အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, September 11, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၉)



      တနေ့တော့ ဘုန်းဘုန်းကျောင်းဝမှာ အင်ဒိုနီရှား အမျိုးသမီးနှစ်ယောက် ဘဲလာတီးတာတွေ့ရ၏ တယောက်က ခေါင်းမြီးခြုံ နဲ့ တယောက်ကတော့ မခြုံဘူး နိုင်ငံခြားသားဆိုတော့ ဘုန်းဘုန်းလဲ တခါးဖွင့်မပေးရဲဘူး အတွင်းကနေဘဲ ဘာကိစ္စရှိသလဲလို့ မေးလိုက်၏ သူတို့က ဆာမရန်းလုပ်ချင်လို့ပါဆိုပြီး လက်ထဲမှာကိုင်ထားတဲ့ ပန်းသီးတွေ ကိပ်မုံ့တွေထိုးပြ၏ ခက်တော့ခက်နေပြီ ဆာမရန်းဆိုတာတော့ ကုသိုလ်လုပ်မလို့ပြောနေခြင်းဆိုတာလောက်တော့ နားလည်၏။
   သူတို့စကားလည်း ကိုယ်နားမလည် ကိုယ့်စကားလည်းသူတို့နာမလည်နဲ့ တံခါးဖွင့်ပေးဖို့ ချီတုံချတုံဖြစ်နေ၏ မဖွင့်ပေးပြန်ရင် လည်း ရိုင်းရာကြမှာလည်း စိုးရိမ်ရ၏ ဖွင့်ပေးပြန်ရင်လည်း နောက်ဆက်တွဲ အန္တရာယ်စိုးရိမ်ရ၏ သူတို့နောက်မှာ ဘယ်သူတွေ ပါသလဲလို့ မသိမသာကြည့်လိုက်တော့ ဘယ်သူမှ ပါတာမတွေ့ရပါ သူတို့ကလဲ ဘုန်းကြီး ချီတုံချတုံ ဖြစ်နေတာကို သဘော ပေါက်ပုံရ၏ ဆာမရန်းလုပ်ဖို့ပါဆိုပြီး ထပ်ခါတလည်းလည်း ပြောနေတာနဲ့ သတိထားပြီး  တခါးဖွင့်ပေးလိုက်၏။
    ကျောင်းထဲရောက်တော့ ဘုရားဝတ်ချတာတွေ့ရ၏ ဘုန်းကြီးကိုလည်း ၀တ်ချ၏ ဘုန်းကြီးလည်း ဒီအင်ဒိုနီးရှားမလေးက ဗုဒ္ဓ ဘာသာဝင်နဲ့တူတယ်လို့ ထင်မှတ်မိ၏ အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်တွေ ကျောင်းကိုတခါမှ မလာဘူးတော့ ဘုန်းကြီးအတွက် ခပ် ဆန်းဆန်းဖြစ်နေ၏ စကားပြောကြည့်တော့လည်း သူလည်းနားမလည် ကိုယ်လည်းနာမလည်နဲ့ ပတ်ချာလည်မဲ့ကိန်းတော့ ဆိုက်နေပြီ ကုသိုလ်လာလုပ်တာဘဲ အစဉ်ပြေအောင် ကြည့်လုပ်ပေးလိုက်မယ်လို့ စဉ်စားဆုံးဖြတ်လိုက်၏။
       ဘုန်းကြီးလည်း သူတို့လှူဖွယ်ပစ္စည်းတွေကို လင်ပန်းတခုထဲထဲ့ကာ ကိုင်ခိုင်ပြီး £ဓမ္မေဒါနံ သံဃဿ ဒေမ £ဓမ္မေ ပုညံ နိဗ္ဗာနဿ ပစ္စယောဟု လိုက်ဆိုခိုင်းပြီး သာဓုသုံးကြိမ်ခေါ်ခိုင်းလိုက်၏ သူတို့ကလည်းသူတို့စကားတွေနဲ့ပြော၏ ဘုန်းကြီးလည်း မတောက်တခေါက်တတ်တဲ့ အင်္ဂလိပ်စကားနဲ့ ပြောကြည့်၏ နှစ်ဦးလုံး ဘယ်သူမှနားမလည် အခက်အခဲဖြစ်နေ၏ အဲဒီအချိန်မှာ ဒကာမျိုးညွန့်ရောက်လာလို့ တော်ပါသေး၏ ဒကာမျိုးညွန့် စကားပြန်လုပ်ကာမှ အကြောင်းစုံကို သိရပါတော့၏ အင်ဒိုနီးရှားမ လေး ပြောချင်တာတွေ သိရပါတော့၏။
     အင်ဒိုအမျိုးသမီးလေးသည် မြန်မာအမျိုးသားနဲ့ အိမ်ထောင်ကြနေခြင်းဖြစ်၏ နေ့တိုင်းမူးနေသော မောင်မူးမြန်မာဖြစ်နေပြန် ၏ မူတိုင်းလည်းအရိုက်ခံရသည်ဟု မျက်ရည်စက်လက်နဲ့ ပြောနေ၏ သူ့ယောင်္ကျားဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း
ကို လိုက်ပို့ပေးဖို့ ခဏခဏပြောသော်လည်း လိုက်မပို့ပေးဘူး ဒါနဲ့ သူ့သူငယ်ခြင်း အင်ဒိုအမျိုးသမီးခေါ်လာရခြင်းဖြစ်သည်ဟု ဆို၏ သူ့ကို ဗုဒ္ဓဘာသာ ဘုရားရှိခိုးသင်ပေးပါလို့ ပြောဆိုလာ၏ ဘုန်းကြီးလည်း စကားပြန် ဒကာမျိုးညွန့်နဲ့ အားတဲ့ရက်ကိုချိန်း ကာ တပါတ်တရက် သြကာသ နဲ့ ငါးပါးသီလကို ပါဠိလိုသင်ပေးပြီး အဓိပ္ပါယ်ပါ နားလည်အောင်သင်ပေးလိုက်၏ သုရာမေရယ သိက္ခာပုဒ်ကို ပြောပြတဲ့အခါ သဘောကြသွားဟန်တူ၏ သူ့ယောင်္ကျားကိုရွှေမြန်မာ မောင်မူးကို အနိုင်ရနိုင်သော နိုင်ကွက် ဖြစ် သောကြောင့် ထင်ပါ၏။    
 

Type your summary here. Type the rest of your post here.

No comments: