ရွှေဆိုသည်မှာ ငရဲမီးတို့လည်း မစားဘူး ရွှေစစ်လျှင် ဘယ်လိုငရဲမီးဘဲတို့တို့
ဘယ်လိုမှပျက်စီးခြင်း ရွှေရောင်လွင့်သွားခြင်း မရှိပါဘူး ရွှေ၏မူလဇာတိရုပ်
မပြောက်သွားဘူးဟု ဆိုရမှာဖြစ်၏ ရွှေတုကတော့ ငရဲမီးနှင့်တို့လျှင် အစားခံရပြီး
အရောင်ပြောက် သွားမှာသေချာ၏ ရွှေအစစ်၏ ထူးခြားသည့် အစမ်းသပ်ခံနိုင်ခြင်းတမျိုးဖြစ်၏
ဒါကြောင့်မို့ ရွှေဆိုင်တွေ ငရဲမီးဆောင်ထားကာ ရွှေပေါင်လာတဲ့သူတွေ၏ ရွှေကို စစ် မစစ်
ငရဲမီးနဲ့တို့ကာ စမ်းသပ်ခြင်းဖြစ်၏ ရွှေစစ်လျှင်အပေါင်ခံ၍ ရွှေမစစ်လျှင်တော့ သက်
ဆိုင်ရာကို အပ်နှံလိုက်တာတွေ့မြင်ရမှာဖြစ်၏။
ရွှေလို့ ခေါ်ဆိုကြတဲ့
ရွှေမြန်မာတွေလဲ ရွှေ၏ ငရဲ မီးနဲ့ အစမ်သပ်ခံနိုင်သည့် ထူးခြားသည့်
သတ္တိမျိုးရှိရမှာဖြစ်၏ ငရဲမီးနဲ့တူတဲ့ ဘာသာခြားတွေက စီးပွားရေးငရဲမီးနဲ့လည်း စမ်းသပ်ပြီးတို့မှာဖြစ်၏
လူမှုရေးငရဲမီးနဲ့လည်းစမ်းသပ်ပြီးတို့မှာဖြစ်၏ လင်ယူမယား ယူ သားမွေးနည်းလည်း
စမ်းသပ်ပြီး တို့မှာဖြစ်၏ ဘာသာရေးငရဲမီးနဲ့လည်း စမ်းသပ်ပြီး တို့မှာဖြစ်၏။
စီပွားရေးငရဲမီးနဲ့ ဘယ်လိုစမ်းသပ်ပြီး တို့မလည်းဆိုလျှင် ဆင်းရဲနွမ်းပါသည့်
မြန်မာတိုင်းရင်းသားတွေ စီပွားရေးဖြင့် လွှမ်းမိုး ပြီးသူတို့ကို အားကိုးတကြီး
ဖြစ်အောင်လုပ်၍ ပေးကမ်းခြင်းရက်ရောသလေယောင် ဟန်ဆောင်ပြကာ ကူညီပန့်ပိုးမှုတွေ ပုံအော
ပေးပြီး သူတို့ဘာသာကို ယုံကြည်အောင်ပြောဆိုပြီး သိမ်းသွင်းသောနည်းလမ်းဖြစ်၏
ဇဝေဇ၀ါရွှေအတုတွေကတော့ အရချောင် တာကို ကြည့်ပြီး ယောယောင်ပြီး ပါသွားတတ်ပါ၏
ရွှေအစစ်တွေကတော့ အဲဒီလို စီးပွားရေးငရဲမီး ဘယ်လိုပင်တို့တို့ အစားမခံ
ရဘဲ ယုံကြည်မှုရှိရှိနဲ့ မိမိဘာသာကို
ကိုယ်းကွယ်တတ်ပါ၏ ရွှေ ဇာတိရုပ်မပြောက်သွားဘူးဟု ဆိုရမှာဖြစ်ပါ၏။
လူမှုရေးငရဲမီးနဲ့ ဘယ်လိုစမ်းသပ်ပြီး တို့မလဲဆိုလျှင်
ဆင်းရဲသည့်တိုင်းရင်းသာ မိသားစုတွေအပေါ် အခက်အခဲကြုံတာတွေ ကို အခွင့်ကောင်းယူပြီး
အကူအညီတွေ ရက်ရက်ရောရော ပေးတတ်ပါ၏ ဘယ်သူမှ မကူညီနိုင်တဲ့ အကူအညီမျိုးတွေလည်း ပေးတတ်ပါ၏
အကူအညီရသူတွေကလည်း ကျေးဇူးအတင်ကြီးတင်ကာ ဘာသာဝင်အဖြစ်ပါ ကူးပြောင်းသွားတာမျိုး
မြန်မာ ပြည်မှာရှိခဲ့ဘူး၏ မြန်မာပြည်၏ အထက်ပိုင်းမှာပါ မြို့ကြီးကိုဆေးလာကုရင်း
မိသားစုဝင်တယောက်ဆုံးသွားတာကို ဘာသာခြား တွေက အခမဲ့ လိုက်ပို့ပေးတော့ တမိသားစုလုံး
ဘာသာပြောင်းသွားသည်ဟု ကြားရဘူးပါ၏။
အဲဒီလို လူမှုရေးငရဲမီးနဲ့တို့လို့ အစားခံရပြီး အရောင်ပြောင်းသွားတဲ့
ရွှေတွေသည် ရွှေအစစ်မဟုတ်ပါ ရွှေအတုတွေသာဖြစ်ပါ ၏ မိမိတို့ ဘာသာ သာသနာကို
တကယ်သက်ဝင်ယုံကြည်တဲ့ ရွှေအစစ်တွေကတော့ ဘယ်လိုလူမှုရေး ကိစ္စနဲ့ အကူညီပေးပေး
ကျေးဇူးတင်စကားသာ ပြောဆိုမည်ဖြစ်၏ ဘာသာကို စွန့်ရလောက်အောင် ဘယ်ရွှေအစစ်မှ
လုပ်မည်မဟုတ်ပါ လူမှုရေးနဲ့ အကူ ညီပေးနေတဲ့ ဘာသာခြား အကူအညီ၏ နောက်ကွယ်မှာ
ဘာနှောင်ကြိုးတွေ ရှိသလဲဆိုတာ ရွှေတိုင်း သဘောပေါက်ရမှာ
ဖြစ်ပါ၏ လူမှုရေးငရဲမီးနဲ့တို့လို့ ရွှေ၏
ဇာတိရုပ် မပြောက်သွားဖို့ အရေးကြီးပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment