၃။ ရွှေဆိုသည်မှာ ဇာတရူပ-ပါဠိအရ ဇာတိရုပ်မပြောက်ရဘူးလို့
ပညာရှင်များဆိုထားပါ၏
ရွှေဆိုသည်မှာ မီးဖုတ်ရင်လဲ မမဲရဘူး
မီဖုတ်လို့ မဲသွားလျှင် ရွှေမဟုတ်ဘူး၊
ရွှေဆိုသည်မှာ တူနဲ့ထုလို့လဲ မကွဲရဘူး
တူနဲ့ထုလို့ ကွဲသွားလျှင် ရွှေမဟုတ်ဘူး၊
ရွှေဆိုသည်မှာ နန်းဆွဲရင်လဲ မပြတ်ရဘူး
နန်းဆွဲလို့ပြတ်လျှင် ရွှေမဟုတ်ဘူး၊
ရွှေဆိုသည်မှာ ငရဲမီးနဲ့ တို့ရင်လဲ
မစားရဘူး ငရဲမီးတို့လို့စားသွားလျှင် ရွှေမဟုတ်ဘူး၊
ရွှေသည် မိမိဇာတိရုပ်မပြောက်မှ
ရွှေဟုခေါ်ဆိုရမှာဖြစ်၏ မီဖုတ်လို့ မဲသွားလျှင် ရွှေ၏ မူလဇာတိရုပ် ပြောက်သွား၏ ရွှေ အစစ်မဟုတ်ပါ
ရွှေအတုသာဖြစ်၏ ကိုယ့်ကိုယ်ကို ရွှေလို့ခေါ်ဆိုသည် ရွှေမြန်မာတွေလည်း လောဘမီးအတို့ခံရလို့
ရွှေရောင် ပြောက်ပြီး မဲသွားသည့် မြန်မာတွေ ကမ္ဘာမှာများလှပါ၏ ဥပမာပြောရလျှင်
ကမ္ဘာမှာ နာမည်ကြီးမီဒီယာတွေမှာရောက်နေသော မြန်မာအချို့သည် မြန်မာပြည်မှာ
ဖြစ်ပျက်နေသော သတင်းမှန်အချို့ကို ထိန်ချန်ပြီး
မိမိတို့ဘာသာ သာသနာကို မျက်ကွယ်ပြု ကာ ဘက်လိုက်ပြီး သတင်းတွေ
ဖြန့်ဖြူးနေတာကို တွေ့မြင်ရတော့ လောဘမီးလောင်မြိုက်နေတဲ့ ဤရွှေမြန်မာတွေသည် ဘယ် အ၀ါရောင်တောက်နိုင်တော့မလဲ
အရှက်မရှိ အမဲရောင်သာ ဖြစ်ပါ၏ သူတို့နောက်ကွယ်တွင် ဘယ်ဘာသာခြားတွေ၏ စပွန်စာ တွေဘယ်လောက်ရှိသည်မသိ
အရှက်မရှိ မရိုးသားသည့်မျက်နှာတွေဖြင့် ဇာတိရုပ်ပြောက်သွားသော
ရွှေအတုများသာဖြစ်ပါ၏။
ကမ္ဘာ့နာမည်ကြီး မီဒီယာအချို့လည်း
ဓါတ်ပုံမှား ဗွီဒီယိုမှားတွေကို တင်ဆက်ပြီး ကမ္ဘာပြည်သူတွေရဲ့အမြင်မှာ မြန်မာ့ပုံ ရိပ်တွေ
ဆိုးသထက်ဆိုးအောင် တင်ဆက်ပြသတာကိုလည်း ဖန်သားပြင်မှာ တွေ့မြင်ရပါ၏ အတ္တဆန်သော
အမြင်ဆိုးတွေဖြင့် မြန်မာပြည်ကို ကမ္ဘာပြည်သူတွေ အမြင်မကြည်အောင်
ဆောင်ရွက်နေခြင်းဖြစ်၏ ရိုးသားခြင်ရောင်ဆောင်ပြီး မရိုးသားတဲ့ လ က္ခဏာတွေ
ထင်ရှားစွာတွေ့မြင်ရ၏ ရိက္ခာကြောင့် သိက္ခာစွန့်ရဲသော မီဒီယာကြီးတွေပါပေ အရှက်မရှိ
သိက္ခာမဲ့မှုသာဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment