နိုင်ငံရပ်ခြားတွင်ရောက်နေသော
မြန်မာတွေအားလုံးသည် မိမိတို့ဘေးအန္တရာယ်ကို ရင်နှီး၍ မိမိတို့၏ လုပ်အားတွေဖြင့် သူ
တို့ နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေသည်ဆိုလျှင် မှားမည်မထင်ပါ
ကိုယ်ဘက်ကကြည့်လျှင်လည်း မြန်မာပြည်မှာ မရနိုင်တဲ့ငွေကျေးလခကြောင့်
လာလုပ်နေရခြင်းဖြစ်ပါ၏ မလေးရှားရောက်တဲ့ မြန်မာတွေကို ကြည့်မည်ဆိုလျှင် အရွယ်ကောင်း
လေးတွေဖြစ်ကာ လုပ်သားစွမ်းရည် အမြင့်မားဆုံး အချိန်ဖြစ်၏ ဒီလုပ်အားတွေဖြင့်
ကိုယ့်နိုင်ငံ တိုးတက်ကြီးပွားအောင် တည် ထောင်ရမည့် အချိန်ဖြစ်၏။
သို့သော်လည်း တည်ထောင်ဖို့ အချိန်မတန်သေးတော့ ဒီလုပ်သားတွေ၏
လုပ်အားစွမ်းရည်ဖြင့် မလေးရှားနိုင်ငံတိုးတက် အောင် လုပ်အား လာပေးနေရခြင်းသည်
အင်မတန် နှမြောဖို့ ကောင်းပါ၏ မိမိနိုင်ငံတိုးတက်အောင် တည်ထောင်ရမဲ့အချိန်တွင်
တခြားနိုင်ငံ လုပ်အားလာပေးနေရသလိုဖြစ်နေ၏ တနည်းအားဖြင့်ကျေးဇူးတင်ရသော်
လုပ်ငန်းအတွေ့အကြုံရအောင် လုပ်သား တက္ကသိုလ်လာတက်နေတယ်ဆိုလျှင်လည်း မမှာပါဘူး
မြန်မာပြည်တိုးတက်လာလို့ စက်ရုံအလုပ်ရုံတွေ ထောင်ပြီဆိုလျှင် ကျွမ်း ကျင်လုပ်သားတွေ
လိုအပ်လာမှာဖြစ်၏ ထိုအချိန်ရောက်လျှင် မလေးရှား-ထိုင်း-စင်္ကာပူ လုပ်သားတက္ကသိုလ်ကျောင်းဆင်းများ
မှ မြန်မာပြည်အတွက် များစွာအထောက် အကူပြုပြီး အကောင်းဆုံး ကျွမ်းကျင်လုပ်သားတွေ
များစွာရရှိလာမှာ ဖြစ်ပါ၏။
ရွှေမြန်မာတွေကို ရွှေတရားဟောရင်းနဲ့
ဘုန်းကြီးခေါင်းထဲ ပေါ်တာတွေ ရေးသားမိခြင်းဖြစ်၏ မလေးရှားသည် မြန်မာတွေ အတွက်
အန္တရာယ်များသော်လည်းဘဲ မြန်မာအများစု တတ်နိုင်တဲ့ ငွေကျေးဓနဖြင့် လာရောက်နိုင်သော
နိုင်ငံတခုဖြစ်၏ ဒီနိုင်ငံ ရောက်လျှင် ဒီလိုအဖြစ်ဆိုးမျိုးတွေ မြန်မာတွေ ကြုံတွေ့ဘူးခဲ့ပြီဆိုတာ
သိစေပြီး ဆင်ခြင်တတ် သတိထားတတ်ဖို့ အသိ ပေးခြင်း ဖြစ်၏ မလွှဲသာလို့ ရောက်ရှိခဲ့တဲ့ ရွှေမြန်မာတွေအားလုံး အောက်ပါ အချက်သုံးချက်ကို သေသေချာချာ
လိုက်နာစေချင်ပါ၏။
နံပါတ်(၁) သဘာဝရွှေသည် အမှုံအမွှားအတိုအစဖြစ်သော်လည်း လုံထဲတည့်ပြီး
မီးပေးလိုက်လျှင် ရွှေရေ ရွှေတုံး ရွှေခဲ အဖြစ်ဖြင့် တလုံးတစည်းတည်း
ပေါင်းစည်းသွားသလို မလေးရှားရောက် တိုင်းရင်းသားအားလုံးလည်း ရွှေပီသအောင် စည်း စည်း
လုံးလုံး ညီညီညွတ်ညွတ်နေထိုင်ကြပါ တိုင်းရင်းသားတဦး ဒုက္ခ ဘေးနဲ့ ကြုံတွေ့နေပြီဆိုလျှင်
ကျန်တိုင်းရင်းသားတွေ အားလုံး တစည်းတလုံးတည်း ၀ိုင်းဝန်းကူညီကြပါ။
နံပါတ်(၂) သဘာဝရွှေသည် အနစ်နာခံပေးတဲ့သတ္တိရှသလို မလေးရှားရောက် မြန်မာတိုင်းရင်းသားအားလုံးလည်း
လူမျိုးတစု ဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ပြီဆိုလျှင် ကျန်တိုင်းရင်းသားအားလုံးက
ရွှေပီသအောင် အနစ်နာခံတတ်တဲ့ စိတ်ဓါတ်ဖြင့် ကာယ အားဖြင့်တတ်နိုင်သူက ကာယအားဖြင့်ကူညီပါ
ဥာဏအားဖြင့် တတ်နိုင်သူ ဥာဏအား ဖြင့်ကူညီပါ ဓနအားဖြင့် တတ်နိုင်သူတွေ က ငွေကျေးဓနဖြင့်ကူညီပါ
ဘာမှမတတ်နိုင်သူတွေလည်း တယ်လီဖုံးလေးဆက်ပြီးအားပေးစကားပြောပေးသောအားဖြင့် အနစ်
နာခံ ပေးဆပ်ပေးကြပါလို့ တိုက်တွန်းပါ၏။
နံပါတ်(၃) သဘာဝရွှေသည် မီးဖုတ် တူထု နန်းဆွဲ
ငရဲမီးတို့သော်လည်း မိမိဇာတိရုပ် မပြောက်ဘဲ ရွှေဝါရောင်အဆင်းဖြင့်
ထိန်ထိန်တောက်ပအောင် ထိမ်းထားနိုင်သလို မလေးရှားရောက် မြန်မာတိုင်းရင်းသားအားလုံးလည်း
မိမိတို့ ဘာသာ သာသနာ ကို ဘယ်လိုနည်းနဲ့ဘဲ စည်းရုံးစည်ရုံး ၀ါးအမျိုမခံရအောင်
ကျိုးစားပြီး ထိမ်းသိမ်းပါ ဘာသာ သာသနာပြောက်လျှင် လူမျိုးပါ ပြောက်မည်
လူမျိုးပြောက်လျှင် မိမိနိုင်ငံပါ ပြောက်ကွယ်သွားပါလိမ့်မည်။
ရွှေဆိုသည့် မြန်မာတွေလည်း
ဘယ်လိုနည်းနဲ့ဘဲ စည်းရုံးစည်းရုံး ဘယ်လို အကြောက်တရားတွေနဲ့ဘဲ ခြောက်ခြောက် ဘယ် လို
ဖိအားတွေဘဲ ပေးပေး မိမိတို့
အမျိုးဂုဏ်ဇာတိဂုဏ် မပြောက်စေဘဲ မိမိတို့မွေးဖွားလာပြီး ငယ်စဉ်အရွယ်ထဲက ဆိုခဲ့ရသည်
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ ဇာတိရုပ်ကို မိမိသေတဲ့အထိ ရွတ်ဆိုနိုင်ပြီး မိမိတို့၏
ပင်ကိုဇာတိရုပ် မပြောက်စေဘဲ ဘာသာသာသ နာ ထွန်းလင်းတောက်ပအောင် ၀ိုင်းဝန်းထိမ်းသိမ်း ကာကွယ်နိုင်ကြပါစေ။
Type your summary here. Type the rest of your post here.
No comments:
Post a Comment