အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, September 12, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၁၁)



   ထို အင်ဒိုမလေးလည်း သူ့ခင်ပွန်း ဘာသာဘက်ကို အလေးထားလိုက်ကိုးကွယ်တာတွေ့ရ၏ ဘာသာခြားနဲ့ အိမ်ထောင်ပြုတဲ့ မြန်မာအမျိုးသမီးတွေလဲ အများစုက ယောင်္ကျားဖြစ်သူ၏ ဘာသာနောက်ကို လိုက်သွား တာတွေ့ရ၏ မြန်မာအမျိုးသားနဲ့ အိမ် ထောင်ပြုတဲ့ ဘာသာခြားသူ အများစုလည်း မြန်မာအမျိုးသား၏ ဘာသာနောက်ကို လိုက်လာတာတွေမြင်ရ၏ အမျိုးသမီးတွေ သည် မိမိတို့အမျိုးသား၏ အကြိုက်ကို လိုက်လုပ်ပေးနေတာလား တကယ်ယုံကြည်လို့ လုပ်တာလားဆိုတာတော့ သေသေချာ ချာ မသိပါ လက်တွေ့မြင်နေရာတကာတော့ အမျိုးသမီး အများစုကတော့ အမျိုးသား ဘာသာနောက်ကို လိုက်နေတာ တွေ့မြင် နေရပါ၏ လင်ယူမယားယူသားမွေးနည်းဖြင့် လူမျိုးအမျိုခံရခြင်းသည်  ရွှေမစစ်တဲ့ ရွှေမတွေအတွက် မိမိအမျိုးပြောက်မဲ့ သစ္စာ မဲ့မှု ဆိုတာ ရွှေမတွေသိသင့်ပါ၏။
     ဘာသာရေးငရဲမီးနဲ့ စမ်းသပ်တို့ခြင်းဆိုသည်မှာ ဘာသာခြားတွေသည် သူတို့ဘာသာဘက်သို့ပါလာအောင် ငွေကျေးဓနဖြင့် လည်း စည်းရုံးသိမ်းသွင်းတတ်၏ လှိုက်လှိုက်လှဲလှဲအကူအညီပေး၍လည်း စည်းရုံးသိမ်းသွင်းတတ်၏ လူမျိုးမျို၍လည်း စည်းရုံး သိမ်းသွင်းတတ်၏ အားနည်းသည့် လူ့အသိုင်းဝိုင်းကိုလည်း လက်နှက်ပြ၍ ခြိမ်းခြောက်ကာ စည်းရုံးတတ်ပါ၏ ဤလိုစည်းရုံး
သိမ်းသွင်း၍ ပါသွားခြင်းသည် မိမိတို့ကိုးကွယ်သည့် ဘာသာဇာတိရုပ် ပြောက်သွားခြင်းသာဖြစ်၏ ရွှေစစ်လျှင် ဇာတိရုပ် မ
ပြောက်ပါ ရွှေမစစ်လို့သာ ဇာတိရုပ်ပြောက်သွားခြင်းဖြစ်ပါ၏။
     မလေးရှားရောက်မြန်မာတိုင်းရင်သားတွေကို ဘုန်းဘုန်းလည်း မိမိလက်လှမ်းမှီသလောက် ရွှေ တရားကို အဓိကဟောကြား ခဲ့ပါ၏ မလေးရှားတွင် ယ္ခုအချိန်သည် အလွန်အရေးကြီးနေသော အချိန်ဖြစ်၏ ဘာသာရေးအကြောင်းပြုပြီး ဗုဒ္ဓဘာသာ မြန်မာ တိုင်းရင်းသားတွေကို အမြင်မကြည်သူတွေများလာ၏ အမြင်မကြည်အောင်လည်း လှုံ့ဆော်မှုတွေ အင်တာနက်တွင် အမျိုးမျိုး တွေ့နေရ၏။
    မလေးရှားအစိုးရကလည်း အော်ပရာစီဝင်ပြီး အိုဗာစတေးတွေကို ပိုက်စိပ်တိုက်ဖမ်းနေ၏  အေးဂျင့်နှင့် သူဋ္ဌေးတွေ၏ ညစ် ပတ်မှုကြောင့် အိုဗာစတေးဘ၀ကို မရောက်ချင်ဘဲ ရောက်သွားရရှာတဲ့ ရွှေမြန်မာတွေရှိသလို အောက်လမ်းကတက်လာတဲ့ အိုဗာစတေး မြန်မာတွေလည်း တောထဲမှာ ပုန်းသူကပုံး အလုပ်နားပြီး အိမ်တွင်ပုံး လုပ်သူကလုပ်နဲ့ မြန်မာတွေ မလေးရှားတွင်
ဘေးအန္တရာယ်တခုနဲ့ ရင်ဆိုင်နေရတဲ့အချိန်ဖြစ်၏ ပါမစ်ရှိပါလျှက် အဖမ်းခံ၇သော ရွှေတွေလည်း ရှိနေတာတွေ့ရ၏။
    ယ္ခု အော်ပရာစီအ၀င်ခံ၇သော နီလိုင်းဒေသတွင် ပါမစ်ရှိပါလျှက် အေးဂျင့်လာမထုတ်လို့ ထောင်ထဲရောက်နေသော မြန်မာ တွေရှိနေ၏ သူတို့နှင့်တရွာထဲ သူငယ်ချင်းသည် ဘုန်းကြီး၏ အရင်နှီးဆုံး ဒကာတယောက်ဖြစ်၏ ရဲစခမ်းမှ တယောက် ၂၀၀၀- ရင်းဂစ်ပေးလျှင် လွှတ်ပေးမည်ဟု စကားဆိုလာ၏ နောက်ဆုံးဈေးစစ်တော့ ၁၅၀၀-ရင်းဂစ်နဲ့ တဲ့သွား၏ ပါမစ်ရှိပါလျှက် အဖမ်း ခံနေရသော သူတို့ခမျာ သူငယ်ချင်းတွေထံ ဖုံးဆက်အကူအညီ တောင်းခံ၇တော့၏။
    ရွေးရမဲ့သူက ၅-ယောက်အတွက်ဆိုတော့ သူငယ်ချင်းတွေကလည်း ဒီလောက်များတဲ့ငွေကျေး စုပေါင်းထည့်သော်လည်း မပြည့်နိုင်သောကြောင့် ဘုန်းကြီးထံ အကူအညီလာတောင်းပါတော့၏ ဘုန်းကြီးလည်း လိုတာလေးတွေ ထုတ်ပေးလိုက်ရ၏ သြော်---ဒို့မြန်မာတွေ တိုင်းပြည်စီပွားရေး အခြေအနေမကောင်းတာနဲ့ သူတပါးနိုင်ငံတွင် နည်းမျိုးစုံနဲ့ နှိပ်ဆက်တာခံနေရ၏ မြန်မာပြည်ကြီး မြန်မြန်ကောင်းစေချင်ပါပြီ ဒါမှ ဒို့ရွှေမြန်မာတွေ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်မိသားစုရှေ့တွင် ခေါင်းမော့ ရင် ကော့ကာ ၀င့်ဝင့်ကြွားကြွား လုပ်အားအလှတွေဖြင့် မြန်မာပြည်ကြီးကို တိုးတက်ကြီးပွားအောင် တန်ဆာဆင်စေချင်ပါဘိ။
 

Type your summary here. Type the rest of your post here.

No comments: