အရက်သမားပင့်သော မူဆလင်-ဆွမ်းတနပ်
မလေးရှား ပူချုန်း ဓမ္မရောင်ခြည်ကျောင်း
ဘဲတီးသံလေးဆက်တိုက်ကြားလာပြန်၏ တံခါးဖွင့်ကြည့်လိုက်တော့ လာနေ ကြ
မောင်မူးတယောက်ဖြစ်နေ၏ သူသည်အရက်သောက်သော်လည်း ဘုန်းကြီးကို မကျည်းသီးစိမ်းငပိချက်
အမြဲချက်ပို့နေ သောဒကာဖြစ်၏ သူ့အရက်နံ့ ဘုန်းကြီးထံရောက်လာမှာစိုးလို့ ကွမ်းတွေ
အမြဲဝါးနေတာတွေ့ရ၏ ကွမ်းနံ့နှင့်အရက်နံ့
ပေါင်း ပြီးထွက်လာသောအနံ့သည် အခံရခက်လှသော အနံ့ဆိုးတမျိုးဖြစ်နေပြန်၏။
ကဲ--ဒကာတော် ဘာကိစ္စနဲ့လာသလည်းလို့
မေးလိုက်တော့ မြန်မာမူဆလင်တယောက်က ဆွမ်းစားပင့်ခိုင်းလို့ပါဘုရား ဟုလျှောက်၏
ဒကာတော် ဟုတ်မှလည်းလုပ်ပါဒကာရယ် မူဆလင်က ဘုန်းကြီးဆွမ်းကပ်တာ တခါမှ မကြားဘူးပါဘူး
ဒကာ နားကြားလွဲလာသလား ဒါမှမဟုတ် မူးပြီးတော့ ကြားချင်တာတွေ ကြားလာသလားဟု
ပြန်မေးနေရ၏ တကယ်ပင့်ခိုင်း တာပါ ဘုန်းဘုန်း ဆွမ်းလည်းကပ်မယ် သူတို့
တမိသားစုလုံးလည်း ဗုဒ္ဓဘာသာဝင်မယ်ဟု လျှောက်ခိုင်းတယ်ဘုရား။
ဘုန်းကြီးလည်း နာရှိလို့သာကြားရသည်
မောင်မူးစကားကို သိပ်မယုံချင် ဒါပေမဲ့ သူတကယ်ပြောနေတော့ ဆွမ်းစား လက်ခံလိုက်ရ၏
သူတို့ပင့်သောရက်သည် တနင်္ဂနွေနေ့ဖြစ်သောကြာင့် ကြိုတင်ပင့်ထားသူ အာရုံဆွမ်း
နေ့ဆွမ်းတွေရှိနေ၏ မွန်းလတ်ဆွမ်းဖြစ်တဲ့ ၈-နာရီအချိန်ပေးလိုက်၏
မင်းတို့လာပင့်ဟုလည်းမှာလိုက်၏ မသေချာမှာဆိုးလို့ ကိုယ်တိုင်လာပင့် ခိုင်းလိုက်ခြင်းဖြစ်၏
ဘုန်းကြီးလည်း ဆွမ်းစားသာ လက်ခံလိုက်ရသည် စိတ်ထဲမှာတော့ ဇဝေဇ၀ါသာဖြစ်နေ၏။
မူဆလင်ဒကာဆွမ်းကပ်မည့် သတင်းကို ရှာအလမ်း
ကပ်ပုံချာဝနေ ဘုန်းကြီးနှင့် ရင်းနှီးသော ဒကာဒကာမတွေ အာလုံး သိသွားကြပြီး
ဘုန်းကြီးထံ ဖုံးဆက်လာကြ၏ ဆရာတော် မူဆလင်ဒကာဆွမ်းကပ်မယ်ဆိုတာ ဟုတ်လား ဟုတ်တယ် လာ
ပင့်သွားတယ်ဟု ပြောလိုက်တော့ ဆရာတော် ပင့်တာက အရက်သမားမောင်မူး ဆွမ်းကပ်မှာက
မူဆလင်ဒကာ ဟုတ်ပါ့ မ
လားဆရာတော်
အေးကွ ငါလည်း မယုံသင်္ကာနဲ့ဘဲ လက်ခံလိုက်ရတာဘဲ ဆွမ်းကပ်ပွဲ မဖြစ်လျှင် ဆရာတော်
ဆွမ်းလွတ်နေ အုံးမယ် မွန်းလတ်ဆွမ်းပေးထားတာ ကိစ္စမရှိပါဘူးကွာ သူတို့ပွဲပျက်လည်း
ငါနောက်တပွဲ ကြွစရာရှိပါသေးတယ်ဟု ပြန်ပြော လိုက်ရ၏ ဒကာတွေကလည်း စိတ်ပူနေကြ၏။
ဆွမ်းကပ်မည့်နေ့တော့ရောက်လာပါပြီ
အတူလိုက်မည့် သံဃာတွေကိုလည်း မွန်းလတ်ဆွမ်းပွဲကတော့ သိပ်မသေချာ ကြောင်း
လာပင့်လျှင် အဆင်သင့်ဖြစ်ရန်ပြောထား၏
နံက်၈-နာရီတွင် လာပင့်တာနှင့် ဘုန်းကြီးတို့ သုံးပါးကြွလာခဲ့၏ မူဆ လင်ဒကာ၏
အိမ်နီးနားခြင်း မြန်မာဒကာတွေလည်း စိတ်ဝင်စားတာနှင့်ရောက်နေကြ၏ တကယ်ဗုဒ္ဓဘာသာထဲ
ဝင်မှာလား ဒါမှမဟုတ် ဗုဒ္ဓဘာသာရဟန်းတော်တွေ ဒုက္ခပေးမှာလားဆိုသည့် သံသယစိတ်တွေနဲ့
ဘုန်းကြီးတို့ကို အန္တရာယ်မဖြစ်အောင် ၀ိုင်းရံ ကာကွယ်ပေးထားခြင်းလည်းဖြစ်၏
ဘုန်းကြီးလည်း ဆွမ်းဒကာတွေကို မေတ္တာပို့ပြီး အိမ်ထဲသို့ ကြွလာခဲ့၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment