အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, September 13, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၁၂)



    ထို နီလိုင်းအရပ်မှာပင် တချိန်တုံးက မြန်မာအမျိုးသမီးလေးတယောက် ပြန်ပေးအဆွဲခံရဘူး၏ နီလိုင်းတိကတွင် မြန်မာဆိုင် ဖွင့်နေသော နေခြည်စတိုးဆိုတာ ရှိခဲ့ဘူး၏ ပိုင်ရှင်တွေကတော့ ကိုအေးနိုင်+မလင်ဒါ ဖြစ်၏ ဘုန်းကြီးနှင့်တနယ်ထဲသားတွေ ဖြစ်သောကြောင့် ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဖြင့် အလွန်ရင်းနှီးသောဒကာတွေဖြစ်၏ ကထိန်ပွဲ ၀ါဆိုပွဲ ဆွမ်းကပ်ပွဲတွေ အမြဲပင့် နေကြ ဒကာတွေဖြစ်သလို ဘုန်းကြီးအမြဲတရားဟောနေကြ ဆိုင်ဖြစ်၏။
    သူတို့ဆိုင်လေး အရောင်းအ၀ယ်ကောင်းလာတော့ အလုပ်သမားငှားဖို့ လူလိုလာတာနဲ့ မအူပင်မှ ဒကာအေးနိုင်၏ တူနှစ် ယောက်နဲ့ တူမတယောက်ကို ခေါ်လိုက်၏ လူငယ်လေးတွေရောက်လာတော့ နေခြည်စတိုးလည်း ပိုပြီးစိုပြေကာ စည်ကားလာ ပါ၏ ဆိုင်စည်ကားလာမှ ဒကာအေးနိုင်တယောက် မူးတယ် မူးတယ် ဆိုပြီး ဆေးရုံပို့လိုက်ရ၏ ဆေးရုံမှာပင် မကြာခင်ဆုံးသွား ပါ၏ ဘုန်းကြီးထံ အကြောင်းကြားလာတော့ ဘုန်းကြီးလည်း အံ့သြတုံလှုပ်သွား၏။
      လွန်ခဲ့သည့် တရက်ကမှ ဘုန်းကြီးထံ ဖုံးဆက်ပြီး စီပွားရေးအစဉ်ပြေကြောင်း တူတွေ တူမတွေေ၇ာက်လာမှ ပိုပြီးအစဉ်
ပြေလာကြောင်း ရီကာမောကာ ဖုံးဆက်ပြီး ပြောကြားခဲ့တာကို ကြားရောင်နေမိ၏ ဘုန်းကြီးကို နောက်ဆုံး နှုတ်ဆက်စကား ပြောသွားခြင်းဖြစ်၏ သြော်--သေခြင်းတရားဆိုတာ အနီးလေးပါလားဆိုတာလည်း သံဝေဂ ဖြစ်မိ၏ အလွန်ရင်းနှီးသူတယောက် ဆုံးသွားတော့ တှုံလှုပ်သွားတာတော့ အမှန်ပါဘဲ ငါ့အလှည့် ဘယ်တော့ ဆိုတာလည်း ဆင်ခြင်မိသွား၏။
    ဘုန်းကြီးတို့လည်း သက်ပြောက်ဆွမ်းကို ကြွရောက်ခဲ့၏ စုပေါင်းလှူဒါန်းတဲ့ အလှူငွေတွေကိုလည်း ဒကာအေးနိုင် အသုဘ ကိစ္စတွင်သုံး၇န် ပြန်လည်လှူဒါန်းခဲ့ပါ၏ အသုဘချမဲ့နေ့တွင် စ၇င်ဘန်းသုဿာန်သို့ရောက်ခဲ့ကာ သရဏဂုံတင် အခမ်းအနား ကို ဆောင်ရွက်ပေးခဲ့၏ ဒကာအေးနိုင် အသုဘတွင် ထူးထူးခြား ခေါင်းထဲတွင် နိုင်ငံခြားဖြစ် အကောင်းစား အရက်ပုလင်းတွေ တွေ့ရ၏ ဘုန်းကြီးမှ သံဝေဂ ကဗျာတွေကို လိုက်ပို့သူ ပ၇ိတ်သတ်နှင် ညီညီညွတ်ညွတ် ရွတ်ဆိုစေကာ သံဝေဂရစေပါ၏။  
   ထိုသံဝေဂကဗျာ ရွတ်ဆိုပြီးလို့ သာဓုခေါ်ပြီးချိန်တွင် ကဲ ဒကာတို့ ဘုန်းကြီးတို့ အစီအစဉ်တော့ပြီးပြီ ဒကာတို့ မီးသဂြိုလ်မဲ့ ကိစ္စဘဲ ကျန်တော့တယ် အစီအစဉ်တိုင်း ဆက်လုပ်ပါဟု လုပ်ခွင့်ပေးလိုက်၏ ဒကာအေးနိုင်၏ သောက်ဖေါ်သောက်ဖက် သူငယ်ချင်းတွေမှ ထိုအရက် ပုလင်းတွေဖေါက်ကာ ဒကာအေးနိုင် အသုဘပေါ်လောင်းချတာ တွေ့၇တော့၏ သူတို့ပုံစံကြည့် တော့လည်း သေဆုံးသူ သူငယ်ချင်းအရက်သမားအပေါ် ကျန်အရက်သမားတွေက တာဝန်ကျေတဲ့ပုံစံမျိုး တွေ့မြင်ရ၏။
    အရက်သောက်ဖေါ်သောက်ဖက်တွေသည် သူတို့အခြင်းခြင်း အနွံတာခံတာတွေ့ရ၏ တယောက်နှင့်တယောက် ဖေးဖေး မမ လည်းတွေ့မြင်ရ၏ သေသူအပေါ် ကျန်သူတွေက သစ္စာရှိကြောင်း လုပ်ပြနေပုံရ၏ ဘုန်းကြီးလည်း တခါမှမတွေ့ဘူတဲ့ အတွေ့ အကြုံမို့ ဘာလုပ်ကြတာလည်း မေးကြည့်မိ၏ သေဆုံးသူသည် အရက်ကြိုက်တာမို့ သူငယ်ချင်းတွေက နောက်ဆုံးအနေနဲ့ သူ့ အလောင်းပေါ် အရက်တွေ လောင်းချပေးနေခြင်းဖြစ်ပါတယ်ဟု ပြောဆိုကြ၏ ဘုန်းကြီးလည်း ဘုန်းကြီးကိစ္စပြီးပြီမို့ သူတို့ကိစ္စ ကို ဘာမှ ၀င်မပြောခဲ့ပါ ကိုယ့်ဘာသာရေးခေါင်ဆောင် ဘုန်းကြီးပါပါလျှက်နဲ့ ထင်ရာလုပ်တတ်တဲ့ မြန်မာတို့ရဲ့ အကျင့်စရိုက်ဆိုး တခုပါ နှောင်းလူငယ်တွေကတော့ ဒီစရိုက်ဆိုးကို မှတ်ထားပြီး သူတို့လက်ထက်တွင် ဆက်လုပ်မှာ သေချာပါ၏။
      ဒီလိုနဲ့ ရက်လည်ဆွမ်းသွတ်ပွဲရောက်လာ၏ ထိုတရားပွဲတွင် သုဿာန်တွင် အလောင်းပေါ်အရက်လောင်းချတာတွေ ပစပ် ထဲ ပိုက်ဆံထဲ့တာတွေ ခေါင်းထဲ ထမင်းထုတ်ထဲ့တာတွေဟာ မြန်မာပြည်၏ အမှားကြာလို့ အမှန်ဟုထင်နေသော အရာတွေ သာဖြစ်၏ သေသူအတွက် ဘာကောင်းကျိုးမှမရနိုင် သေသူအတွက်ကောင်းကျိုးရစေလိုလျှင် ကုသိုလ်လုပ်ပြီး အမျှဝေရုံမှတပါး တခြားလုပ်စရာ နည်းလမ်းမရှိဟု ဟောခဲ့ပါ၏ ဇနီးဖြစ်သူ မလင်ဒါနှင့် တူ-တူမ-တို့ကို ညီညီညွတ်ညွတ်နဲ့ နေထိုင်သွာဖို့ ဆုံးမ သြ၀ါဒပေးပြီး ပြန်ကြွခဲ့၏။

Type your summary here. Type the rest of your post here.

No comments: