အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, October 15, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၃၈)



    အိမ်မက် ပေးရင်လည်းပေးတတ်၏ ရိုးတိုးရိပ်တိပ် ပြရင်လည်းပြတတ်၏ အနံ့အသက်ပေးရင်လည်းပေးတတ်၏ ဂျိုးဂျိုး ဂျောက်ဂျောက် လုပ်ပြရင်လည်း လုပ်ပြတတ်ပါ၏ လူပြည်မှကျန်ရစ်သူတွေကတော့ သရဲခြောက်သည်ဟု ဆိုကြပါ၏ တ ကယ်တော့ သရဲခြောက်ခြင်းမဟုတ်ပါ တစ္ဆသရဲဘ၀မှာ မခံစားနိုင်လွန်းလို့ အသိပေးခြင်းဖြစ်ပါ၏ ထိုကဲ့သို့ အသိပေးလာ လျှင် လူ့ပြည်မှဆွေမျိုးမိတ်ဆွေတွေမှလည်း ဒီပုဂ္ဂိုလ် မကျွတ်သေးဘူးဘဲ သူ့အတွက် ကုသိုလ်လုပ်အမျှဝေအုံးမှဘဲဟု သတိ ရကာ ကုသိုလ်ပြုလုပ်၍ အမျှဝေပေးကြ၏ သာဓုခေါ်နိုင်လျှင် ထိုပုဂ္ဂိုလ် ထိုဘ၀မှကျွတ်လွတ်ကာ ကောင်းသောဘ၀ကို ရရှိ ခံစားနိုင်ပါ၏။
      ယ္ခု ကွယ်လွန်သူ မောင်အောင်သက်ထွန်းနောက်ကို ကုသိုလ်ကံတွေဘယ်လောက်ပါသွားသလည်း အကုသိုလ်ကံတွေ ဘယ်လောက်ပါသွားသလည်းဆိုတာ ဘယ်သူမှသေသေချာချာမသိပါ ကုသိုလ်ကံတွေပါသွားရင်တော့ သုဂတိဘ၀ဆိုသည့် ကောင်းသည့်ဘ၀ရောက်မှာဆိုတော့ အမျှဝေစရာမလိုပါ အကုသိုလ်ကံပါသွာရင်တော့ မလွဲမသွေ အမျှဝေရမှာဖြစ်၏ ယ္ခု ကွယ်လွန်တာလည်း ဥပစ္ဆေဒကကံနဲ့ ကွယ်လွန်တာဆိုတော့ သူ့အတွက်ဂတိမကောင်းနိုင်ဘူး ယ္ခုလို ကုသိုလ်အမျှဝေတာ မိတ်ဆွေကောင်းပီသရာရောက်ပါတယ်။
       လူ့ဘ၀ကိုရရှိလာတဲ့ လူသားတွေ လူဖြစ်မရှုံးရအောင် စိတ်ထားဖြူစင်ပြီး ဗြဟ္မစိုရ်တရား လက်ကိုင်ထားကာ သူတော် ကောင်းစိတ်မွေးမြူ၍ နေထိုင်ကြပါ သေသူကတော့ ကျန်သူတွေကို သင်္ခန်းစာပေးသွားပါပြီ ဒေါသအလျှောက် လက်လွန်ပြီး မချုပ်တည်းနိုင်ဘူးဆိုလျှင် ဒုစရိုက်သမားတို့ သွားရာလမ်းအတိုင်း ယ္ခုဘ၀မှာလည်း ဒုက္ခမျိုးစုံ ကြုံတွေ့ရမှာဖြစ်သလို နောင် သံသရာမှာလည်း ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရမှာဖြစ်၏ မိဝေဖဝေးနဲ့ သင်္ဘောပေါ်တွင် အလုပ်တွေလုပ်ကြရတာ ညီညီညွတ်ညွတ် လုပ်ကိုင်ကြပါ ရန်ဖြစ်လို့ ယ္ခုလို အသက်ဆုံးရှုံးသွားခဲ့လျှင် မိမိကို အားကိုးနေသောမိမိတို့ မိသားစု ဒုက္ခပင်လယ်ဝေရလိမ့် မယ် ကြိုတင်သဘောပေါက်ပြီး ဆင်ခြင်နိုင်ကြပါစေ။
       ဘုန်းကြီးတို့ကြွသောနေ့မှာပင် မလေးရှားရဲသည် သေသူ၏အလောင်းကို လာထုတ်ယူသွားသလို ပြစ်မှုကျူးလွန်သူ လူ သတ်သမား မြန်မာကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား၏  လောကဥပဒေအရ လူသတ်တရားခံသည် ထောင်ထဲတွင် ၁၀-နှစ်ဝန်းကျင် ဒုက္ခမျိုးစုံနှင့် ခံစားရမည်ဖြစ်သောကြောင့် ထောင်နန်းသခင် အမည်ပေးလိုက်သလို သေဆုံးသူလည်း တောကြီး မြိုင်ယံ မြေသုဿာန်တွင် ထာဝရစံရမည်ဖြစ်သောကြောင့် တောကြီးစံသူဟု အမည်ပေးလိုက်ပါ၏ လူ့ဘ၀ကိုရရှိပြီး လူဖြစ် ရှုံးသူ နှစ်ယောက်အကြောင်းကို တင်ပြလိုက်ရပါ၏။
 

Type your summary here. Type the rest of your post here.

No comments: