေ့တော့ ညနေဘက်
ဘုရားရှိခိုးသင်ပေးတဲ့ အင်ဒိုနီးရှားမလေးရောက်လာတာတွေ့ရ၏
သူတို့ခြင်းဖုံးဆက်ပြီးရောက် လာတာဆိုတော့ ဘုန်းကြီးအခမ်းထဲမှာနေတော့ မသိလိုက်ပါ
ရေသန့်စင်ခန်းဝင်တော့မှ တွေ့လိုက်ခြင်းဖြစ်၏ ဘုန်းကြီးလည်း အင်ဒိုမလေးပြန်သွားမှ
ဒုလ္လဘဦးဇင်းကို မေးကြည့်မိ၏ ခုနအင်ဒိုနီးရှားမလေးနဲ့ ဦးဇင်းနဲ့သိသလားလို့မေးတော့
တပည့်တော် ဇနီးပါဘုရားလို့ပြောမှ ဘုန်းကြီးလည်း အံ့သြစွာနဲ့ အင်ဒိုနီးရှာမလေးပြောတဲ့
ခပ်ဆိုးဆိုးမြန်မာဆိုတာ ဒုလ္လဘဦးဇင်းဖြစ်နေမှန်း
သိလိုက်ရတော့၏။
အင်ဒိုနီးရှားမလေးကို မောင်မူး ဒုလ္လဘမှ ဘုန်းကြီးတသက်လုံးဝတ်တော့မယ်လို့
ပြောလိုက်တော့ အင်ဒိုမလေး နေ့တိုင်း ကျောင်းလာကာ မျက်ရည်စက်လက်နဲ့
လူထွက်ဖို့လာပြောနေတာတွေ့ရ၏ ဒီလောက် သူ့အပေါ်ဆိုးနေတဲ့ကောင်ကို အင်ဒို မလေး
ဘာသဘောကြနေသည်မသိ နေ့တိုင်းလာငိုနေတော့ ကိုရွှေမြန်မာ ဒုလ္လဘလည်း မခံနိုင်ပါ
လူထွက်ကာ ပြန်ပါသွားလေ တော့၏ သြော်
--အင်ဒိုမလေး မြန်မာဘုန်းကြီးတွေ အရက်မသောက်ဘူဆိုတာ သိနေလို့ သူ့ယောင်္ကျား မောင်မူးအရက်ပြတ်
အောင် ဘုန်းကြီးဝတ်ခိုင်းပုံရ၏ မောင်မူးဘုန်းကြီးမထွက်တော့ဘူးပြောတော့ သူ့ခမျာ
မျက်ရည်စက်လက်နဲ့ ညနေတိုင်း လာငို နေရတာ တွေ့ရပြန်၏။
သြော်---လူတွေ--လူတွေ
ဖြစ်ချင်တာကိုလည်း ဖြစ်အောင်လုပ်တာတွေ့ရ၏ ဖြစ်ပြန်တော့လည်း ထင်တဲ့အတိုင်း
ပြန်မဖြစ် လာတော့ သောကဗျာပါဒတွေနဲ့ နှစ်ပါးသွားနေတာ တွေ့ရပြန်၏ လောကဆိုတာ
သူဖြစ်ချင်သလိုဖြစ်နေတာ ကိုဖြစ်ချင်သလို မဖြစ်ဘူးဆိုတာ သဘောမပေါက်လို့ ဤဇာတ်ထုတ်ကို
အင်ဒိုမလေး ၀င်ရောက် ကခဲ့ခြင်းဖြစ်၏ ယ္ခုတော့လည်း သူတို့စုံတွဲ ကျောင်းလည်း
လာတာမတွေ့ရတော့ပါ ဘယ်ဝယ် ဘယ်စီ ရောက်နေလို့ ဘယ်လိုဇာတ်လမ်းတွေနဲ့ စခမ်းသွားနေသလည်းဆို
တာ သိချင်စမ်းပါဘိ။
Type your summary here. Type the rest of your post here.
No comments:
Post a Comment