မကြာသောတနေ့တွင် နီလိုင်း ကွယ်လွန်သူ ဒကာအေးနိုင်၏ တူမှ ဖုံးဆက်လာ၏
ဘုန်းဘုန်း ညီမလေးကို ပြန်ပေးဆွဲသွား လို့ဘုရားဟု အကြောင်းကြားလာ၏ ဘယ်လိုဖြစ်တာလဲ
အကြောင်းစုံမေးကြည့်တော့ တပည့်တော် ထမင်းထုတ် သွားပို့ချိန်တွင်
ဆိုင်မှာကျန်ခဲ့သော ညီမလေးကို ပြန်ပေးသမားတွေ ခေါ်သွားတယ်ဘုရား ရဲတိုင်လျှင်
သတ်ပစ်မည်ဟု တယ်လီဖုံးနဲ့ဆက်ပြီး အကြောင်းကြားလာ၏ ရင်းဂစ် ၃၀၀၀၀-နှင့်လာရောက်ရွေးယူရမည်ဟုလည်း
ပြောကြားလာပါတယ်ဘုရား။
ဒီလိုဆိုလျှင် ဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိသလည်း ခုတော့ ဦးလေးအောင်တို့
လူကြီးတွေ တိုင်ပင်နေတယ်ဘုရား အေးကောင်း
တယ် ဒကာအောင်သည် နီလိုင်း
နယ်မြေခံရဲတွေနှင့် အတော်ရင်းနှီးသော ဒကာဖြစ်၏ သူတို့လုပ်လျှင် တခုခုတော့ ကောင်း
ကျိုးဖြစ်ပေါ်လာမှာပါဟု ပြောဆိုပြီး
အကြောင်းထူးပြီး လိုအပ်တဲ့အကူအညီရှိလျှင်လည်း ဘုန်းဘုန်းထံ ဖုံးဆက်ဟု ပြောလိုက်ရ
၏ ဒကာအေးနိုင် မကွယ်လွန်ခင်တရက်ကမှ
သူ့တူ-တူမ-တွေ အကြောင်းပြောဆိုခဲ့ဘူး၏ ဘုန်းကြီးကို သူ့-တူ-တူမ-တွေကို
စောင့်ရှောက်ဖို့ အပ်ခဲ့သလို ဖြစ်နေ၏။
ဒီလိုအရေးအခင်းမျိုး
ကြုံတွေ့လာလိမ့်မယ်လို့ ဘယ်လိုမှ မျှော်လင့်မထားခဲ့ ဘုန်းကြီးလည်း
စိတ်ထဲမှာမကောင်း ကိုယ့်မြန်မာ အမျိုးသမီးငယ်လေး ပြန်ပေးအဆွဲခံရတာဆိုတော့
စိတ်ထဲမှာဂဏှာမငြိမ် ပူပန်စိုးရိမ်နေမိ၏ သူတို့ဆက်လာမဲ့ ဖုံးကိုမျှော်နေမိ၏
သူတို့ဆက်မလာတာနဲ့ ဘုန်းကြီးကိုယ်တိုင်ဆက်ပြီး အကျိုးအကြောင်းမေးရပြန်၏
ပြန်ပေးသမားတောင်တဲ့ငွေ ၃၀၀၀၀-များ တာနဲ့ ဈေးစစ်ကြည့်တော့ ၂၀၀၀၀-ရင်းဂစ်နဲ့
တည့်တယ်ဘုရား ပိုက်ဆံကတော့ အလွယ်တကူမရှိဘူးဘုရား မိတ်ဆွေတွေထံမှ
လိုက်စွဲနေရတယ်ဘုရား အေးအစဉ်မပြေလျှင် ဘုန်းဘုန်းထံလာခဲ့ပါ
ဘုန်းဘုန်းရှိတာလေးတွေပေးရတာပေါ့ဟု ပြောကြားလိုက် ၏ ကိုယ့်လူမျိုး
ဒုက္ခရောက်နေတဲ့အချိန် ကိုယ်တတ်နိုင်သမျှ ကူညီရတာပေါ့လေ။
နောက်တနေ့တွင် ဒကာအေးနိုင်တူ ဘုန်းကြီးကျောင်းရောက်လာ၏ ဘာအကြောင်းထူးလည်း
မေးကြည့်တော့ အကြောင်း တော့ မထူးသေးဘူးဘုရား နယ်မြေခံရဲကိုလည်း
မတိုင်ရဲသေးဘူးဘုရား ညီမလေးအသတ်ခံရမှာဆိုးလို့ ဦးလေးအောင်တို့က တော့ ကွာလာလမ်ပူ
ရဲဋ္ဌာနချုပ်ကို တိုင်မယ်ပြောတယ်ဘုရား ပိုကောင်းတာပေါ့ နယ်မြေခံရဲက စိတ်မချရဘူး
ပေါင်းစားနေရင် ခက်မယ် ပြန်ပေးတောင်းတဲ့ငွေ အစဉ်ပြေပြီလားမေးတော့ အစဉ်မပြေသေးဘူးဘုရား
ငွေကျေးလိုနေသေးတာနဲ့ အခက်အခဲ ဖြစ်နေလို့ ဘုန်းဘုန်းထံလာတာဘုရား ဘုန်းကြီးလည်း
သူတို့လိုတဲ့ငွေကို ထုတ်ပေးလိုက်၏ သတိကြီးကြီးထားပြီး လုပ်ကိုင် ဆောင်ရွက်ဖို့
သတိချွတ်ချော်သွားလျှင် ကလေးမလေး အသက်အန္တရာယ်ရှိကြောင်း သတိပေးစကားပြောကြားလိုက်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment