အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, September 23, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၂၀)





      နောက်အဖွဲ့အစည်းတခုကလည်း မလေးရှားဘုန်းကြီးတွေ ဆန္ဒပြပွဲကို ပင့်လို့မရမှန်း သိလာတော့ နောက်တနည်းသုံးပြီး ဖုံး ဆက်လာပြန်၏ ရဟန်းငါးပါးခန့် ရဟန်းခံခြင်လို့ဘုရားဟု လျှေက်ထားလာပြန်၏ ဘုန်းကြီးလည်း ရိုးရိုးသားသား ရဟန်းခံမည် အထင်နှင့်လက္ခံလိုက်၏ ရဟန်းခံမဲ့နေ့ကြတော့ လျှေက်ထားတာက ၅-ပါး-၆-ပါးရောက်လာတော့ ၁၅-ပါးခန့်ဖြစ်နေ၏ ဘုန်းကြီး လည်း အံ့သြသွား၏ ငါ့ကိုလျှောက်ထားတာ ဒီလောက်မများပါဘူး ခုဘာဖြစ်လို့များလာတာလည်းဟု သံသယ၀င်မိ၏။
     ဒုလ္လဘ ၀တ်မည့်ဒကာတွေကို ဘာအတွက်ဝတ်ကြတာလည်းဟု မေးကြည့်သည့်အခါ ဒီမိုကရေစီအတွက် ၀တ်တာပါဟု ပြောလာ၏ ဘာဒီမိုကရေစီအတွက်လည်းဟု ထပ်မေးကြည့်တော့ ဒုလ္လဘ ရဟန်းခံပြီး သံရုံးကို ဆန္ဒသွားပြမလို့ဟု လျှောက် ထားတော့မှ သူတို့ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား သိရတော့၏ ခေါင်းဆောင်ပုဂ္ဂိုလ်လာတော့ ဘုန်းကြီးအခန်းထဲခေါ်ပြီးဆွေး
နွေးရတော့၏။
   ဒုလ္လဘ၀တ်ပြီး သံရုံးဆန္ဒသွားပြမလို့ဆိုတာ ဟုတ်ပါသလားလို့မေးတော့ ဟုတ်ပါတယ်ဟုဖြေ၏ တပည့်မကောင်း ဆရာခေါင်း ဆိုတာ ကြားဘူးမှာပေါ့ တပည့်ရဟန်းတွေလုပ်သမျှသည် ဥပဇ္ဈာယ်ဆရာ၏ တာဝန်သာဖြစ်၏ သူတို့ဆန္ဒပြခြင်းသည် ဘုန်းကြီး ဆန္ဒပြတာနဲ့ အတူတူဘဲ ပြဿနာဖြစ်လာလျှင် ဘုန်းကြီးရှင်းရမှာဒကာကြီး သံရုံးဆန္ဒပြမယ်ဆိုလျှင်တော့ တခြားကျောင်းသွား ပြီး ရဟန်းခံပါလို့ ပြောဆိုကာ ပြန်လွှတ်လိုက်ရ၏။
    သူတို့တတွေလည်း တခြားကျောင်းတွင် ရဟန်းခံကာ နောက်တရက်တွင် သံရုံး၌ ဆန္ဒပြပါတော့၏ သတ္တိကတော့ ချီးကျူး
စရာပါ ဒါပေမဲ့ မြန်မာပြည်စစ်အစိုးရက ရွှေဝါရောင်ရဟန်းတော်များကို ဘုန်းကြီးအစစ်မဟုတ်ဘူး ဘုန်းကြီးအတုတွေပါဟု ပြော ဆို စွတ်ဆွဲနေချိန်ဖြစ်နေသောကြောင့် မလေးရှားမြန်မာသံရုံးကလည်း မလေးအစိုးရကို ယ္ခု ဆန္ဒလာပြသော ဘုန်းကြီးတွေ
သည်  ဘုန်းကြီးအစစ် မဟုတ်ပါ ဘုန်းကြီးအတုတွေပါဟု တိုင်ပါတော့၏ မလေးရှားမှာ ဒုလ္လဘ၀တ်ပြီး ဆန္ဒပြတာ စစ်အစိုးရ၏
ပြောစကားကို ထောက်ခံပေးသလို ဖြစ်သွားပါ၏။
    ဘုန်းကြီးအစစ်ဖြစ်ကြောင်း ဥပဇ္ဈယ်ဆရာ၏ ထောက်ခံချက်တွေ ပြရပါတော့၏ ရဟန်းခံပေးလိုက်တဲ့ ဘုန်းကြီးလည်း ဆန္ဒပြ  ပြန်လာတဲ့ ဒုလ္လဘတွေကို ကျောင်းတွင် လက်မခံရဲတော့ပါ ဒုလ္လဘတွေသည် မိမိတို့ ရင်းနှီးရာကျောင်းတွေထံ သွားရောက်ကြ ၏ ဘုန်းကြီးကျောင်းလည်း ၆-ပါးရောက်လာ၏ သံရုံးကလည်း ဒီဒုလ္လဘတွေ ဘယ်ကျောင်းမှာ သတင်းသုံးလဲဆိုတာ စုံစမ်းနေ ကြောင်း သတင်းတွေထွက်နေ၏။
    ကျောင်းရောက်လာသော ဒုလ္လဘတွေကို ဦးဇင်းတို့ ဘာဖြစ်လို့ ဒီလိုဆန္ဒပြရတာလဲ မေးကြည့်တော့ ဒီလိုဆန္ဒပြမှ UN ကပ် လျှောက်လို့ရမှာပြောလို့ ဆန္ဒပြရခြင်းဖြစ်တယ်ဟုပြော၏ စာဖတ်ပရိတ်ရေ သေသေချာချာသာ စဉ်းစားပေတော့ နိုင်ငံရေးလုပ် နေတာလား သူတို့အရေး လုပ်နေတာလားဆိုတာ သိသာထင်ရှားလှ၏ ဘုန်းကြီးလည်း သူတို့ကို လက်မခံရဲတာနဲ့ ကိုယ့်အိမ်မှာ သာ ကိုယ်သတင်းသုံးဖို့ ပြောဆိုပြီး ပြန်လွှတ်လိုက်ရ၏ စိတ်တော့မကောင်းပါ ဘုန်းကြီးနှင့် ရင်းနှီးသော ဒကာတွေဖြစ်သော ကြောင့်ဖြစ်၏။
     ထိုမလေးရှား ဒုလ္လဘရဟန်းတွေ ဆန္ဒပြမှုသတင်းသည် ဟိုးလေးတကျော်ကျော်ဖြစ်သွား၏  သတင်းဋ္ဌာနတွေကလည်း ဟိုသတင်းဋ္ဌာန ကမေး ဒီသတင်းဋ္ဌာနကမေးနဲ့ ရဟန်းခံပေးလိုက်တဲ့ ဥပဇ္ဈာယ်ဘုန်းကြီးလည်း အခက်အခဲတွေနဲ့ များစွာကြုံတွေ့ ရပါတော့၏ မိမိတို့ ဖြစ်လာမဲ့ အကျိုးဆက်ကို သေသေချာချာမသိဘဲ ကိုယ်ဖြစ်ချင်သလို လုပ်လိုက်သည့်အတွက် ရလာတဲ့ အကျိုးကျေးဇူးကတော့ ဘုန်းကြီးတွေ အတုတွေပါဟု အမဲစက်ထင်သွားခြင်းဖြစ်ပါ၏။
     သူတို့အလို မလိုက်သည့်အတွက် ဘုန်းကြီးကို အပြစ်မြင်ကာ တပါတ်တခါ လာပို့နေတဲ့ ဆွမ်းဝတ်ကိုလည်း ဖြတ်လိုက်ပါ တော့၏  ဒါလိုလုပ်လိုက်တာလဲ သဘာဝကြပါ၏ သူတို့လိုဘ မပြည့်တော့ ဒီနည်းနဲ့ဘဲ တုံ့ပြန်ရတာပေါ့လေ ဘုန်းကြီးလည်း လောကသဘာဝကို နားလည်ပါ၏ သူတို့ဆွမ်းမပို့လို့လည်း ဘာမှထိခိုက်နစ်နာမှုမရှိပါ မလေးရှားမှာ ဘုန်းကြီးရှားသည့်အတွက် ဆွမ်းပို့ချင်သူတွေ များသောကြောင့်ဖြစ်ပါ၏ ပထမ တဖွဲ့ကတော့ တစ္စကို ဘုန်းကြီး ဆွမ်းမကပ်ဖို့ လိုက်ပိတ်ပင်၏။
     ဒုတိယအဖွဲ့ကတော့ ကိုယ်တိုင် ဆွမ်းဝတ်ဖျက်လိုက်၏ ရွှေဝါရောင် တော်လှန်ရေးရဲ့ နိုင်ငံခြားရောက်  ဘုန်းကြီးတွေအပေါ် ရိုက်ခတ်မှုတချို့ပါ အတွေ့အကြုံတွေ များလာတော့လည်း ကိုယ်ပိုင်အရည်အခြင်းတွေ ပိုပြီးပြည့်ဝလာတာပေါ့လေ ဒီလိုအရည် အခြင်းမျိုးဆိုတာ လုပ်ယူလို့မရဘူး ဖြစ်ပေါ်လာတဲ့ ပြဿနာအပေါ် ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးမှ ရရှိလာတဲ့ အရည်အခြင်းမျိုး သာဖြစ်၏ ကြာတော့လည်း အရည်ထူကာ တွေ့ကြုံလာတဲ့ လောကဓံကို ရင်ဆိုင်ရဲလာတဲ့ သတ္တိတွေ ပိုရှိလာပြီဟု ထင်မိပါ၏။
 


Type your summary here. Type the rest of your post here.

No comments: