ဘုန်းကြီးလည်း ထိုနေ့တွင် တခြားကြွစရာတွေကို စောစောပိုင်းကြွပြီး သူတို့ပွဲကိုတော့
နောက်ဆုံးပွဲအဖြစ် သတ်မှတ် ထားကာ ကြွရောက်ခဲ့ပါ၏ သူတို့စက်ရုံသည် ချောင်ထဲမှာဆိုတော့
ကားမောင်းသမား အတော်ရှာရ၏ နောက်ဆုံးသူတို့ထံ
ဖုန်းဆက်ပြီး လာကြိုရန်ပြောရတော့၏ မလေးရှားတွင်
နေရာမသိပါက ရှာရအတော်ခက်ပါ၏ စက်ရုံရောက်တော့ သူတို့ ရွာ သားတွေ အတော်စုံနေပေပြီ နောက်ကြတာလည်း
တမျိုးတော့ကောင်း၏ ဘုန်းကြီးက လူကိုမစောင့်ရတော့ သဘာဝကြ
တာပေါ့ လူကို ဘုန်းကြီးက ပြန်စောင့်နေရလျှင်
သိပ်မကောင်းပါ။
လျှော်ချောင်ကြီးရွာသားတွေ ၁၀၀-ကျော်လောက်ရောက်နေတာတွေ့ရ၏
ထိုစက်ရုံတွင် ၅-ယောက်ခန့်သာရှိ၏ မလေး
ရှား နေရာပေါင်းစုံမှ ရောက်ရှိလာခြင်းဖြစ်၏
မလေးရှားတွင် တရုပ်နှစ်သစ်ကူးသာလျှင် ရက်ရှည်ပိတ်တတ်သောကြောင့် မြန် မာတွေ စုံစည်းရန်
ထိုနှစ်သစ်ကူးရက်သာလျှင် အကောင်းဆုံးအချိန်ဖြစ်၏ လျှော်ချောင်ကြီး ရွာသားတွေလည်း ထိုရက်ကို
သတ်မှတ်လိုက်ခြင်းသည် အချိန်အခါကို ရွေးတတ်ခြင်းဖြစ်၏။
လျှော်ချောင်းကြီးရွာသားတွေ ညီညီညာညာ
သြကာသ ကတော့ချိုးဖြင့် ကတော့ကြ၏ ဘုန်းကြီးမှ ဆုပေးနှင့် ငါးပါးသီလ ဆောက်တည်စေပြီး ပရိတ်တရားတော်ချီးမြင့်ပေးခဲ့၏
တရားပွဲတော့ စပါပြီ ဘုန်းကြီးလည်း လျှော်ချောင်းကြီးရွာသားတွေကို မေခွန်းတွေ မေးပြီး
တရားဟောခြင်းဖြစ်၏ မင်းတို့လျှော်ချောင်ကြီးရွာသားတွေ ဘုန်းကြီးကျောင်းသားတွေ အများစုဖြစ်မှာပါ
မြတ်စွာဘုရားဟောခဲ့သည့် မင်္ဂလသုတ်ကိုရကြလား------- ရပါတယ်ဘုရား။
မင်္ဂလသုတ်ထဲက ပတိရူပဒေသ၀ါသ ဆိုတဲ့ပုဒ်ကို ဘယ်လိုနားလည်သလဲ သင့်တင့်လျှောက်ပတ်တဲ့
အရပ်မှာနေရမယ် လို့ နားလည်ထားပါတယ်ဘုရား ဟုတ်ပြီ ဒီလောက်နားလည်လျှင် မင်းတို့နဲ့ ဘဘုန်း
တရားဟောလို့ဖြစ်ပြီ ပတိရူပဒေသ၀ါသ -သည် သင့်တင့်လျှောက်ပတ်သောအ၇ပ်မှာ နေရမည်ဟုဆိုထားပါ၏။
ဘယ်လိုသင့်တင့်လျှောက်ပတ်တဲ့ အရပ်လည်းလို့ဆိုလျှင် ပညာရေးအားဖြင့် အဆင့်မြင့်မြင့်
သင်ကြားပေးနိုင်သည့် ဆရာ ကောင်းတွေရှိသည့်နေရာ တက္ကသိုလ် ကောလိပ် ကောင်းကောင်းတွေ ရှိသည့်နေရာမျိုးကို
ဆိုလိုခြင်းဖြစ်၏ ကျန်းမာရေး အားဖြင့် ထက်မျက်တဲ့သမားတော်တွေရှိသည့် ဆေးရုံ အဆင့်မြင့်မြင့်ရှိသည့်နေရာတွေကို
ဆိုလိုခြင်းဖြစ်၏ စီးပွားရေးအား ဖြင့် ကြီးပွားအောင်မြင်အောင် ဆောင်ရွက်ရွက်နိုင်သည့်
အချက်အချာ ကြသော မြို့ကြီးများကို ဆိုလိုခြင်းဖြစ်၏။
ထိုကဲ့သို့ နေရာမျိုးတွေကို မတိရူပဒေသ၀ါသ အရပ်လို့ဆိုထားပါ၏ အဲဒီတော့ မင်းတို့
လျှော်ချောင်ကြီးရွာ မတိရူပဒေသ ၀ါသ အရပ်ထဲမှာပါရဲ့လား မပါပါဘုရား ပညာရေးဆိုလဲ လေးတန်းအထိဘဲရှိတော့
ပညာရေးအားဖြင့်လည်း ပတိရူပဒေသ၀ါ သ အရပ်လို့ ပြောလို့မရနိုင် ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း
ကျန်မာရေးဆေးပေးခန်းတောင်မရှိဘူးဆိုတော့ ပတိရူပဒေ သ၀ါသ အရပ်လို့ ဆိုလို့မဖြစ်နိုင်
စီးပွားရေးနဲ့ပတ်သက်ပြီး လယ်ယာနှင့် သစ်တောလုပ်ငန်းသာ လုပ်ကိုင်စားသောက်ရတဲ့ အဆင့်ဆိုတော့
ကြီးပွားဖို့လည်း မဖြစ်နိုင်တဲ့ အရပ်ဆိုတော့ ပတိရူပဒေသ၀ါသ မကြဘူးလို့ ဆိုရမှာဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment