အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, September 4, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၃)




     မြန်မာပြည်အစိုးရအဖွဲ့ကိုယ်စား ၀န်ကြီးများဖြစ်ကြသော ဦးဇင်ယော်နှင့် ဒေါ်ဝင်းဝင်းထွန်းတို့ကိုယ်တိုင် မလေးရှားသို့လာ ရောက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးဦးဆောင်ကာ ဒုက္ခရောက်၍ ဆေးရုံတက်နေရသောမြန်မာများကို ကိုယ်တိုင်သွားရောက် တွေ့ဆုံကာ ငွေကျေးများထောက်ပန့်ခြင်း အာပေးစကားများပြောဆိုခြင်း လိုအပ်သည့်အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း သည် မြန်မာပြည်ပြန်လိုပါက ကူညီဆောင် ရွက်ပေးပေးမည်ဟု အာပေးစကာပြောဆိုခြင်းကလည်း တအားတက်ရပါ၏။
    မြန်မာပြည်ကသူဋ္ဌေးတွေဖြစ်ကြသော ကမ္ဘောဇ ဦးအောင်ကိုဝင်းရဲ့ မြန်မာတွေအတွက် မခံရပ်နိုင်လွန်းလို့ပါလို့ ပြောသော စကားသည် မလေးရှားရောက် ဘုန်းဘုန်းတို့ရွှေမြန်မာတွေအတွက် ရင်ထဲအလွန်ထိသော စကားဖြစ်ပါ၏ ဦးအောင်ကိုဝင်း၏ နာရေးကူညီမှုအသင်းအတွက် ဒေါ်လာငါးသောင်းလှူဒါန်းတာ မြန်မာတွေ မလေးရှားမှ သက်သက်သာသာ ပြန်နိုင်ရန် ကမ္ဘောဇ ပိုင် MAI လေယဉ်ဈေးကို တ၀က်ရှော့ပေးတာ ပြန်မည်သူများလာရင် စင်လုံးဖရီးစွဲပေးမယ်ဆိုသည့် ပြောဆိုသည့်စကားများ သည် တကယ်အနစ်နာခံ၍ ရွှေပီသသော မွန်မြတ်သော စိတ်ဓါတ်များဖြစ်ပါ၏။
      ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဧရာဝတီလူမှုရေးအဖွဲ့လည်း မလေးရှားကို ကိုယ်တိုင်လာရောက်ကာ ဆေးရုံ တက်ရောက်ကုသခံယူနေတဲ့ လူနာတွေ ကပ်ပုန်းကျောင်းမှာ တည်းခိုနေတဲ့ ဒုက္ခရောက်မြန်မာတွေကို အကူအညီပေးတာ လေ ယဉ်လက်မှတ် ၁၀၀၀-ကိုလှူဒါန်းတာကို ၀မ်းမြောက်ဖွယ်တွေ့မြင်ရပါ၏ ရခိုင်အရေးခင်းတုံးကလဲ ဧရာဝတီဖောင်ဒေးရှင်းသည် သိန်းထောင်ချီလှူဒါန်းတာကိုလည်း ၀မ်းမြောက်ဖွယ် တွေ့မြင်ခဲ့ရ၏ မိမိလူမျိုးတွေ ဒုက္ခရောက်ချိန်မှာ အကူအညီပေးခြင်းသည် တကယ်အနစ်နာခံ စာနာတတ်သော ရွှေပီသသောစိတ်ဓါတ်ဖြစ်ပါ၏။
      ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦတေဇမှလည်း မလေးမှာဒုက္ခရောက်နေတဲ့ မြန်မာတွေအတွက် ဒေါ်လာတသိန်းနှင့် မလေးမှပြန် လာတဲ့မြန်မာတွေ ပြည်တွင်းခရီးစဉ်အတွက် အဲယားပုဂံလေယဉ်ကို အခမဲ့စီးခွင့်ပေးမယ်လိုပြောဆိုတာတွေဟာ တကယ့်ကို အားရစရာကောင်တဲ့ အနစ်နာခံ ပေးဆပ်ခြင်တဲ့ ရွှေပီသသောစိတ်ဓါတ်တွေပါဘဲ မြန်မာပြည်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာ သော မလေးရှားအလုပ်သမားတွေကို ဒေါ်လာတရာပေးသည့်အပြင် အဲယားပုဂံဝန်ထမ်းတွေမှ နွေးနွေးထွေးထွေး ကြိုဆိုတာ တွေမြင်ရတော့ ရင်ထဲမှာ လှိုက်လှိုက်လဲလဲ ၀မ်းသာမိပါ၏။
    သီတဂူဆရာတော်ကြီးသည် မလေးရှားသို့ ကိုယ်တိုင်ကြွရောက်လာပြီး မလေးရှား အင်မီဂရေးရှင်းသို့ ကိုယ်တိုင်သွားရောက် ကာ မြန်မာပြည်သို့ပြန်ကြမည့် ရွှေမြန်မာတိုင်းရင်းသားများကို ကိုယ်တိုင်အားပေးစကားပြောဆိုကာ မလေးရှား အင်မီဂရေးရှင်း သို့ တယောက် ရင်းဂစ်(၄၀၀) ပေးဆောင်ရမည့်ငွေကို ဆရာတော်ကြီး ဦးဆောင်သော သီတဂူဖောင်ဒေးရှင်းမှ စီစဉ်လှူဒါန်းပေး ခြင်းသည် မလေးရောက်ရွှေမြန်မာများအတွက် အလွန်အားရကျေနပ်လှပါ၏
     အကြောင်းတမျိုးမျိုးကြောင့် ထောင်တွင်းရောက် နေကြသော ရွှေမြန်မာများကိုလည်း ဧရာဝတီဖောင်ဒေးရှင်းမှ ထောင်တွေ ရောက်အောင်ဝင်ရောက်ဆွေးနွေး၍ မြန်မာပြည် ပြန်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းသည် အလွန်ကောင်းမွန်သော အစီစဉ် ဖြစ်၏ မလေးရှားထောင်ထဲရောက် ရွှေမြန်မာတွေသည် လေယဉ်လက်မှတ် မ၀ယ်နိုင်လို့ မြန်မာပြည် မပြန်နိုင်တဲ့ အကြောင်းကို စိတ်မချမ်းသာဖွယ် အမြဲကြားနေရ၏ ထောင်ထဲရောက်မြန်မာတွေကို ကယ်ထုတ်ပေးခြင်းက တကယ်ဒုက္ခရောက်နေသူကို ကူ
ညီပေးခြင်းဖြစ်၏ ဘုန်းကြီးတော့ မြန်မာပြည်မှပေးဆပ်သည့် သူရဲကောင်းတွေကို အထူးကျေးဇူးတင်လှပါ၏။
      ရွှေပြည်နန်းမိသားစုမှလည်း ငွေကျပ်ငါးသောင်းစီပေးတာတွေ့ရပါ၏ မြန်မာပြည် အငှားကား တက္ကစီ အသင်းမှကားတွေ ကလည်း ပြည်တော်ပြန် မြန်မာအလုပ်သမားတွေကို အခမဲ့လိုက်ပို့တာကို သတင်းမီဒီယာတွေမှ တွေ့မြင်ရတော့ မလေးရှား ရောက် ဘုန်းဘုန်းတို့ ရွှေမြန်မာတွေ အလွန်အားတက်ရပါ၏ မလေးမှာအစဉ်မပြေပေမဲ့ အမိမြန်မာပြည်က ရွှေပီသတဲ့ ရွှေမြန် မာတွေ၏ နွေးထွေးစွာ ကြိုဆိုကြ ၀မ်းနဲကြေကွဲစွာ ဖေ့ဘုတ်မှဆန္ဒတွေ ထုတ်ဖေါ်ပြဆိုကြတော့ မလေးမှာ ငါတို့တတွေ ဒုက္ခ ရောက်နေတာကို မြန်မာပြည်က ရွှေပီသတဲ့ ရွှေမြန်မာတွေရဲ့ အရေးကြီးလို့ သွေးနီတဲ့ ပေးဆပ်မှု အနစ်နာခံမှုကြောင့် မလေး ရောက်မြန်မာတွေ သောကဗျာပါဒတွေ တဒင်္ဂ အေးချမ်းခဲ့ရပါ၏။
 

Type your summary here. Type the rest of your post here.

No comments: