လင်ယူမယားယူသာမွေးနည်း ငရဲမီးနဲ့
ဘယ်လိုစမ်းသပ်ပြီး တို့မလည်းဆိုလျှင် ဘာသာခြားတွေသည် ဘာသာရေး အား နည်းသည့်
ရွှေမတွေကို သိမ်းသွင်းစည်းရုံပြီး မရခင်ကတော့ ဖျာလိုလိပ်ပြီး ခေါင်းပေါ်တင်ထား၏
ရပြီးလျှင်တော့ ဖျာလိုခင်းကာ နင်းပါတော့၏ ကလေးတယောက်ရပြီဆိုလျှင်
သူ့ဘာသာသို့သွင်းကာ ရွှေမတွေကို ကောင်းကောင်းနှိပ်ကွပ်ကာ သူ့ဘာသာသို့ ၀င်ရန်
နည်းမျိုးစုံဖြင့် အကြပ်ကိုင်ပါတော့၏ ရွှေမစစ်တဲ့ ရွှေမတွေလည်း နောင်မှတရတဲ့
နောင်တမျိုး ရင်ဝယ်မျိုသိပ်ကာ ဘာ သာခြားသို့ ပြောင်းဝင်၇တဲ့ လင်ယူသားမွေး
ငရဲမီးနဲ့တို့လို့ အစားခံလိုက်ရသော ဇာတ်လမ်းတွေများစွာရှိပါ၏။
မလေးရှားရောက် ရွှေမတွေလည်း ဘင်္ဂလားတွေ နိပေါတွေနဲ့ အင်ဒိုတွေနဲ့ ယူတာတွေ
ကြားနေရပါ၏ ဘုန်းကြီးကျောင်းသို့ ဘယ်တော့မှမလာပါ မလွဲသာလို့
မိဘတွေနာရေးကိစ္စပေါ်သည့်အခါ တိုးတိုးတိတ်တိတ် လူမသိ သူမသိ တယောက်ထဲလာကာ ရေစက်ချ
အမျှဝေတာမျိုးတွေတော့ရှိပါ၏ သူတို့အမျိုးသားတွေတော့ ခေါ်လာတာမတွေ့ရပါ ပတ်ဝန်းကျင် အမြင်မခံဝံ့သော သူတို့အပြစ်
သူတို့သိကြသော ရွှေမစစ်သော ရွှေမတွေဖြစ်ပါ၏ မြန်မာအမျိုးသားတွေကတော့ အင်ဒိုနီးရှား
အမျိုးသမီးတွေနဲ့ အများဆုံးယူကြတာတွေ့ရ၏ အင်ဒိုနီးရှား အမျိုးသမီးတွေကတော့
ဘုန်းကြီးကျောင်းကို လိုက်လာတာတွေ့ရ၏ ယုံကြည်လို့ လိုက်လာတွေကနဲပါတယ်
မိမိအမျိုးသားအလိုကြ လိုက်လာဟန်တူပါ၏။
တချို့အင်ဒိုနီးရှားမတွေကတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ၏ အိမ်ထောင်မပြု
အရက်မသောက် ညစာမစားခြင်းဆိုသည့် အချက် သုံးချက်လောက်ကိုဘဲ အလွန်လေးစားပါ၏လို့
ပြောလာကြ၏ သူတို့ကိုယ်တိုင်လည်း အင်ဒိုနီးရှား အစားအစာတွေ ချက်ပြုတ် ကပ်ကြ၏
အုန်းဆီအနံ့ရသော အင်ဒိုအစားစာတွေကို မကြိုက်သော်လည်း ချက်ပြုတ်လာသော အင်ဒို ဒကာမတွေ
ကိုငဲ့ကာ မျက်စိမှတ်ပြီး ဖုံးပေးရပေါင်းလဲမနဲပါ တချို့ အင်ဒိုနီးရှားမတွေက
သူတို့အမျိုးသား မြန်မာတွေ သင်ပေးလို့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ
သရဏံ ဂစ္ဆာမိ ဟု လက်အုပ်ချီကာ ရှစ်ခိုးတာလည်းတွေ့မြင်ရ၏ တချို့တွေကကလဲ £တိပိ သောဘဂ၀ါ
စသည်ဖြင့် ဂုဏ်တော် ၉-ပါးကိုလည်း ရွတ်ဆိုပြတာတွေ့မြင်ရပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment