အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, September 22, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၁၉)





     ဘုန်းကြီး နိုင်ငံရေး စိတ်မ၀င်စားလို့ မဟုတ်ပါ စိတ်ဝင်စားပါ၏ စိတ်ဝင်စားလို့လည်း ရွှေဝါရောင်တော်လှန်ရေးကို စိတ်ကော
ကိုယ်ပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံနေခြင်းဖြစ်၏ ရွှေဝါရောင် သံဃာတော်များအတွက် အလှူငွေတွေကိုလည်း ကိုယ်တိုင် ဟောပြောကာ လုပ်ဆောင်နေပါ၏ ဘုန်းကြီးစိတ်ထဲတွင် စစ်အစိုးရကိုလည်း လုံးဝမကြိုက်ပါ တိုင်းသူပြည်သားတွေ ဆင်းရဲမွဲ တေပြီး အလုပ်အကိုင်တွေ အစဉ်မပြေသည့်အတွက် နှစ်သက်မှုမရှိပါ။
    နိုင်ငံခြားရောက် အတိုက်အခံ အချို့ကလည်း နိုင်ငံရေးထက် သူတို့အရေးကို ပိုပြီးလုပ်နေတာကို မျက်ဝါးထင်ထင် တွေ့ နေရလို့ သူတို့အဖွဲ့တွေကို နှစ်သက်မှုမရှိပါ ပြည်တွင်းမှာထောင်နခန်းလျှောက်ပြီး ဆန္ဒပြရဲတဲ့သူတွေ စစ်တပ်ကပစ်လျှင် အသေ ခံရဲတဲ့သူတွေ နိုင်ငံအတွက် အနစ်နာခံရဲတဲ့ ပုဂ္ဂိုလ်တွေကိုသာ သဘောကြ နှစ်သက်ပါ၏ မလေးရှားက ဆန္ဒပြဖို့ ပြင်းပြနေတဲ့ သူတွေကို မင်းတို့တကယ် သတ္တိရှိလျှင် တကယ်နိုင်ငံရေး စိတ်ဓါတ်ရှိလျှင် ပြည်တွင်းမှာ ပြန်ပြီး ဆန္ဒပြပါလားလို့ ပြောတဲ့အခါ သူတို့တတွေ နှုတ်ဆိတ်နေကြ၏။
    တကယ်တော့ သူတို့တတွေ နိုင်ငံရေးလုပ်စားသူအချို့သည် နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ့်အရေးကိုသာ အဓိကထားသော သူတွေက အများစု ဖြစ်၏ အဝေးရောက် မြန်မာလူမျိုးတွေ၏ အမြင်တွင် သူတို့တတွေ နိုင်ငံရေးကို အနစ်နာခံပြီး တကယ်လုပ် နေသူတွေဟု မြင်ယောင်လာအောင် လုပ်ပြနေခြင်းသာဖြစ်၏ နိုင်ငံရေး စိတ်ဝင်စားသူ အနည်းငယ်သာ ပါဝင်တာတွေ့ရ၏ ဘုန်းကြီးမှ တကယ် ဆန္ဒရှိလျှင် ပြည်တွင်းမှာ ဆန္ဒပြန်ပြပါလားလို့ ပြောခြင်းကို တယောက်မှ မလှုပ်ခြင်းဖြစ်၏။
     နိုင်ငံခြား ဆန္ဒပြနေသူ အများစု ၆၀-ရာခိုင်နှုံးခန့်သည် သူတို့ကို မဖမ်းဘူး သေနတ်နဲ့ မပစ်ဘူး ဆိုတာ သိနေလို့ ဆန္ဒပြနေ ခြင်းဖြစ်၏ ဆန္ဒပြလို့ အဖမ်းခံရလျှင်လည်း သူတို့အတွက် မဟာအခွင့်အရေးကြီးတခု ရရှိမှာဖြစ်၏ ထိုအခွင့်အရေးကတော့ ထောင်ထဲမှနေ၍ UN လျှေက်ရင် မြန်မြန်ရသောကြောင့်ဖြစ်ပါ၏ ထောင်မကျတဲ့သူတွေလည်း ထိုဆန္ဒပြ ဓါတ်ပုံနဲ့ UN လျှောက် နိုင်သော အခွင့်အရေး ရှိသောကြောင့် ဆန္ဒပြနေကြတာ များပါ၏။
   မြန်မာပြည်က ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သူတို့တတွေ ကောင်းကောင်း အသုံးချတတ်တာကိုလည်း
ချီးမွမ်းရပါ၏ သူတို့နိုင်ငံရေး လုပ်စားတတ်တာလည်း သူတို့အရည်အခြင်းနဲ့ သူတို့မို့ ချီးကျူးရပါ၏ ဘုန်းကြီးတို့ကတော့ သူတို့ ၏ အကျင့်စရိုက်တွေကို မကြိုက်ပါ သို့သော်လည်း ကိုယ့်နိုင်ငံသားတွေ တတိယနိုင်ငံတခုကို သွားရမှာမို့ မုဒိတာတော့ ပွားပေး ပါ၏ ဘုန်းကြီးကို မကြည်ညိုလို့လည်း ဘုန်းကြီးစိတ်ထဲ ဘာမှမဖြစ်ပါ လူတွေ၏ ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှုဆိုတာ လူတိုင်း လူတိုင်း၏ မွေးရာပါ အခွင့်အရေးတရပ်ဟု သဘောပေါက်ထားသောကြောင့် ဖြစ်ပါ၏။  
 


Type your summary here. Type the rest of your post here.

No comments: