အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, September 29, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၂၅)






       နာဂစ်အတွေ့အကြုံရဲ့ အနည်းငယ်သာတင်ပြခြင်းဖြစ်၏ နာဂစ်လှူဒါန်းခြင်း ခရီးစဉ် ၂၄-ရက်တွင် ရဲလည်း အစစ်ဆေးခံရ ၏ ထောက်လှန်ရေးကလည်း မလေးရှားကမှန်းသိလို့ အစစ်ဆေးခံခဲ့ရ၏ ရ၀တဆိုးတွေကလည်း သူတို့ကို ပစ္စည်းတွေမအပ်လို့ ပြဿနာရှာတာလည်း ကြုံတွေ့ရ၏ ရွာဘုန်းကြီးတွေကလည်း သူတို့ကိုယ်တိုင် မဝေရလို့ အမြင်မကြည်တာတွေလည်း ကြုံတွေ ခဲ့ရ၏ နာဂစ်လှူဒါန်းရခြင်းသည် ထောင်နခမ်းပေါ် လမ်းလျှောက်ရခြင်းနဲ့ တူသည်ဟုဆိုခဲ့ခြင်းဖြစ်၏ ဤအကြောင်းအရာတွေကို ဘုန်းကြီး၏ မေတ္တာလမ်းပေါ်က ကရုဏာရှင်များ-သို့မဟုတ် နာဂစ်ဒဏ်ရာကို ကုစားခြင်း စာအုပ်တွင် ရေးသားခဲ့ပါ၏။
      ထိုစာအုပ်သည် နာဂစ်လှူဒါန်းခဲ့ရာ ခရီးစဉ်တလျှေက် မြင်တွေ့ ကြားသိခဲ့တာတွေကို အမှန်အတိုင်းရေးသားထားတော့ ထို အချိန်တုံးက မြန်မာပြည်တွင်မထုတ်ဝေရဲပါ မလေးရှားရောက်မှ ငွေစာရင်းရှင်းတန်းတွေနဲ့အတူ ထုတ်ဝေခဲ့ပါ၏ ထိုစာအုပ်သည် မလေးရှာတွင် လူကြိုက်အလွန်များသောစာအုပ်ဖြစ်ကာ အုပ်ရေ ၂၀၀၀-ကို လာတောင်းသူတွေ များသောကြောင့် ခဏလေး ကုန်ခဲ့ပါ၏ စာအုပ်ဖတ်ပြီး ငိုသူငို မျက်ရည်ကျသူကြနဲ့ ဖုံးဆက်ကာ အကြောင်းကြားလာပါ၏။
      ထူးခြားတာကတော့ ထိုစာအုပ်ကို မိတ္တူပွားနေကြည်သည်ဟု သတင်းတွေထွက်လာခြင်းဖြစ်၏ ဘုန်းကြီးလည်း မိမိထံတွင် ချန်ထားသော စာအုပ်အနည်းငယ်ကို လာတောင်းသူတွေများသောကြာင့် ချွေတာပြီးပေးနေရ၏ ဘုန်းကြီးနှင့်ရင်နှီးသူ ဒကာတ ယောက်မှ နာဂစ်စာအုပ်နှင့် UN လျှောက်လို့ရတယ်ဘုရားဟု ဖုံးဆက်ပြောမှ ထိုမိတ္တုပွားခြင်း အကြောင်းကို သိရတော့၏ ဘယ်
လို လျှောက်သလဲတော့ ဘုန်းကြီးမသိပါ တနေ့တော့ စာအုပ်လာတောင်းတဲ့ ဒကာလေးကို မင်းဒီစာအုပ် ဖတ်ဖို့လား ဘာလုပ်ဖို့ လည်းဟု မေးမြန်းရတော့၏။
     တပည့်တော် ဖတ်လည်းဖတ်ချင်လို့ပါ ဖတ်ပြီးရင်လည်း UN လျှောက်မလို့ဘုရားဟု လျှောက်ထားလာ၏ ဘုန်းကြီးနာဂစ်စာ အုပ်နဲ့ UN လျှောက်တဲ့ သတင်းကြားနေရ၏ စာရေးတဲ့ဘုန်းကြီးတောင် ဘယ်လိုလျှောက်လို့ရသလဲ မသိဘူးဖြစ်နေတယ် ဘယ် လိုလျှောက်ကြသလည်း ဘုန်းကြီးကိုလည်း ပြောစမ်းပါအုံးဟု မေးမြန်းရတော့၏ နာဂစ်ဖြစ်တဲ့ဒေသကနေပြီး ဒုက္ခရောက်နေလို့ မလေးရှားရောက်လာ တာပါဟု ပြောပြီးလျှောက်ရ၏။
        UN အရာရှိတွေက နာဂစ်ဖြစ်တဲ့ ဘယ်အရပ်ဒေသကလည်း အဲဒီ နာဂစ်ဖြစ်ရာ အရပ်ဒေသ၏ ရွာ ၁၀-ရွာခန့်ကို မှန်မှန်  ကန်ကန်ပြောပြနိုင်မှ UNအရာရှိတွေယုံကြည်ကာ လျှောက်ထားခွင့် ပေးတာဘုရား ဘုန်းဘုန်းစာအုပ်ထဲမှာ ရွာနာမည်တွေ အပြည့် အစုံပါတော့ ဒီစာအုပ်ထဲက နာမည်တွေ အလွတ်ကျက်ပြီး ဖြေလိုက်ရင် ရတာပါဘဲဘုရားဟု လျှောက်ထားပြောဆိုမှ နာ ဂစ်စာအုပ်နဲ့ UNလျှောက်ထားခြင်းကိစ္စကို သဘောပေါက်သွားတော့၏။
     သြော်---နိုင်ငံခြားက ကိုလူလည်တွေ နာဂစ်ကို ကောင်းကောင်းအသုံးချပြီး UN ကပ်ရဖို့ တတိယနိုင်ငံ တခုခုကို ထွက်ခွါ
ဖို့ အသုံးချတတ်တာ ချီးကျူးစရာပါ နာဂစ်ကြောင့် သိန်းချီ သေဆုံးပြီး ဒုက္ခရောက်၍ ကျန်ခဲ့တဲ့ မြန်မာပြည်က ပြည်သူတွေက တော့ ဒီကိစ္စကို သိချင်မှ သိမှာပါ မလေးရှားက လူလည်အဖွဲ့တွေကတော့ ရွှေဝါရောင်တုံးကလည်း ရွှေဝါရောင် တော်လှန်ရေး ကပါဆိုပြီး အသုံးချကာ UN ကပ်တွေ ရအောင်ယူသွား၏ ယ္ခု နာဂစ်မုန်တိုင်းကို အသုံးချကာ မုန်တိုင်းဒဏ်ခံ ပြည်သူတွေပါဟု ပြောဆိုပြီး UN ကပ်ကို ရအောင်ယူပြန်၏ တတ်လဲ တတ်နိုင်တဲ့ သူတွေပါ။
      တကယ်အနစ်နာခံခဲ့ရတဲ့ မြန်မာပြည်မှ ပြည်သူတွေကတော့ ဒီအကြောင်းတွေ သိချင်မှသိမှာပါ လောကကြီးကလည်း တ ကယ် မှန်ကန်တဲ့သူတွေကို အခွင့်ရေးမပေးဘဲ တကယ်လိမ်ညာသူတွေကိုသာ အခွင့်အရေးတွေ ပေးနေခြင်းဟာ တရားမှ တ ရာပါသလားလို့ မေးလိုက်ခြင်ပါ၏။
 

Type your summary here. Type the rest of your post here.

No comments: