ရွှေဝါရောင် မတိုင်ခင်ကလည်း
ဘုန်းကြီးထံသို့ မြန်မာဆိုင်တဆိုင်မှ ဖုံးဆက်လာ၏ ဘုန်းဘုန်းကိုပင့်ချင်လို့ ဒကာလေး
နှစ်ယောက် ရောက်နေတယ် ကျောင်းကိုလွှတ်လိုက်မယ်ဘုရားဟု လျှောက်ထားကာ ဖုံးချသွား၏
ဘုန်းကြီးစိတ်ထဲမှာတော့ ဘုန်းကြီးပင့်မယ်ဆိုတာ ဆွမ်းစားပင့်မယ်ဟုသာထင်မိ၏
မလေးရှားတွင် ဆွမ်းစားပင့်တာသာကြုံဘူး၏ တခြားကိစ္စတွေ မကြုံ ဘူးတော့
ဆွမ်းစားပင့်လိမ့်မည်ဟုသာ ထင်မှတ်ခဲ့ခြင်းဖြစ်၏။
ညနေချမ်းအချိန်မှာ ဒကာလေးတွေ ကျောင်းရောက်လာတော့ ဘုန်းကြီးကို ၀တ်ချပြီး
တပည့်တော်တို့ ဆရာတော်ကိုပင့်
ခြင်လို့ပါဘုရားဟု လျှောက်ထား၏
ဘုန်းကြီးလည်း ဆွမ်းစားပင့်မည်အထင်နှင့် ဘယ်ရက်ပင့်မှာလည်းဟု ဆွမ်းပင့်စာရင်း စာ
အုပ်ကိုလှန်ကာ အရင်ပင့်ထားသော
ရက်တွေကို ကြည့်နေမိ၏
အခုပင့်ချင်တာဘုရားလို့ လျှောက်မှ ဘုန်းကြီးလည်း သူတို့ကို သေသေချာချာ
ကြည့်မိတော့၏။
ဘုန်းကြီးတွေ ညနေစာ မစားရဘူးဆိုတာ ဒကာတို့မသိဘူးလားဟု မေးတော့
တပည့်တော်တို့က ဆွမ်းကပ်ပင့်မှာ မဟုတ်
ဘူးဘုရား အစည်းအဝေး
ပင့်ခြင်လို့ပါဘုရားဟု လျှောက်တော့မှ ဘုန်းကြီးလည်း မိမိမှားနေကြောင်း သတိထားမိတော့၏
ဒကာ တို့က ဘာအစည်းအဝေးရှိလို့လည်းဟု မေးတော့မှ ပြည်ပရောက်အစိုးရအဖွဲ့မှ ၀န်ကြီးတချို့
မလေးရှားရောက်နေပါတယ်ဘုရား ဒီနေ့ညနေ အစည်းအဝေးရှိလို့ ဆရာတော်ကို လာပင့်တာဘုရားဟု
လျှောက်ထားလေ၏။
မင်းတို့အစည်းအဝေးက နိုင်ငံရေးအစည်းအဝေးဘဲ ဘုန်းကြီးတွေနဲ့ ဘာပတ်သက်လို့လည်း
မေးတော့ ပါစေချင်လို့ပါဘုရား ဟုလျှောက်ပြန်၏ ဘုန်းကြီးအစည်းအဝေးတက်လျှင်
ဘုန်းကြီးကို ၀န်ကြီးတနေရာ ပေးမလားလို့မေးလိုက်၏ ဘုန်းကြီးလည်း သူတို့မပေးနိုင်တဲ့
ရာထူးကြီးကြီးကို အရွဲ့တိုက်ပြီး တောင်းဆိုလိုက်ခြင်းဖြစ်၏ သူတို့တတွေ
တယောက်မျက်နှာ တယောက် ကြည့်ကာ ရီနေကြ၏။
ဘာဖြစ်လို့ရီနေတာလည်း မပေးနိုင်ဘူးလားဟု ထပ်မေးတော့ ဖြစ်မှာမဟုတ်ဘူးဘုရားဟု
လျှောက်ထားကြ၏ မြန်မာ ဘုန်းကြီးတပါး
အဝေးရောက်အစိုးရအဖွဲ့မှာ ၀န်ကြီးရာထူး ရရှိသွားလျှင်တော့ မြန်မာပြည်တွင်မက
ကမ္ဘာမှာတောင် မှတ်တမ်း တင်သွားနိုင်တယ် ဒကာတို့က သဘောမကြလို့လားဟုမေးလိုက်တော့
သဘောမကြလို့မဟုတ်ပါဘုရား မဖြစ်မှာစိုးလို့ ပြောတာ ပါဘုရား အေး ဒကာတို့
မပေးနိုင်မှန်းသိလို့ တမင်သက်သက်တောင်းတာပါ။
ဒီကိစ္စထားပါတော့ကွာ တကယ်လို့ ဘုန်းကြီးက ဒီအစည်းအဝေးကို တက်ဖြစ်မယ်ဆိုလျှင်
အစည်းအဝေးပြီးတဲ့အခါ ဒကာ တို့အစည်းအဝေးကို မလေးရှားဓမ္မရောင်ခြည်ဆရာတော်
တက်ရောက်ကြောင်း သတင်းတွေ အင်တာနက်မှာ ပြန့်သွားမှာတော့ သေချာတယ် ဒကာတို့ဝန်ကြီးအဖွဲ့နဲ့
နိုင်ငံရေးသမားတွေ အဖို့တော့ အောင်မြင်မှာ သေချာတယ် ဘုန်းကြီးတို့က မြန်မာ ပတ်စပို့
ကိုင်ထားတာဆိုတော့ မြန်မာပြည်ပြန်ခဲ့သော် သံရုံးထောက်ခံချက်မပါလျှင် လေဆိပ်မှာပင်
ပတ်စပို့ အသိမ်းခံရမှာဖြစ်၏။
အဲဒီလို ဖြစ်လာမဲ့ ပြဿနာတွေကို ဒကာတို့အဖွဲ့က တာဝန်ယူပြီး ဖြေရှင်းပေးနိုင်မလား
မေးလိုက်တော့ အဲဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးဘုရားဟု လျှေက်ထားကြ၏
ဒီလိုဆို ဒကာတို့က ဘုန်းကြီးတို့ အေးအေးဆေးဆေး သာသနာပြု နေတာကို
မမြင်ခြင်လို့လားမေးတော့ တပည့်တော်တို့ ဒီလိုသဘောနဲ့ လာပင့်တာမဟုတ်ပါဘူးဘုရား
ဆရာတော်များ နိုင်ငံရေး စိတ်ဝင်စားမလားလို့ လာပင့်တာပါဘုရားဟု လျှောက်ကြ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment