မိတ္ထိလာအရေးအခင်း
ရခိုင်အရေးခင်းကြောင့် မလေးရှားတွင် ရိုက်ခတ်မှုများ အနည်းငယ်
ငြိမ်စပြုလာပြီး (၁၀) လတွင်းသို့ ရောက်ရှိလာချိန်တွင်
မတ်လ-၂၀၁၃-ခုနှစ်တွင် မိတ္ထိလာ
အရေးအခင်းက စတင်ဖြစ်ပေါ်လာပြန်၏ ရွှေဆိုင်ပြဿနာလောက်ဆို သိပ်ကြီးကြယ်မည် မဟုတ်ပါ
ခရီးသွား ရဟန်းတပါးကို သတ်ဖြတ်မှုကြောင့် တုံ့ပြန်တိုက်ခိုက်မှုတွေ
ဖြစ်ပေါ်လာခြင်းဖြစ်ပါ၏ မိမိဘာသာကို အစော် ကားခံရသော ဆတ်ဆတ်ထိမခံသော ဗုဒ္ဒဘာသာဝင်တွေနှင့်
ဘာသာခြားတွေ မီးရှို့မှုတွေ ဖြစ်ပေါ်လာပါ၏ မီးကို ဘယ်သူတွေ စတင် ရှို့လည်းမသိပါ
ဒုက္ခရောက်သူတွေကတော့ များလှပါ၏။
ဒုက္ခသည်
စခမ်းမှာတော့ ဒုက္ခရောက်နေသူတွေသည် ဗုဒ္ဓဘာသာဝင်နှင့် မူစလင်ဘာသာဝင် နှစ်မျိုးလုံး တွေ့ရှိရခြင်းကြောင့်
ဒီမီးရှို့မှုဟာ ဘာသာဝင်နှစ်မျိုးလုံးနဲ့
ပတ်သက်နေမှာဖြစ်၏ သို့သော်လည်း ကမ္ဘာ့မီဒီယာတွေကတော့ ဗုဒ္ဓဘာသာဝင်တွေက သာ မီးရှို့သည်ဟု ရေးသားဖေါ်ပြကြ၏
မလေးရှား တီဗွီ တွေမှာလည်း ဗလီတွေနှင့်မူစလင်အိမ်တွေကို မြန်မာဗုဒ္ဓဘာသာတွေ က
မီးရှို့သည်ဟု သတင်းတွေလွှင့်ကြ၏ သတင်းစာတွေ မှာလည်း ရေးသားဖေါ်ပြကြ၏။
တည်ငြိမ်စပြုလာသောမလေးရှားလည်း ပြန်လည်လှုပ်ရှားစပြုလာပြန်၏
ဒီတခါဖြစ်တဲ့နေရာက မိတ္ထိလာဆိုတော့ ဗမာလူ မျိုးတွေကို အဓိကမဲပြီး
ချောင်းရိုက်တာမျိုးတွေ ကြားရပြန်၏ အဓိကအကြမ်းဖက်တိုက်ခိုက်နေသူတွေကတော့ မလေးရှား
ရောက် ဘင်္ဂလီ အုပ်စုတွေဖြစ်၏ မိတ္ထိလာအရေးခင်းက ရခိုင်အရေးခင်းလောက် မဆိုးဘူးဟု
ပြောဆိုရမှာဖြစ်သော်လည်း မိတ္ထိ လာ အရေးအခင်းမှစ၍ မြန်မာတွေ အရက်တုတွေသောက်လို့
ရာချီပြီးသေဆုံးမှုတွေ ဖြစ်ပေါ်လာတာကတော့ သံသယဖြစ်စရာ အလွန်ကောင်းလှ၏
မြန်မာတွေသောက်သုံးတဲ့ အရက်ဖေါ်စပ်တဲ့ စီးပွာရေး အတ္တသမားတွေသည် မြန်မာတွေ ပါဝင်သလို
ဘာ သာခြားတွေလည်း ပါဝင်သည်ဟု သိရပါ၏။
မလေးရှားတွင် သုံးလောင်းပြိုင်အသုဘ လေးလောင်းပြိုင်အသုဘ စသည်ဖြင့်
အရက်သောက်ပြီးသေသည့် သတင်းတွေ ကို နေရာတိုင်းမြို့တိုင်းမှာကြားနေရပါ၏
စိတ်မကောင်းရုံမှတပါးဘာမှမတတ်နိုင်ပါ သေအောင်သောက်သည့် မသာသတင်း တွေသာ
ဆက်တိုက်ကြားနေရ၏ အရက်ကြိုက်သည့် ရွှေမြန်မာတွေလည်း အရက်ကို တော်တော်လန့်သွားပုံရပါ၏
မြန်မာ ချက်အရက်ရောင်းသည့် ဆိုင်တွေကိုလည်း မလေးရဲမှ အော်ပရာစီဝင်မည်ဟု သတင်းတွေ
ထွက်လာတော့ မြန်မာဆိုင်တွေ အရက်တွေ ဖွက်ကြသိမ်းကြနဲ့
ဆိုင်မှာမတင်ရဲသလောက်ဖြစ်သွား၏ ဘုန်းဘုန်းတို့လည်း အသုဘလာပင့်တာကို အသုဘ
တရားမဟောရဘဲ အရက်တရားတွေဟောကြားနေရပါ၏ ဘုန်းကြီးကို လာပင့်သည့် သုံးလောင်းပြိုင်
အသုဘအကြောင်းကို အင်တာနက်စာမျက်နှာတွင် ရေးသားတင်ခဲ့ပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment