၂။ရွှေ၏ အနစ်နာခံခြင်းဆိုသည့် သတ္တိဆိုသည်မှာ ရွှေသက်သက်ပဲ လက်စွပ်လုပ်လျှင်
ရွှေလက်စွတ်ဟုခေါ်ဆို၏ ရွှေပေါ်မှာ စိန်ကွပ် လိုက်လျှင် ရွှေနာမည်ပျောက်ပြီး စိန်လက်စွပ်ဖြစ်သွား၏
ထို့အတူ ပတ္တမြားကွတ်လိုက်လျှင် ပတ္တမြားလက်စွပ်ဖြစ်သွား ၏ ရွှေသက်သက်ပဲ
လုပ်သည့်လက်ကောက်ကို ရွှေလက်ကောက်လို့ခေါ်ဆိုပြီး
ရွှေအပေါ်စိန်ကွပ်လိုက်လျှင်စိန်လက်ကောက် ရွှေအပေါ် ပတ္တမြား ကွပ်လိုက်လျှင် ပတ္တမြားလက်ကောက်ဖြစ်သွားပြန်၏
ရွှေသက်သက်ပဲလုပ်သည့် ကြယ်သီးကို ရွှေကြယ်သီး ဟုခေါ်ဆိုပြီး စိန်ကွပ်လိုက်လျှင်
စိန်ကြယ်သီး ပတ္တမြားကွပ်လိုက်လျှင် ပတ္တမြားကြယ်သီးဖြစ်သွား၏။
စိန်လက်စွပ် စိန်လက်ကောက်
စိန်ကြယ်သီး ပတ္တမြား လက်စွပ် ပတ္တမြားလက်ကောက် ပတ္တမြားကြယ်သီးတို့သည် ရွှေမပါ လျှင်
ဘယ်နည်းနှင့်မှ လက်စွပ် လက်ကောက် ကြယ်သီး ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ ရွှေအားကိုးနှင့်သာ သူတို့ အမည်
အသီးသီးပေါ်လွင်လာခြင်းဖြစ်၏ သို့သော် ရွှေသည် မိမိကိုမှီပြီး နာမည်ကျော်ကြားသွားသော
စိန် ပတ္တမြားတို့ကို မနာလိုဝန်တို ခြင်းမရှိပါ မိမိ အနစ်နာခံပေးလို့
ထင်ပေါ်ကျော်ကြားသွားတာကိုပဲ ၀မ်းသာပကတိဖြစ်နေပါ၏ ရွှေအနစ်နာခံသည့် စိတ်ဓါတ်ကို
လူသားတွေ အားကြအတုယူရမှာဖြစ်၏။
မိမိကိုယ်ကို မိမိ ရွှေဟု မိန်ရေရှက်ရေ ပြောဆိုနေသည် ရွှေဆိုသည့်
မြန်မာပြည်သားတွေ ရွှေလို အနစ်နာခံတတ်တဲ့ စိတ် ဓါတ်တွေ မိမိတို့သဏ္ဍာန်တွင် ဘယ်လောက် ပိုင်ဆိုင်ထားသလဲဆိုတာ ဆင်ခြင်သုံးသတ်ရမှာဖြစ်၏
မလေးရှားမှာရွှေစိတ်ဓါတ် အပြည့်အ၀ရှိသည့် ပုဂ္ဂိုလ်တွေလည်း များစွာတွေ့ရပါ၏
ကပ်ပုန်းနာရေးကူညီမှုအသင်းတွေလို နာရေးကူညီမှုအသင်းများစွာကို လည်းတွေ့မြင်ရ၏
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့လည်းတွေ့မြင်ရ၏
နှလုံးလှသွေးလှူရှင်များအဖွဲ့ကိုလည်း တွေ့မြင်ရ၏
ဘုန်းဘုန်းမသိတဲ့ လူမှုပရဟိတအသင်းတွေ
များစွာရှိပါ၏ ဤစိတ်ဓါတ်မျိုးရှိတဲ့သူတွေ ဤအဖွဲ့အစည်းတည်တန့်အောင် အလှူ
ငွေလှူဒါန်းတဲ့ပုဂ္ဂိုလ်တွေသည် ရွှေလိုအနစ်နာခံတဲ့ စိတ်ဓါတ်ရှိသူတွေဟုဆိုရမှာဖြစ်၏
(ယ္ခုလို မလေးရှားမှာ အော်ပရာစီတွေဝင်လို့ ဒုက္ခတွေရောက်နေချိန်တွင်
ရွှေမြန်မာအခြင်းခြင်း တဦးနှင့်တဦး သတင်းပေး ကူညီရမှာဖြစ်၏ မလေးရှားတွင် အေးဂျင့်ညစ်လို့
သူဋ္ဌေးညစ်လို့ မလွဲသာဘဲ အိုဗာစတေးဖြစ်သွားတဲ့ ရွှေမြန်မာတွေ အများစု ဖြစ်၏
သူတို့ခမျာ ငွေလဲကုန် ပစ္စပို့လည်းဆုံးသည့် မိအေးနှစ်ခါနာများဖြစ်၏ ယ္ခုလိုအော်ပရာစီဝင်တဲ့အချိန်တွင်
သူတို့တတွေကို နေဖို့စားဖို့ အော်ပရာစီဘေးမှဝိုင်းဝန်းကာကွယ်စောင့်ရှောက်ဖို့အရေးကြီးချိန်ရောက်နေပါပြီ
ပါမစ်ရှိသူရွှေမြန်မာတွေရွှေစိတ်ဓါတ် အပြည့်အ၀နဲ့ အနစ်နာခံပေးရမည့် အချိန်ကောင်းပါ ပေးဆပ်ခွင့်ကြုံနေပါလျှက်
မပေးဆပ်ဘူးဆိုလျှင် သင့်လောက်ရွှေစိတ်ဓါတ် ကင်မဲ့သူ လောကတွင် ရှိမည်မထင်ပါ ရွှေမြန်မာတွေ
အနစ်နာခံ၍ ပေးဆပ်ခြင်းဆိုတဲ့ ရွှေစိတ်ဓါတ် ပြည့်ဝသူတွေဖြစ်ပါစေ။)
ယ္ခုလို မလေးရှားကမြန်မာတွေ
အန္တရာယ်ကြုံတွေ့နေရသည့် အချိန်တွင် မြန်မာပြည်ပြည်မှ ပြည်သူများလည်း ရွှေ ပီသစွာ
ရွှေစိတ်ဓါတ်အပြည့်အ၀နဲ့ အကူအညီပေးလှူဒါန်းဖို့ ဆောင်ရွက်လာခြင်းသည် ရွှေဆိုသည့်
စိတ်ဓါတ်သည် မိမိတို့ရွှေတွေ ဘယ် ရောက်ရောက် ဒုက္ခနဲ့ကြုံတွေ့ပြီဆိုလျှင် ကူညီဖို့
လက်မနှေးဘူးဆိုတာ သူတို့ရဲ့ကြေငြာချက်တွေ လှူဒါန်းငွေတွေက သက်သေပြ လျှက်ရှိပါ၏
မလေးရှားရောက်မြန်မာတွေလည်း ငါတို့တိုင်းပြည်က ငါတို့အားလုံးကို ပစ်မထားဘူးဟု စိတ်ထဲတွင်
ကြေနပ်မှုတွေ
အလီလီဖြစ်ရပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment