အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, September 16, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၁၄)





   ပြန်ပေးသမားနဲ့ ညှိဖို့အတွက် ငွေကိုလည်း အစဉ်သင့်ဆောင်ထားရ၏ မလေးရှား ရဲရုံးချုပ်ကိုလည်း တိုင်ထား၏ ရဲတိုင်တာ မပေါက်ကြားအောင်လည်း သိုဝှက်ထားရ၏ ဘုန်းကြီးကိုသာ အသိပေးခြင်းဖြစ်၏ ကျန်လူတွေကို ပြောမပြရဲပါ ပေါက်ကြားသွား လျှင် ကလေးမလေး အသက်အန္တရာယ်စိုးရိမ်ရ၏ မလေးရှားရဲတွေ ဒီပြန်ပေးဆွဲမှုကို အတော်စိတ်ဝင်စားတာတွေ့ရ၏  နယ်မြေ ခံရဲတွေသည် နိုင်ငံခြားသားဆိုလျှင် ငွေတောင်းဖို့လောက်သာ စိတ်ဝင်စား၏ သူတို့အတွက် အလုပ်ရှုပ်မဲ့ ကိစ္စမျိုးကို စိတ်ဝင်စား မှုမရှိပါ  မလေးရှား ကွာလာလမ်ပူ ဋ္ဌာနချုပ်က ရဲတွေကတော့ နိုင်ငံခြားသားအပေါ် လှိုက်လှိုက်လှဲလှဲ ကူညီတာ တွေ့ရ၏။
      ပြန်ပေးသမား၏ ဖုံးနံပါတ်ကို ဋ္ဌာနချုပ်ရဲတွေမှ တောင်းယူကာ ကလေးမလေး၏ အကိုမှ ပြန်ပေးသမားထံ ဖုံးဆက်စေ၏ ထိုဖုံး၏တည်နေရာကို တယ်လီဖုံးရုံးမှ ပညာရှင်တွေ၏ အကူအညီဖြင့် ပြန်ပေးသမားရှိတဲ့ နေရာကို ရဲတွေသိရှိရ၏ နီလိုင်းမြို့ ၏အနီး ကာဂျမ်းမြို့၏ တနေရာတွင်ဖြစ်၏ တယ်လီဖုံးမှန်သမျှသည် မိမိ၏တည်နေရာကို ငါးမိနစ်တခါ မိခင်ဋ္ဌာနချုပ်သို့ ပြန် လည်သတင်းပို့သည်ဟု ဗဟုသုတ တခုရရှိခဲ့ပါ၏ တယ်လီဖုံးတွေသည် မိမိ၏ မိခင်ဋ္ဌာနချုပ်သို့် ၅-မိနစ်တကြိမ် သတင်းပို့တာ ကိုတောင် မသိဘဲ ပြန်ပေးဆွဲ လူမိုက်လုပ်နေတဲ့ ဗဟုတုတ ခေါင်းပါးတဲ့ လူဆိုးတွေကိုတော့ သူတို့တယ်လယ်ဖုံးကပင် သူတို့ကို ဖေါ်ကောင်လုပ် သတင်းပေးကာ သူတို့နေရာကို ညွန်ပြလိုက်ခြင်း ဖြစ်ပါ၏။
     ရဲတွေသည် ပြန်ပေးသမားရှိသော အိမ်ရှေ့တွင် မျက်ရိပ်သမားယောင်ဆောင်ကာ မျက်ရိပ်နေ၏ ထိုအချိန်တွင် ရဲတွေသည်
ကလေးမလေး၏ အကိုမှ ပြန်ပေးသမားထံ ဖုံးဆက်ခိုင်းပြန်၏ ပြန်ပေးသမား ဖုံးကိုင်သောအခါ ဖုံးထဲတွင် ရဲအယောင်ဆောင် မျက်ရိပ်သမား၏ စက်သံပေါ်လာ၏ ထိုအိမ်ကို ရဲတွေ သေသေချာချာမှတ်ကာ ညဘက်တွင် ရဲအင်အား အပြည့်အ၀ဖြင့် စနစ် တကျ  ၀င်ရောက်စီးနင်းပါတော့၏ ပြန်ပေးသမားတွေ ပြန်လည်ခုံခံသော်လည်း အားလုံးကိုဖမ်းမိလိုက်၏ ပြန်ပေးအစွဲခံရသည့် ကလေးမလေးတယောက်သာ မဟုတ် ကျန်ပြန်ဆွဲခံရသူတွေနှင့် အမှုတွေပါ တသီသတန်းကြီး ဖမ်းမိပါတော့၏။
      ဒီတခါတော့ မလေးရှားရဲတွေကို ချီးမွမ်းထောပနာပြုရတော့၏ ကလေးမလေးလဲ အသက်ဘေးမှ လွတ်မြောက်ခဲ့သလို ပြန် ပေးငွေလည်း မပေးရတော့ပါ ပြန်ပေးဆွဲသူတွေကတော့ မလေးရှားရောက် မြန်မာအမည်ခံထားသော ဘင်္ဂလီတဦးနှင့် မလေး လူမျိုးများဖြစ်၏ မလေးရှားရဲတွေလည်း နာမည်ကောင်းရသွားပါ၏ ပြည်သူတွေကို ဒုက္ခပေးနေသော လူဆိုးဂိုဏ်းတခုကို ဖြိုခွင်း နိုင်သည့်အတွက် ပြည်သူ့ရဲ ပီသသွားပါ၏။
    သြော်---မလေးရှားရောက်မြန်မာတွေလည်း ဒီလို ဘေးအန္တရာယ်ဆိုးမျိုးနဲ့လည်း ကြုံတွေ့ရတတ်ပါ၏ တကယ်တော့ မလေး ရှားသည် မြန်မာပြည်လောက် လုံခြုံမှုမရှိပါ သတိဝိရိယနဲ့အမြဲနေကာမှတော်ကာကြ၏ သတိမရှိလျှင်တော့ ထိုဘေးဆိုးမျိုးနဲ့ ကြုံတွေ့ရမှာဖြစ်၏ လမ်းသွားရင်လည်းအဖေါ်မပါရင် ကုလားဆိုးတွေက ဘယ်အချိန်ကစောင့်ကြည့်နေသည်မသိ ဆိုင်ကယ်နှင့်  ရောက်လာကာ လူအုပ်စုနဲ့သော်လည်းကောင်း လက်နှက်ပြ၍သော်လည်းကောင်း လုတတ်ပါ၏  အခမ်းမှာနေလျှင်လည်း ခြင် ဆေးဖြမ်းသလိုနဲ့ ငွေညှစ်သော လူလိမ်တွေနဲ့ ကြုံရတတ်ပါ၏ သွား သတိ နေသတိ အမြဲရှိရမည့် မလေးရှားဖြစ်၏။      
 


Type your summary here. Type the rest of your post here.

No comments: